ဘလော့မှာ Chat Roll အလန်းစားလေး နဲ့ ချက်ဘောက် ထည့်မယ်
အားလုံး မင်္ဂလာပါနော် ကျွန်တော် သည်နေ့ ဘလော့ပညာဆိုင်ရာ မှာ ချက်ဘောက်လေး တမျိုးနဲ့
မိတ်ဆက်ပေးလိုက်ပါမယ်...ဘလော့ကာတွေအတွက် လန်းလန်းလေးပေါ့ဗျာ
သည်ကောင်လေးရဲ့ ၀န်ဆောင်မှုပေါနော့် သူက Facebook Account နဲ့ ချိတ်ပြီး ဖွင့်လို့ရသလို Email နဲ့လည်း
ဖွင့်နိုင်တာမို့ မိတ်ဆွေတို့အကြိုက်
တွေ့စေနိုင်ပါတယ်...နှစ်သက်သဘောကျပါက ယူလိုက်ပေါ့နော်..အောက်မှာ အသေးစိတ်
ပုံလေေးတွနဲ့ တစ်ကွ ရှင်းပြထားပါတယ်....
ပထမအနေနဲ့ FACEBOOK အကောင့်နဲ့ လုပ်နည်းကို ပြပါမယ်။
ပုံမှာတွေ့ရတဲ့တိုင်း Sing Up Free ဆိုတာကလစ်ပြီး စကြမယ်နော်.. ကလစ်လိုက်တာနဲ့အောက်မှာ ပြထားတဲ့ပုံတိုင်းတွေ့ရမှာပါ....
မိမိတို့က FACEBOOK နဲ့လ်ုပမယ်ဆိုတော့ ညာဘက်က SingUp using Facebook ဆိုတာကလစ်ပါ။
မိမိတို့ ဘောက်ဆာမှာ facebook ၀င်ပြီးဖြစ်နေရင် သည်လို တန်းကျလာပါမယ် မ၀င်ရသေးပါက
facebook sing in ၀င်ပေးလိုက်ပေါနော့်...ဆက်ပြီးတော့ပုံမှာပြထားသလို ကလစ်ပေးလိုက်ပါ။
သည်အဆင့်မှာတော့ Blogger ဆိုတာကိုဘဲ ရွေးပေးလိုက်ပါနော်..
ခုလိုလေးကျလာပါပြီ... နံပါတ် ( 3 ) က ရှိနေတဲ့ ကုဒ်တွေကို ကော်ပီ ယူလိုက်ပါနော်...
ဒါဆို Facebook Account နဲ့လုပ်တဲ့ ချက်ဘောက်လေးရပါပြီ... ဘလော့မှာ ထည့်လိုက်ပါ။
နောက်ထပ် Email Account နဲ့ လုပ်နည်းပါ
ပထမဆုံး သည်နေရာ ( http://chatroll.com/ ) လေးကို ၀င်လိုက်ပါနော်။
ပုံမှာတွေ့ရတဲ့တိုင်း Sing Up Free ဆိုတာကလစ်ပြီး စကြမယ်နော်.. ကလစ်လိုက်တာနဲ့
လိုအပ်တဲ့ အမည်တွေ မေးတွေ ဖြည့်ပေးရမှာဖြစ်ပါတယ်...။
လိုအပ်တာတွေ ဖြည့်ပေးလိုက်ပါ Username မှာ မြန်မာလို မရပါ..အိုကေ ပုံထဲကလိုဘဲ
လိုအပ်တာဖြည့်ပြီးတာနဲ့ အောက်ဆုံးက Accept ဆိုတာလေးကိုကလစ်လိုက်ပါ။
အိုကေ ဆက်ကလစ်ပေးလိုက်ပါနော်... ပုံထဲကတိုင်းပေါ့
ဒါတွေကတော့ အပေါ်က Facebook Account နဲ့လုပ်ခဲ့စဉ်ကလိုပါဘဲ တူတူဘဲပေါ့
အမည်ပေးမယ်.. Continue ကလစ်မယ်
သည်မှာတော့ Blogger ဆိုတာကိုဘဲ ရွေးပေးလိုက်ပါနော်..
ခုလိုလေးကျလာပါပြီ... နံပါတ် ( 3 ) က ရှိနေတဲ့ ကုဒ်တွေကို ကော်ပီ ယူလိုက်ပါနော်...
ဒါဆို Email Account နဲ့လုပ်တဲ့ ချက်ဘောက်လေးရပါပြီ... ဘလော့မှာ ထည့်လိုက်ပါ။
အိုကေနော် ကုဒ်တွေရပြီဆိုတော့ ဘလော့မှာ ထည့်နည်းကို အောက်မှာ ကြည့်ပါ..။
►1. Login လုပ်လိုက်ပါ ဘလော့ကာကို
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5. မိမိတို့လုပ်ပြီးရထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
►2. Layout ကိုကလစ်ရပါ့မယ် မိမိတို့ Dashboard ကနေပေါ့
►3. Add a Gadget ကိုကလစ်ပေးလိုက်ပါ
►4. HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
►5. မိမိတို့လုပ်ပြီးရထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
အားလုံးအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်ဗျာ...
ဘလော့ခရီးသည် ( မျှဝေသူ )
တစ်စုံတရာအခက်အခဲ ရှိပါကွန်မန်းမှာ အော်သွားပေးပါခင်ဗျာ။
တစ်စုံတရာအခက်အခဲ ရှိပါကွန်မန်းမှာ အော်သွားပေးပါခင်ဗျာ။
ဝင်ရောက်လာလည်ပေတဲ့အတွက်လဲ
အားလုံးကိုကျေးဇူးတင်ပါတယ်။
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက
နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ
အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ
စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။