Mi ဖုန်းအသုံးပြုသူတွေ အဖြစ်များနေတဲ့ Server Busy, plase try again later. ဆိုပြီး ပေါ်လာပြ်ီး Apk တွေဒေါင်းမရ ကြည့်မရ တော်တော်များများ ကြုံတွေ့နေကြတာကို တွေ့မြင်နေရပါတယ်...။ အရင်တစ်ခါလဲ တင်ခဲ့ပေးဖူးပါတယ်...။ ဒါပေမဲ့ အဲ့နည်းကလဲ ရတဲ့သူကရ မရတဲ့သူကမရ ပြန်ပြန်ဖြစ်နေတာနဲ့ အခုနည်းလေးကို တင်ပေးလိုက်တာပါ...။
ဒီနည်းလမ်းမှမဟုတ်ပါဘူး နည်းပညာဆိုတာ တစ်ယောက်နဲ့တစ်ယောက်က မတူနိုင်ပါဘူး တခြားနည်းတွေလဲ ရှိပါတယ်...။ ကျွန်တော်လဲ တော်တော်လေး စုံစုံလင်လင် လုပ်ခဲ့ပြီးပါပြီ...။ ဒါပေမဲ့ ဒီနည်းလမ်းလေးက အကောင်းဆုံး လို့ယူဆပါတယ်...။ ကျွန်တော်ကိုယ်တိုင် တွေ့ရှိထားတဲ့နည်းလေးပါ...။ ကျွန်တော်ကိုယ်တိုင်လဲ Mi ဖုန်းအသုံးပြုတာဖြစ်တဲ့အတွက် အမြဲတမ်း ဒီနည်းလေးကိုပဲသုံးပါတယ်...။ တော်တော်လေးအဆင်ပြေတယ် တခြားနည်းလမ်းတွေထက် ကုန်ကျစရိတ်သက်သာတယ် လွယ်ကူတယ် ခက်ခဲ့တဲ့ နည်းမဟုတ်လူတိုင်း နားလည်လွယ်တယ်...။ အဲ့ဒိအချက်အလတ်တွေကို သုံးသတ်ကြည့်ပြီး ဒီနည်းလေးက အကောင်းဆုံးပဲလို့ ယူဆပြီးတင်ပေးလိုက်တာပါ...။ လျှာရှည်တာကို သီးခံဖတ်ပေးလို့ ကျေးဇူးပါဗျာ :-) ။ စာတွေများလို့ ခက်တယ်မထင်နဲ့နော် စာကသတ်သတ်မဲ့ လျှာရှည်ပြီးရေးတာ :-) ။
ကဲလုပ်နည်းလေး နည်းလမ်းလေးကတော့...
၁။ ကျွန်တော်ပေးထားတဲ့ Vpn Apk လေးကိုဒေါင်းပြီး Installed လုပ်လိုက်ပာ။ (တခြား VPN Apk နဲ့လဲ ရတယ်နော် စမ်းကြည့်ပေါ့... ကျွန်တော်က သုံးလို့လွယ်တာကိုပေးထားတာပါ။)
၂။ VPN Apk ထဲဝင်ပြီး မြေပုံနေရာကို တစ်ချက်နှိပ့်လိုက်ပါ။
၃။ နှစ်သက်ရာ နိုင်ငံတစ်ခုကိုရွေးလိုက်ပါ။ ကျွန်တော်က United States နဲ့လုပ်ပြထားတယ်။
၎။ VPN ချိန်မိသွားရင် Notifaction မှာ သော့ပုံလေးပေါ်လာရင် (Home) ခလုပ် (ဖုန်းအလယ်ခလုပ်) နှိပ့်ထွက်လိုက်ပါ။
၅။ Play store Apk ထဲ ဝင်ကြည့်လိုက်ပါ။ Server Busy, ပဲပြနေရင် Menu ခလုပ်ကို တစ်ချက်နှိပ့်ပြီး Play store ထဲ ဝင်ထားတာကို ဖယ်ထုပ်ပြီး ပြန်ဝင်လိုက်ပါ အဆင်ပြေသွားပါလိပ့်မယ်...။
လိုအပ်တဲ့ VPN Apk ကို အောက်လင့်မှာ သွားဒေါင်းလိုက်ပါ...။
သင့်အဆင်ပြေသွားရင် တခြားသူများကိုလဲ အဆင်ပြေအောင် Share လုပ်ခြင်းဖြင့် ကူညီပေးလိုက်ပါ...။
တခြားသူရဲ့အခက်အခဲကို ကူညီခြင်းက မိမိရဲ့ အခက်အခဲများကို ရင်ဆိုင်ဖို့အတွက် ခွန်အားတွေ ပေးပါတယ်...။