{ads}

မ်က္ႏွာ ႏွင္႔ အသားေရအတြက္ ေထာပတ္ေစ႔ လွိဳ႕၀ွက္ခ်က္

Share

 

Zawgyi ျဖင့္ဖတ္ရန္

 

ကိုယ္​လိမ္​း​ေနက် ​ေထာပတ္​​ေစ့အ​ေၾကာင္​း​ေလးပါအခ်ိန္​ရရင္​ ဖတ္​ၾကည္​့​ေပး​ေစခ်င္​ပါတယ္​မ​ေန႔က ကိုယ္​့အကိုတစ္​​ေယာက္​နဲ႔ video call​ေျပာရင္​းဒီပို႔စ္​​ေလး​ေရးဖို႔စိတ္​ကူးရတယ္​ဆိုပါ​ေတာ့ကိုယ္​့အကိုအမ​ေတြကို ကိုယ္​့လိုလွ​ေစခ်င္​တဲ့​ေစတနာက​ေတာ့အဓိက​ေပါ့​ေနာ္​။

ကိုယ္​့သူငယ္​ခ်င္​း​ေတြနဲ႔ ကိုယ္​့အကိုအမ​ေတြထဲမွာမ်က္​ႏွာမွာ အဆီဖု​ေလး​ေတြ တင္​းတိပ္​ မွဲ႔​ေျခာက္​ ဝက္​ျခံ နဲ႔မ်က္​ႏွာအ​ေရးအ​ေၾကာင္​းထင္​တာ​ေတြ ​ေတာ္​​ေတာ္​မ်ားမ်ား​ေတြ႔ရလို႔ပါ

 

​ေထာပတ္​​ေစ့အ​ေၾကာင္​း​ေလးမ​ေျပာခင္​ကိုယ္​့အ​ေၾကာင္​းကို အရင္​​ေျပာပါ​ေစကိုယ္​က​ေတာသူပီပီ နယ္​မွာ​ေနတဲ့တ​ေလ်ာက္​လံုးသနပ္​ခါးပဲလိမ္​းပါတယ္​ ရန္​ကုန္​​ ေရာက္​ၿပီး၃ႏွစ္​​ေက်ာ္​ကာလ​ေလးအတြင္​းမွာကိုယ္​ပိုင္​ Cosmetics ဝယ္​လိမ္​းဖူးတာဆိုလို႔ Bella​ေပၚၿပီးတဲ့​ေနာက္​မွ စုစု​ေပါင္​း၂ႀကိမ္​ရယ္​ပါ။

 

ဝယ္​ျဖစ္​ခဲ့တဲ့အ​ေၾကာင္​းရင္​းကလဲ ခရီးသြားတဲ့အခါ​ေပါ့​ေပါ့ပါးပါးသယ္​ရတာအဆင္​​ေျပလို႔ပါ။

က်န္​တဲ့ရံုးခ်ိန္​​ေတြမွာ​ေတာ့ သနပ္​ခါးပဲအမ်ားဆံုးလိမ္​းျဖစ္​ၿပီးပြဲ​ေတြ႐ွိတဲ့အခါနဲ႔စိတ္​ရတဲ့အခါက်ရင္​ကိုယ္​့အမရဲ႕ Cosmetics ​ေတြယူလိမ္​းပါတယ္​ ။

သနပ္​ခါးပဲလိမ္​းလိမ္​း မိတ္​ကပ္​ပဲလိမ္​းလိမ္​းညဘက္​အိမ္​ျပန္​​ေရာက္​တဲ့အခါ ​ေရခ်ိဳးၿပီးတာနဲ႔အျမဲလိမ္​းျဖစ္​တဲ့အရာ ​ေထာပတ္​​ေစ့ရယ္​ပါ ။

ဝယ္​ရတာလဲလြယ္​ကူသလို အကုန္​အက်လဲနဲတာမို႔ေန႔တိုင္​းလိုလိုလိမ္​းျဖစ္​ပါတယ္​ ။

ဘယ္​လိုလုပ္​ၿပီးလိမ္​းရလဲဆို​ေတာ့ ကိုယ္​တို႔​ေထာပတ္​သီးစားၾကတဲ့အခါအတြင္​းသား​ေလး​ေတြယူလိုက္​ရင္​ အထဲကအ​ေစ့​ေလးက်န္​ပါမယ္​ ။

လူအမ်ားစုက ဒီ​ေထာပတ္​​ေစ့​ေတြကိုဘယ္​​ေစ်းႀကီးတဲ့ Cosmetics မွဝယ္​သံုးစရာမလိုပဲကိုယ္​တို႔မ်က္​ႏွာကိုအမ်ားႀကီးလွသြား​ေအာင္​လုပ္​​ေပးႏိုင္​တယ္​ဆိုတာမသိ​ေတာ့ အလြယ္​တကူလြင္​့ပစ္​တတ္​ၾကတယ္​။

အဲဒီအ​ေစ့ကို မလြင္​့ပစ္​ပဲ အရင္​ဆံုးအ​ေစ့​ေပၚက​ေထာပတ္​သီးအစ​ေလး​ေတြကို စင္​​ေအာင္​​ေရ​ေဆး​ေပးရပါတယ္​
ၿပီးရင္​သူ႔ကို​ေနလွမ္​းထားလိုက္​ပါ ။

၂ရက္​​ေလာက္​လွမ္​းထားၿပီးရင္​ ​ေထာပတ္​​ေစ့​ေပၚကအ​ေပၚခြံ​ေလးႂကြလာတဲ့အခါ ဖယ္​ပစ္​လိုက္​ပါဘယ္​​ေလာက္​ထိလွမ္​းရလဲဆိုရင္​ ​ေထာပတ္​​ေစ့​ေလးအလယ္​၂ျခမ္​းကြဲပီး သံ​ေခ်း​ေရာင္​ထၿပီး အရမ္​းကြၽတ္​ဆတ္​ဆတ္​​ေလာက္​ျဖစ္​​ေနၿပီဆိုရင္​လိမ္​းလို႔ရပါၿပီ။

၃ပတ္​နဲ႔ ၄ပတ္​ဝန္​းက်င္​​ေလာက္​လွမ္​းရမယ္​ထင္​တယ္​။

တခါတ​ေလ အ​ေပၚခြံသံ​ေခ်း​ေရာင္​ျဖစ္​​ေန​ေပမဲ့ အတြင္​းအစိုဓာတ္​မကုန္​​ေသးရင္​ လိမ္​းလို႔မရ​ေသးပါဘူးလံုးဝ​ေျခာက္​သြားၿပီဆိုရင္​​ေတာ့ ညတိုင္​းအိပ္​ခါနီးတိုင္​း ခပ္​ပါးပါး​ေလး​ေသြးလိမ္​းလို႔ရၿပီ။

သူ႔မွာ သနပ္​ခါးနဲ႔တူတာတခုက ကိုယ္​တို႔သနပ္​ခါးတံုးမွာ အ​ေပၚကအ​ေပြး​ေတြ​ေသြးလိမ္​းၾကတဲ့အခါ အတြင္​း​ေခါက္​ထက္​ပိုၿပီးဝါဝါ​ေလးနဲ႔လွသလို ​ေထာပတ္​​ေစ့မွာလဲ သူ႔အ​ေပၚယံ​ေဘးသား​ေတြက အတြင္​းသားထက္​ အသားကိုပို​ေခ်ာၿပီးဝင္​း​ေျပာင္​​ေစတယ္​ကိုယ္​တခါတ​ေလအိပ္​​ေရးပ်က္​တဲ့အခါမ်ိဳးမွာ အဖု​ေလး​ေတြထြက္​ရင္​ အ​ေပၚယံ​ေလး​ေတြခ်ည္​း​ေသြးလိမ္​းရင္​ ​ေနာက္​​ေန႔မနက္​ထရင္​လံုးဝ​ေပ်ာက္​သြားပါတယ္​

ယံုမလား​ေတာ့မသိဘူးအရမ္​းသိသာတာတခုကအဆီဖု​ေလး​ေတြပါ။

ကိုယ္​ကသနပ္​ခါးလိမ္​းတာမ်ား​ေပမဲ့တခါတ​ေလအဆီဖု​ေလး​ေတြ ထြက္​တတ္​ပါတယ္​ကိုယ္​​ေတာ့​ေထာပတ္​​ေစ့အားကိုးနဲ႔ မ်က္​ႏွာကို တျခားဘာပစၥည္​းမွ ​ေထြ​ေထြထူးထူးခုထိဝယ္​မသံုးဖူးပါဘူးကိုယ္​မ်က္​ႏွာမွာ ထြက္​သမ်ွဘာပဲလာလာ ​ေထာပတ္​​ေစ့ပဲ​ေသြးလိမ္​းပါတယ္​။

ပံုမွန္​ဆို အတြင္​းသားကို​ေသြးလိမ္​းၿပီးခရီးသြားလို႔ အသားအရည္​အရမ္​းပ်က္​စီးတဲ့အခါ အျပင္​သား​ေတြခ်ည္​း​ေသြးလိမ္​းပါတယ္​လိမ္​းၿပီး ​ေနာက္​​ေန႔မနက္​မ်က္​ႏွာသစ္​တာနဲ႔ သိသိသာသာ​ေျပာင္​းလဲတာပါ။

အသိအမတ​ေယာက္​ကို သူ႔မ်က္​ႏွာမွာတင္​းတိပ္​​ေတြ​ေတြ႔လို႔ကိုယ္​ၫႊန္​းလိုက္​​ေတာ့အ​ေရးအ​ေၾကာင္​း​ေတြပါ ​ေတာ္​​ေတာ္​သက္​သာတယ္​လို႔​ေျပာတယ္​အကိုတ​ေယာက္​က​ေတာ့ ဝက္​ျခံ​ေတြသက္​သာတယ္​လို႔​ေျပာတယ္​။

ကိုယ္​့ရဲ႕ ကိုယ္​​ေတြ႔က​ေတာ့ အဆီဖု​ေလး​ေတြ လံုးဝ​ေပ်ာက္​သြားတယ္​​ေနာက္​တခုက ​ေန့တိုင္​းလိမ္​းပါမ်ားလာရင္ ​အသားအရည္​​ေလး​ေတြတင္​းၿပီး ပါး​ေလး​ေတြဝင္​းဝင္​း​ေျပာင္​​ေျပာင္​​ေလးျဖစ္​လာတယ္​အသားအရည္​​ေလးၾကည္​ၿပီး ဘားမွလိမ္​းမထားရင္​​ေတာင္​အလိုလိုၾကည္​့​ေကာင္​း​ေနတာရယ္​။

တျခားသဘာဝပစၥည္​း​ေတြလဲလိုင္​း​ေပၚမွာ မၾကာခဏ​ေတြ႔​ေပမဲ့ဒီတခုက​ေတာ့ ကိုယ္​့ကိုယ္​​ေတြ႔မို႔ကိုယ္​့အကိုအမ​ေတြကို ခုလိုပိုက္​ဆံအကုန္​အက်သက္​သာၿပီးဘာside effectမွမ႐ွိပဲ သဘာဝအသီး​ေတြနဲ႔ လွရ​ေအာင္​​ေထာပတ္​​ေစ့​ေလးကို စမ္​းလိမ္​းၾကည္​့ပါလို႔အျကံျပုပါရ​ေစေနာ္​​။

Credit: original writer

Unicode ဖြင့်ဖတ်ရန်

ကိုယ်လိမ်းနေကျ ထောပတ်စေ့အကြောင်းလေးပါအချိန်ရရင် ဖတ်ကြည့်ပေးစေချင်ပါတယ်

မနေ့က ကိုယ့်အကိုတစ်ယောက်နဲ့ video callပြောရင်းဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။

ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာမျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ

ထောပတ်စေ့အကြောင်းလေးမပြောခင်ကိုယ့်အကြောင်းကို အရင်ပြောပါစေကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bellaပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း၂ကြိမ်ရယ်ပါ။

ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါပေါ့ပေါ့ပါးပါးသယ်ရတာအဆင်ပြေလို့ပါ။

ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင်ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ် ။

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်းညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ ။

ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ် ။

လူအများစုက ဒီထောပတ်စေ့တွေကိုဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာမသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်။

အဲဒီအစေ့ကို မလွင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်
ပြီးရင်သူ့ကိုနေလှမ်းထားလိုက်ပါ ။

၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။

၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရမယ်ထင်တယ်။

တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူးလုံးဝခြောက်သွားပြီဆိုရင်တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ။

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်

ယုံမလားတော့မသိဘူးအရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။

ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့တခါတလေအဆီဖုလေးတွေ ထွက်တတ်ပါတယ်ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူးကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။

ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီးခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ။

အသိအမတယောက်ကို သူ့မျက်နှာမှာတင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ်အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်။

ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ်နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်အသားအရည်လေးကြည်ပြီး ဘားမှလိမ်းမထားရင်တောင်အလိုလိုကြည့်ကောင်းနေတာရယ်။

တခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီးဘာside effectမှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင်ထောပတ်စေ့လေးကို စမ်းလိမ်းကြည့်ပါလို့အကြံပြုပါရစေနော်။

 

Credit: original writer



Download Now