{ads}

သင့္ရဲ႕စမတ္ဖုန္းနဲ႕ ကြန္ပ်ဴတာကို ခ်ိတ္ဆက္အသံုးျပဳႏုိင္ေစမယ့္ Virtoo ap

Share



Zawgyi Version

ကၽြန္ေတာ္တို႕ရဲ႕ ေန႕စဥ္ဘ၀မွာ device အမ်ိဳးမ်ိဳးကို ခ်ိတ္ဆက္ျပီး အသံုးျပဳေနရတာျဖစ္တဲ့အတြက္ developer ေတြကလည္း အဲဒီဘက္ကို အာရံုစိုက္လာၾကပါျပီ။ Apple ရဲ႕ ခ်ိတ္ဆက္မႈစနစ္ကို ခံစားျပီးျပီလား။ Macbook အသံုးျပဳေနခ်ိန္မွာ မက္ေဆ့ခ်္ပို႕ဖို႕အတြက္ သင့္ရဲ႕ iPhone ကို လွမ္းယူစရာမလိုေတာ့ပါဘူး။ ခံစားမႈကေတာ့ အမိုက္စားပါပဲ။ Microsoft ကလည္း အခုဆိုရင္ Windows 10 နဲ႕ Android device ေတြၾကားက ဆက္သြယ္မႈကို ပိုေကာင္းလာေအာင္ လုပ္ေဆာင္္ေနပါတယ္။ Virtoo ရဲ႕ ရည္ရြယ္ခ်က္ကလည္း ထိုနည္းတူပါပဲ။ စစခ်င္းၾကည့္လိုက္မယ္ဆိုရင္ကေတာ့ သာမန္ ေစာင့္ၾကည့္တဲ့ software တစ္ခုလို႕ ထင္ႏုိင္ပါတယ္။ ဒါေပမယ့္ အဲဒီထက္ လုပ္ေဆာင္ခ်က္ေတြက ပိုပါတယ္။

ပထမဆံုးတစ္ခ်က္အေနနဲ႕ screen ကို ေစာင့္ၾကည့္ျခင္းက အဲဒီ app ရဲ႕ အဓိကအခ်က္ေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း မ်ားေသာအားျဖင့္ အဲဒီလို အခ်ိန္ကုန္ဆံုးရပါလိမ့္မယ္။ Bluetooth နဲ႕ WiFi ကို အသံုးျပဳျပီးေတာ့ Virtoo မွာ မက္ေဆ့ခ်္ဖတ္ျခင္း၊ ကြန္ပ်ဴတာေပၚမွာ မိုဘိုင္းလ္app မွာ အသံုးျပဳျခင္း၊ ဖုန္းေခၚဆိုျခင္းမ်ားလည္း ျပဳလုပ္ႏုိင္ပါတယ္။ ဒီေတာ့ သင့္ဖုန္းက တစ္ေနရာမွာ သင္နဲ႕ကြန္ပ်ဴတာက တစ္ေနရာမွာဆိုရင္လည္း အလုပ္ျဖစ္ေနမွာပါ။ ဒါ့အျပင္ သင့္ဖုန္းမွာ တက္လာတဲ့ notification ေတြမွန္သမွ်ကိုလည္း ကြန္ပ်ဴတာေပၚကေန ေစာင့္ၾကည့္ႏုိင္မွာ ျဖစ္ပါတယ္။ notification ေလးေတြကို ထိလိုက္ရင္ေတာ့ သက္ဆိုင္တဲ့ app ကုိ ကြန္ပ်ဴတာေပၚမွာ ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။

ရွင္းရွင္းေျပာရရင္ စာပို႕တာျဖစ္ျဖစ္၊ contact ၾကည့္တာျဖစ္ျဖစ္ အရာအားလံုးကို သင့္ရဲ႕ ကြန္ပ်ဴတာေပၚကေန လုပ္ေဆာင္ႏုိင္မွာ ျဖစ္ပါတယ္။ ေမွာ္ဆန္ဆန္ လုပ္ေဆာင္ေပးတယ္လို႕ ဆိုပါရေစ။ နည္းပညာနဲ႕ သိပ္မရင္းႏွီးတဲ့သူေတြေတာင္ အေတာ္ေလးအသံုးျပဳႏုိင္ေစပါတယ္။ ေနာက္တစ္ခုက Virtoo ဟာ သင့္ရဲ႕ စမတ္ဖုန္းကို screen ေပၚမွာ window တစ္ခုအျဖစ္နဲ႕ ဖန္တီးေပးပါတယ္။ Virtoo ဟာ လက္ရွိမွာေတာ့ beta အဆင့္မွာရွိေနေသးတာျဖစ္ျပီးေတာ့ ပထမဆံုးအၾကိမ္ ခ်ိတ္ဆက္တဲ့အခါမွာ အဆင္မေျပမႈေလးေတြေတာ့ ရွိေနဆဲပါပဲ။

ဒီအရာကို ကၽြန္ေတာ္ဘာလို႕ၾကိဳက္ရသလဲဆိုေတာ့က အျခားေသာ screen ေစာင့္ၾကည့္ေရး app ေတြနဲ႕ မတူလို႕ ျဖစ္ပါတယ္။ သင့္ဖုန္းကို တစ္ၾကိမ္ေလာက္ pair လုပ္ျပီးတာနဲ႕ ေနာက္တစ္ၾကိမ္ သံုးစရာမလိုေတာ့ပါဘူး။ ဒါက တျခား app ေတြ မလုပ္ႏုိင္တဲ့အရာတစ္ခုပါ။ Virtoo ကို အသံုးျပဳမယ္ဆိုရင္ေတာ့ တစ္ခ်ိန္လံုး Bluetooth ဖြင့္ထားဖို႕လိုပါတယ္။ ဒါကလည္း သင့္ေတာ္တဲ့ လိုအပ္ခ်က္တစ္ခု ျဖစ္ပါတယ္။ သင့္အိမ္မွာဆိုရင္ အားသြင္းလို႕ရေနတာ မဟုတ္လား။ Virtoo ဟာ သင့္ဖုန္းကို detect လုပ္ႏုိင္တာနဲ႕တစ္ျပိဳင္နက္တည္း အလိုအေလ်ာက္ ခ်ိတ္ဆက္ေပးသြားမွာပါ။

Virtoo ဟာ လက္ရွိမွာေတာ့ Android စမတ္ဖုန္းေတြနဲ႕ Windows PC ေတြမွာသာ လုပ္ေဆာင္ႏုိင္ေသးပါတယ္။ အျခားေသာ Mac နဲ႕ Linux ေတြေပၚမွာ လုပ္ေဆာင္ႏုိင္မယ္လို႕ေတာ့ မၾကားေသးပါဘူး။

Virtoo ကို Android ေပၚမွာ install လုပ္ပါ။

Windows PC ေပၚမွာ install လုပ္ပါ။

official Virtoo web page ကိုသြားေရာက္ျပီးေတာ့ အျပာေရာင္ခပ္ၾကီးၾကီး Download  ခလုတ္ေလးကို ႏွိပ္္လိုက္ပါ။ Bluetooth ကို ကြန္ပ်ဴတာမွာ ဖြင့္ထားရပါမယ္။ ေဒါင္းလုတ္ဆြဲထားတဲ့ .exe file ေလးကို ႏွစ္ခ်က္ႏွိပ္လိုက္ျပီးေတာ့ setup wizard အတုိင္း လုပ္ေဆာင္သြားလိုက္ပါ။ Virtoo အလုပ္လုပ္ႏုိင္ဖို႕အတြက္ Bluetooth pair ျဖစ္ဖို႕ လိုအပ္ပါတယ္။ ဒါမွသာ သင့္ရဲ႕ဖုန္းကို သိရွိႏုိင္မွာ ျဖစ္ပါတယ္။ ျပီးရင္ေတာ့ ဖုန္းထဲမွာ install လုပ္ထားတဲ့ app ေတြ၊ ဖုန္းနံပါတ္နဲ႕ နာမည္ေတြ၊ ဖုန္းေခၚဆိုမႈေတြ၊ မက္ေဆ့ခ်္ဖတ္ျခင္း၊ စာျပန္ျခင္းေတြလည္း ျပဳလုပ္ႏုိင္မွာပါ။ notification ေတြကိုလည္း ၾကည့္ႏုိင္ပါေသးတယ္။ ဖုန္းေပၚက app ေတြကို launch လုပ္တဲ့ခါမွသာ Screen mirroring လိုအပ္ပါတယ္။

တစ္ခါသာ setup လုပ္ရျခင္း





Virtoo ကို ကြန္ပ်ဴတာနဲ႕ Android ေပၚမွာ install လုပ္ျပီးတာနဲ႕ launch လုပ္လိုက္ပါ။ ျပီးရင္ ဖုန္းေပၚမွာ PAIR WITH A PC ခလုတ္ေလးကို ႏွိပ္လိုက္ပါ။



သင့္ကို ကုဒ္ေလး ျပပါလိမ့္မယ္။ ကြန္ပ်ဴတာေပၚက Virtoo window ေလးမွာလည္း အဲဒီလို ခလုတ္ေလး ျမင္ရပါလိမ့္မယ္။ ဖုန္းမွာျမင္ရတဲ့ကုဒ္ေလးကို ကြန္ပ်ဴတာမွာ ရိုက္လိုက္ပါ။ ျပီးရင္ေတာ့ Next ကို ႏွိပ္လိုက္တာနဲ႕ လုပ္ေဆာင္ခ်က္ ျပီးေျမာက္သြားပါျပီ။ တစ္ၾကိမ္ခ်ိတ္ဆက္ျပီးတာနဲ႕ ေနာက္ထပ္အၾကိ္မ္ေတြမွာ ထပ္လုပ္စရာမလိုေတာ့ပါဘူး။



ကြန္ပ်ဴတာေပၚမွာ PIN နံပါတ္ကို အတည္ျပဳလိုက္ျပီး လိုအပ္တဲ့ ခြင့္ျပဳခ်က္မွန္သမွ်ကို ဖုန္းမွာ ခြင့္ျပဳေပးလိုက္ပါ။ ဒီအရာေတြအားလံုးက တစ္ၾကိမ္သာ လုပ္ေဆာင္ရမွာ ျဖစ္ပါတယ္။





သင့္စမတ္ဖုန္းအတြက္ window တစ္ခု ကြန္ပ်ဴတာေပၚမွာ ေပၚလာပါျပီ။

Virtoo ကို အသံုးျပဳပံုကလည္း ခက္ခဲတဲ့အရာတစ္ခုေတာ့ မဟုတ္ပါဘူး။ Virtoo window ရဲ႕ ဘယ္ဘက္မွာရွိတဲ့ icon ေတြကလည္း ရင္းႏွီးေနျပီးသားပါ။ Notifications ၊ Dialer ၊ Contacts ၊ Messages ၊ Apps နဲ႕ Screen mirroring တို႕ ျဖစ္ပါတယ္။ ညာဘက္မွာကေတာ့ Feedback၊ Do Not Disturb၊ Connect/Disconnect နဲ႕ Settings တို႕ ျဖစ္ပါတယ္။ Do Not Disturb ခလုတ္ေလးကေတာ့ ကြန္ပ်ဴတာေပၚမွာ notification ေတြ မျပေအာင္ လုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒါကိုေတာ့ သေဘာမက်ပါဘူး။ သင္ကေတာ့ စမ္းၾကည့္ႏုိင္ပါတယ္။



အခုဆိုရင္ေတာ့  သင့္ဖုန္းနဲ႕ ကြန္ပ်ဴတာကို ခ်ိတ္ဆက္ျပီးျပီမို႕ အေပၚမွာေျပာထားတဲ့အတုိင္းပဲ စမ္းသပ္ၾကည့္လိုက္ပါ။

Unicode Version

ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ device အမျိုးမျိုးကို ချိတ်ဆက်ပြီး အသုံးပြုနေရတာဖြစ်တဲ့အတွက် developer တွေကလည်း အဲဒီဘက်ကို အာရုံစိုက်လာကြပါပြီ။ Apple ရဲ့ ချိတ်ဆက်မှုစနစ်ကို ခံစားပြီးပြီလား။ Macbook အသုံးပြုနေချိန်မှာ မက်ဆေ့ချ်ပို့ဖို့အတွက် သင့်ရဲ့ iPhone ကို လှမ်းယူစရာမလိုတော့ပါဘူး။ ခံစားမှုကတော့ အမိုက်စားပါပဲ။ Microsoft ကလည်း အခုဆိုရင် Windows 10 နဲ့ Android device တွေကြားက ဆက်သွယ်မှုကို ပိုကောင်းလာအောင် လုပ်ဆောင်နေပါတယ်။ Virtoo ရဲ့ ရည်ရွယ်ချက်ကလည်း ထိုနည်းတူပါပဲ။ စစချင်းကြည့်လိုက်မယ်ဆိုရင်ကတော့ သာမန် စောင့်ကြည့်တဲ့ software တစ်ခုလို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီထက် လုပ်ဆောင်ချက်တွေက ပိုပါတယ်။
ပထမဆုံးတစ်ချက်အနေနဲ့ screen ကို စောင့်ကြည့်ခြင်းက အဲဒီ app ရဲ့ အဓိကအချက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း များသောအားဖြင့် အဲဒီလို အချိန်ကုန်ဆုံးရပါလိမ့်မယ်။ Bluetooth နဲ့ WiFi ကို အသုံးပြုပြီးတော့ Virtoo မှာ မက်ဆေ့ချ်ဖတ်ခြင်း၊ ကွန်ပျူတာပေါ်မှာ မိုဘိုင်းလ်app မှာ အသုံးပြုခြင်း၊ ဖုန်းခေါ်ဆိုခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။ ဒီတော့ သင့်ဖုန်းက တစ်နေရာမှာ သင်နဲ့ကွန်ပျူတာက တစ်နေရာမှာဆိုရင်လည်း အလုပ်ဖြစ်နေမှာပါ။ ဒါ့အပြင် သင့်ဖုန်းမှာ တက်လာတဲ့ notification တွေမှန်သမျှကိုလည်း ကွန်ပျူတာပေါ်ကနေ စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ notification လေးတွေကို ထိလိုက်ရင်တော့ သက်ဆိုင်တဲ့ app ကို ကွန်ပျူတာပေါ်မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
ရှင်းရှင်းပြောရရင် စာပို့တာဖြစ်ဖြစ်၊ contact ကြည့်တာဖြစ်ဖြစ် အရာအားလုံးကို သင့်ရဲ့ ကွန်ပျူတာပေါ်ကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မှော်ဆန်ဆန် လုပ်ဆောင်ပေးတယ်လို့ ဆိုပါရစေ။ နည်းပညာနဲ့ သိပ်မရင်းနှီးတဲ့သူတွေတောင် အတော်လေးအသုံးပြုနိုင်စေပါတယ်။ နောက်တစ်ခုက Virtoo ဟာ သင့်ရဲ့ စမတ်ဖုန်းကို screen ပေါ်မှာ window တစ်ခုအဖြစ်နဲ့ ဖန်တီးပေးပါတယ်။ Virtoo ဟာ လက်ရှိမှာတော့ beta အဆင့်မှာရှိနေသေးတာဖြစ်ပြီးတော့ ပထမဆုံးအကြိမ် ချိတ်ဆက်တဲ့အခါမှာ အဆင်မပြေမှုလေးတွေတော့ ရှိနေဆဲပါပဲ။
ဒီအရာကို ကျွန်တော်ဘာလို့ကြိုက်ရသလဲဆိုတော့က အခြားသော screen စောင့်ကြည့်ရေး app တွေနဲ့ မတူလို့ ဖြစ်ပါတယ်။ သင့်ဖုန်းကို တစ်ကြိမ်လောက် pair လုပ်ပြီးတာနဲ့ နောက်တစ်ကြိမ် သုံးစရာမလိုတော့ပါဘူး။ ဒါက တခြား app တွေ မလုပ်နိုင်တဲ့အရာတစ်ခုပါ။ Virtoo ကို အသုံးပြုမယ်ဆိုရင်တော့ တစ်ချိန်လုံး Bluetooth ဖွင့်ထားဖို့လိုပါတယ်။ ဒါကလည်း သင့်တော်တဲ့ လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ သင့်အိမ်မှာဆိုရင် အားသွင်းလို့ရနေတာ မဟုတ်လား။ Virtoo ဟာ သင့်ဖုန်းကို detect လုပ်နိုင်တာနဲ့တစ်ပြိုင်နက်တည်း အလိုအလျောက် ချိတ်ဆက်ပေးသွားမှာပါ။
Virtoo ဟာ လက်ရှိမှာတော့ Android စမတ်ဖုန်းတွေနဲ့ Windows PC တွေမှာသာ လုပ်ဆောင်နိုင်သေးပါတယ်။ အခြားသော Mac နဲ့ Linux တွေပေါ်မှာ လုပ်ဆောင်နိုင်မယ်လို့တော့ မကြားသေးပါဘူး။
Virtoo ကို Android ပေါ်မှာ install လုပ်ပါ။
Windows PC ပေါ်မှာ install လုပ်ပါ။
official Virtoo web page ကိုသွားရောက်ပြီးတော့ အပြာရောင်ခပ်ကြီးကြီး Download ခလုတ်လေးကို နှိပ်လိုက်ပါ။ Bluetooth ကို ကွန်ပျူတာမှာ ဖွင့်ထားရပါမယ်။ ဒေါင်းလုတ်ဆွဲထားတဲ့ .exe file လေးကို နှစ်ချက်နှိပ်လိုက်ပြီးတော့ setup wizard အတိုင်း လုပ်ဆောင်သွားလိုက်ပါ။ Virtoo အလုပ်လုပ်နိုင်ဖို့အတွက် Bluetooth pair ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ သင့်ရဲ့ဖုန်းကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဖုန်းထဲမှာ install လုပ်ထားတဲ့ app တွေ၊ ဖုန်းနံပါတ်နဲ့ နာမည်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ၊ မက်ဆေ့ချ်ဖတ်ခြင်း၊ စာပြန်ခြင်းတွေလည်း ပြုလုပ်နိုင်မှာပါ။ notification တွေကိုလည်း ကြည့်နိုင်ပါသေးတယ်။ ဖုန်းပေါ်က app တွေကို launch လုပ်တဲ့ခါမှသာ Screen mirroring လိုအပ်ပါတယ်။
တစ်ခါသာ setup လုပ်ရခြင်း
Virtoo ကို ကွန်ပျူတာနဲ့ Android ပေါ်မှာ install လုပ်ပြီးတာနဲ့ launch လုပ်လိုက်ပါ။ ပြီးရင် ဖုန်းပေါ်မှာ PAIR WITH A PC ခလုတ်လေးကို နှိပ်လိုက်ပါ။
သင့်ကို ကုဒ်လေး ပြပါလိမ့်မယ်။ ကွန်ပျူတာပေါ်က Virtoo window လေးမှာလည်း အဲဒီလို ခလုတ်လေး မြင်ရပါလိမ့်မယ်။ ဖုန်းမှာမြင်ရတဲ့ကုဒ်လေးကို ကွန်ပျူတာမှာ ရိုက်လိုက်ပါ။ ပြီးရင်တော့ Next ကို နှိပ်လိုက်တာနဲ့ လုပ်ဆောင်ချက် ပြီးမြောက်သွားပါပြီ။ တစ်ကြိမ်ချိတ်ဆက်ပြီးတာနဲ့ နောက်ထပ်အကြိမ်တွေမှာ ထပ်လုပ်စရာမလိုတော့ပါဘူး။
ကွန်ပျူတာပေါ်မှာ PIN နံပါတ်ကို အတည်ပြုလိုက်ပြီး လိုအပ်တဲ့ ခွင့်ပြုချက်မှန်သမျှကို ဖုန်းမှာ ခွင့်ပြုပေးလိုက်ပါ။ ဒီအရာတွေအားလုံးက တစ်ကြိမ်သာ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
သင့်စမတ်ဖုန်းအတွက် window တစ်ခု ကွန်ပျူတာပေါ်မှာ ပေါ်လာပါပြီ။
Virtoo ကို အသုံးပြုပုံကလည်း ခက်ခဲတဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ Virtoo window ရဲ့ ဘယ်ဘက်မှာရှိတဲ့ icon တွေကလည်း ရင်းနှီးနေပြီးသားပါ။ Notifications ၊ Dialer ၊ Contacts ၊ Messages ၊ Apps နဲ့ Screen mirroring တို့ ဖြစ်ပါတယ်။ ညာဘက်မှာကတော့ Feedback၊ Do Not Disturb၊ Connect/Disconnect နဲ့ Settings တို့ ဖြစ်ပါတယ်။ Do Not Disturb ခလုတ်လေးကတော့ ကွန်ပျူတာပေါ်မှာ notification တွေ မပြအောင် လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကိုတော့ သဘောမကျပါဘူး။ သင်ကတော့ စမ်းကြည့်နိုင်ပါတယ်။
အခုဆိုရင်တော့ သင့်ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပြီးပြီမို့ အပေါ်မှာပြောထားတဲ့အတိုင်းပဲ စမ်းသပ်ကြည့်လိုက်ပါ။

Aung Phyo Oo (Myanmar Mobile App)

အခုလို၀င္ေရာက္ဖက္ရွဳေပးတာေက်းဇူးတင္ပါတယ္....
အခုလို၀င္ေရာက္ဖက္ရွဳေပးတာေက်းဇူးတင္ပါတယ္....



စာဖက္သူမ်ားနားမလည္တာရိွရင္ ကြန္မန္းမွာစာခ်န္းေပးခဲ့ပါ

 တစ္ေန႔ေန႔တစ္ခ်ိန္ခ်ိန္ ကြ်န္ေတာ္လူ႔ေလာကၾကီးထဲက နွုတ္ဆက္ထြက္ခြာသြားခဲ့တဲ့အခါ ကြ်န္ေတာ္တို႔ရဲ႕ပညာေလးေတြဟာ အျမဲက်န္ရိွေနေစခ်င္ေသာစိတ္ျဖင့္ နည္းပညာေလးေတြမွ်ေ၀ေပးရင္း အားလံုးပဲ စိတ္ဆင္းရဲျခင္းကင္းေ၀းၾကပါေစဗ်ာ။

  ေအာင္ဟိန္း (အေျခခံနည္းပညာ)
Download Now