{ads}

သင်္ဂါ​လောဝါဒ ဆုံးမစကားများ

Share
Page Title
Developed By - Aung Hein 2018
   သိင်္ဂါလောဝါဒ ဆုံးမစာ အဓိပ္ပာယ်   

လူ နတ် ဗြဟ္မာတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် သုတ်ပါထေယျကျမ်း သိဂါလောဝါဒသုတ်တွင် ယခုဖော်ပြပါ ကျင့်ဝတ်အသီးသီးကို ဟောတော်မူခဲ့လေသည်။ ဤကျင့်ဝတ်များသည် အချင်းချင်း အမှန် ပြုကျင့်ရမည့် ဝတ္တရားများပင်ဖြစ်ပေရာ မပြုမကျင့်ဘဲမူ ငရဲ ၊တိရစ္ဆာန်၊ ပြိတ္တာ ၊ အသူရကယ်ဟူသော အပါယ်လေးဘုံ၌ ဖြစ်ရတတ်လေသည်၊ ဤဝတ္တရား များကို ဖြည့်ကျင့်ပါမူ နတ်ပြည်ခြောက်ထပ်၌ အမှန်ပင်ဖြစ်နိုင်ပေသည်၊ ယင်းကြောင့် ဖြည့်ကျင့်ကြပါလေ။

လှည်းဘီးပြင်က၊ နားစောင့်ချသို့ ၊မိဘနှင့်သား ၊မယားနှင့်လင် ၊ ရှင်နှင့်ကျွန် ၊ ထေမွန်ဒကာ ၊ မိတ်သဟာနှင့် ၊ဆရာတပည့် ၊ တည့်တည့် မချွတ် ၊ ကျင့်ဝတ်စုံလင် ၊ ဖြူစင်သန့်မှု ၊ ရှင်လည်း မကွေ၊ သေလည်း မကွာ ၊ နတ်ရွာ လူ့ပြည်၊ ဝင်အံ့ သည်တည့် ၊ မတည် ကျင့်ဝတ် ၊ ချွတ်သူတို့မှာ မလွတ်သာသည်− လေးရွာဖို့ လုံးလုံး လူဖြစ်ရှုံး။

  ညစ်ညူးကံလေးပါး (ကမ္မကိလေသာတရား)   

သက်သတ် ခိုးဝှက်၊ အိမ်ရာဖျက်၊ နှုတ်ထွက် မမှန်ငြား။ လေးတန် ညစ်ကျူ၊ မကောင်းမှု၊ မပြုကြဉ်ရှောင်ရှား။


(၁) သူတစ်ပါးအသက်ကို မသတ်ရ၊ ရှောင်ကြဉ်ရမည်။

(၂)သူတစ်ပါးပစ္စည်းကို မခိုးရ၊ ရှောင်ကြဉ်ရမည်။

(၃)သူတစ်ပါး၏ သားမယားကို မဖျက်ဆီးရ၊ မပေါင်းသင်းရ။

(၄)မဟုတ်မမှန်သောစကားကို မပြောရ၊မဆိုရ။

  အဂတိတရား လေးပါး   

မုန်း-ချစ်-ကြောက်မှု , မသိမှု , လေးခု အလိုက်မှား။ အဂတိလေး, ကင်းစင်ဝေး, ပြုရေး မှန်ဖြောင့်သား။


(၁)ဆန္ဒာဂတိ =ချစ်၍ ဘက်လိုက်မှု၊

(၂)ဒေါသာဂတိ =မုန်း၍ ဘက်လိုက်မှု၊

(၃)ဘယာဂတိ =ကြောက်၍ ဘက်လိုက်မှု၊

(၄)မောဟာဂတိ =မသိ၍ ဘက်လိုက်မှု။

တရားနည်းလမ်းအတိုင်း မဆောင်ရွက် မပြုလုပ်ဘဲ ချစ်ခြင်း, မုန်းခြင်း, ကြောက်ခြင်း, မသိခြင်းတို့ကြောင့် ဘက်လိုက်ဆောင်ရွက်မိလျှင် “အဂတိလိုက်သည်” ဟု ဆိုရပေသည်။

  စည်းစိမ် ပျက်စီးကြောင်း ခြောက်ပါး   

-ယစ်မူးသောက်ကြူး သဘင်ကြူး လောင်းကြူး ညဥ့်လည်များ။
-မိတ်ဆွေမကောင်း ပျင်းအားကောင်း အကြောင်း ဤခြောက်ပါး။
-ဥစ္စာမွဲရေး မြန်မနှေး ဝေးစွာ ကြဉ်ရှောင်ရှား။

(၁) သေရည်သေရက် သောက်စားခြင်း (မူးယစ်ဆေးဝါးသောက်စားခြင်း ၊ ရှခြင်း ၊ အကြောအတွင်းသို့ထိုးသွင်းခြင်း။)

(၂) ပွဲလမ်းသဘင် အကြည့်အရှု များပြားခြင်း။

(၃) ဖဲ၊ ကတ် ၊ ပိုကာ ၊ ကြွေအန်စသော လောင်းကစားမူ ပြုခြင်း။

(၄) ညဥ့်နက်သန်းခေါင် အချိန်အခါမဲ့ သွားလာလည့်လှည်ခြင်း။

(၅) မကောင်းသော မိတ်ဆွေဆိုးများနှင့် တွေ့ဆုံခြင်း။

(၆) ထကြွလုံ့လမရှိဘဲ ပျင်းရိနေခြင်းတို့သည် ဥစ္စာမွဲရေး ၊ စည်းစိမ်ပျက်စီးရေးတို့အတွက် မြန်မြန်ကြီး ဖြစ်စေနိုင်သဖြင့် ၎င်းတရားတို့နှင့် ဝေးဝေးက ရှောင်ကြဉ်နေရပေမည်။

  ယစ်မျိုးကြူးသူ အပြစ်ခြောက်ပါး   

− ဥစ္စာပျက်ပြား ခိုက်ရန်ပွား များတုံ ရောဂါစု၊
−သတင်းယုတ်မာ အရှက်ကွာ ပညာ ဆုတ်ယုတ်မူ ၊
−ယစ်မျိုးကြူးငြား သူတို့အား ခြောက်ပါး အပြစ်ရူ။

(၁) စီးပွားဥစ္စာ ပျက်စီးဆုတ်ယုတ်တတ်ခြင်း၊

(၂) ခိုက်ရန်ဒေါသ ဖြစ်ပွားတတ်ခြင်း၊

(၃) အနာရောဂါများစွာ ဖြစ်တတ်ခြင်း၊

(၄) မကောင်းသတင်းများ ထွက်ပေါ်တတ်ခြင်း၊

(၅) ကိုယ်အဂါ မလုံခြုံသဖြင့် အရှက်ကွဲတတ်ခြင်း၊

(၆) “ ကံသာ အမိ ကံသာ အဘ ကံသာလျှင် မိမိဥစ္စာ”ဟု သိတတ်သော ဉာဏ်ပညာနှင့် လောကလူတို့ သိအပ် တတ်အပ်သော အသိဉာဏ်ပညာတို့ ကင်းမဲ့တတ်ခြင်းတို့ ဖြစ်၏။

  ညဉ့်လမ်းလျှောက်သူ အပြစ်ခြောက်ပါး   

− မိမိသားမယား ဥစ္စာအား သုံးပါး အစောင့်ဝေး၊
−မသင်္ကာဖွယ် မူရောက်လွယ် သွယ်သွယ် ဒုက္ခရှေး၊
−ညဥ့်လမ်းလျှောက်သူ မတော်သူ ပြစ်မူ ခြောက်ပါးထွေး။


အချိန်အခါမဲ့ သွားသောသူသည်−

(၁) မိမိကိုယ်တိုင်လည်း ဘေးရန်အမျိုးမျိုးမှ လုံခြုံမှု မရှိခြင်း။

(၂) မိမိက အပြင်သို့ လှည့်လည်နေခိုက် အိမ်ရှိ မိမိ၏ သားမယားနှင့် သားသမီးများအတွက်လုံခြုံမှု မရှိခြင်း။

(၃) အိမ်၌ လင်ယောကျာ်း မရှိလျှင် ခိုးသားဓားပြ နှိပ်စက်နိုင်သဖြင့် ဥစ္စာပစ္စည်းများအတွက် လုံခြုံမှု မရှိခြင်း။

(၄) မသင်္ကာဖွယ် အထင်ခံရပြီး ပြဿနာများ ဖြစ်ရတတ်ခြင်း။

(၅) ဒုစရိုက်ကျူးလွန်သူများနှင့် အထင်မှားခံရပြီး အမှုရောက်တတ်ခြင်း။

(၆) ဒုက္ခအန္တရာယ်အမျိုးမျိုးနှင့် တွေ့ကြုံ ခံစားရခြင်းဟူသော ဘေးဒဏ်အပြစ် ၆ပါးတို့ တွေ့ကြုံရတတ်၏။

  သဘင်ကြူးသူ အပြစ်ခြောက်ပါး   

−ကခြင်း ၊ သီခြင်း ၊ တီးမှုတ်ခြင်း ၊ သွားခြင်း ဇာတ်ဝတ္ထု၊
−လက်ခုပ်အိုးစည် ၊ သဘင်လည် ၊ ခြောက်မည် အပြစ်စု၊


(၁) ကပွဲရှိရာသို့ သွားဖန်များခြင်း၊

(၂) သီချင်းဆိုပွဲရှိရာသို့ သွားဖန်များခြင်း၊

(၃)တီးမှုတ်ပွဲရှိရာသို့သွားဖန်များခြင်း၊

(၄) ပြဇာတ်ရုပ်ရှင်ရှိရာသို့သွားဖန်များခြင်း၊

(၅) လက်ခုပ်တီးသံရှိရာသို့သွားဖန်များခြင်း၊

(၆) အိုးစည်တီးဝိုင်းရှိရာသို့သွားဖန်များခြင်း၊

ဤပွဲလမ်းသဘင်များသို့ အလည်အပတ် သွားဖန်များသူ တို့သည် ပျက်စီးတတ်၏။

  လောင်းကစားကြူးသူ အပြစ်ခြောက်ပါး   

−နိုင်သူမှာ ရန်၊ ရှုံး ပူပန် အမြန် ဥစ္စာပြုန်း။
−ပွဲလည်စကား မတည်ငြား ၊ ထိမ်မြား ပယ်ရိုးထုံး ။
−မျိုးဆွေနှိပ်စက် အံကြူးနက် ခြောက်ချက် အပြစ်နှုန်း။

လောင်းကစားသူများသည် −

(၁) မိမိက နိုင်သော်လည်း ရှုံးသူက မကျေနပ်သဖြင့် ရန်များတတ်ခြင်း၊

(၂) မိမိက ရှုံးပြန်လျှင်လည်း စိုးရိမ်ပူပန်ရတတ်ခြင်း၊

(၃) ရှိသမျှ ပစ္စည်းဥစ္စာများ လျင်မြန်စွာ ပျက်စီးကုန်ခန်းတတ်ခြင်း၊

(၄) ဖဲသမား ၊ လောင်းကစားသမားတို့ဆိုစကားသည် အရေးမယူ မလေးစားတတ် သဖြင့် မင်းပွဲ စိုးပွဲ ၊ ရပ်ရေး ၊ရွာရေး တွင် လည်းကောင်း၊ အရေးရှိ၍ ရုံးပြင်ကန္နား၌စကားပြောဆိုရလျှင် လည်းကောင်း ရှုံးတတ်ခြင်း ၊

(၅) ဖဲသမား၊လောင်းကစားသမားများကို အယုံအကြည် ကင်းမဲ့သဖြင့် မိမိတို့သားသမီးများနှင့် မပေးစားလိုကြ ၊ ငြင်းပယ်တတ်ကြ၏ဖဲသမား၊ လောင်းကစားသမားတို့၏ ဇနီးနှင့်သားသမီး များကလည်း စွန့်ခွာပြေးတတ်ခြင်း။

(၆) ဆွေမျိုးများ ၊ မိတ်ဆွေများကလည်း ဖဲသမား၊လောင်းကစားသမားများကို ဆုံးမ တားမြစ်မရလျှင် စွန့်ခွာနှိပ်စက်တတ်ပေသည်။

နောက်တစ်မျက်နှာသို့ သွားရန်

back to top

Download Now