{ads}

ေသြးမ်ိဳးအစားက ေျပာတဲ့ သင့္ရဲ႕စိတ္ေနသေဘာထားႏွင့္ အလိုက္ဖက္ဆုံး ခ်စ္သူ

Share

 “A” ေသြးပိုင္ရွင္

“A” ေသြးပိုင္ရွင္မ်ားဟာ သူတစ္ပါးကို ဦးစားေပးတတ္တဲ့ စရိုက္သဘာဝ ပိုင္ရွင္ျဖစ္ပါတယ္။ သူတစ္ပါးရဲ႕ ခံစားခ်က္ေတြ၊ စကားေတြကို ဂ႐ုတစိုက္ နားေထာင္ေပးတတ္သူျဖစ္ၿပီး အေကာင္းဆုံးသူငယ္ခ်င္း ျဖစ္ထိုက္သူပါ။ ကိုယ့္ရဲ႕ခံစားခ်က္ေတြကို ေဖာ္ထုတ္ဖို႔ေတာ့ ဝန္ေလးတတ္ပါတယ္။ ကိုယ့္ကိုယ္ကိုထက္ သူတစ္ပါးရဲ႕ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္း ေပးခ်င္သူပါ။ ဒါေၾကာင့္မို႔ တစ္ခါတစ္ရံ စိတ္ေသာကေရာက္ျခင္း စိတ္ဓါတ္က်ျခင္းတို႔ ျဖစ္တတ္ပါတယ္။

“A” ေသြးပိုင္ရွင္ေတြကို စာရင္းကိုင္၊ စာၾကည့္တိုက္မႉး၊ အက်ိဳးေဆာင္ေရွ႕ေန၊ စီးပြားေရးပညာရွင္နဲ႕ စာေရးဆရာေတြအျဖစ္ ျမင္ေတြ႕ရတတ္ပါတယ္။
“A” ေသြးပိုင္ရွင္နဲ႕ အလိုက္ဖက္ဆုံး ခ်စ္သူကေတာ့ “O” သို႔မဟုတ္ “AB” ေသြးပိုင္ရွင္ပဲျဖစ္ပါတယ္။


“B” ေသြးပိုင္ရွင္

“B” ေသြးပိုင္ရွင္မ်ားဟာ ပြင့္ပြင့္လင္းလင္းနဲ႕ ေပ်ာ္ေပ်ာ္ေနတတ္သူမ်ားလို႔ ေျပာရပါလိမ့္မယ္။ “A” ေသြးပိုင္ရွင္ေတြရဲ႕ စရိုက္သဘာဝလိုပဲ သူတစ္ပါးရဲ႕ ခံစားခ်က္ေတြကို နားေထာင္ေပးတတ္ၿပီး သူငယ္ခ်င္းေကာင္း ပီသသူမ်ားျဖစ္တယ္။ သူတို႔ရဲ႕ စိတ္ခံစားခ်က္ေတြကို အလြယ္တစ္ကူ မေဖာ္ျပတတ္ေပမယ့္ လိုအပ္လာရင္ေတာ့ သူတို႔ကိုယ္သူတို႔ ေရွ႕တန္းတင္တတ္သူမ်ား ျဖစ္ပါတယ္။ 
“B” ေသြးပိုင္ရွင္ေတြရဲ႕ ထူးျခားခ်က္ကေတာ့ သူတစ္ပါးရဲ႕ လုပ္ပုံကိုင္ပုံ လႈပ္ရွားပုံေတြကို ၾကည့္လိုက္႐ုံနဲ႕ အဲဒီလူရဲ႕ သေဘာကို အလိုလို သိေနတတ္တဲ့ ဗီဇပါေနျခင္းပါ။ ဒါေၾကာင့္မို႔ “B” ေသြးပိုင္ရွင္ေတြကို အလြန္ေတာ္တဲ့ စိတ္ေရာဂါအထူးကု ဆရာဝန္၊ စုံေထာက္၊ သတင္းစာဆရာေတြအျဖစ္ ေတြ႕ရတတ္ပါတယ္။
“B” ေသြးပိုင္ရွင္နဲ႕ အလိုက္ဖက္ဆုံး ခ်စ္သူကေတာ့ “A” သို႔မဟုတ္ “AB” ေသြးပိုင္ရွင္မ်ားပဲျဖစ္ပါတယ္။


“AB” ေသြးပိုင္ရွင္

“AB” ေသြးပိုင္ရွင္မ်ားဟာ ေသြးအုပ္စုေတြထဲမွာ ထူးျခားတယ္လို႔ ဆိုရပါမယ္။ အက်ိဳးအေၾကာင္း ဆင္ျခင္နိုင္ၿပီး ေအးေဆးတည္ၿငိမ္တဲ့ စရိုက္သဘာဝရွိသူပါ။ ဘာမဆို စုစုစည္းစည္းနဲ႕ အစီစဥ္တက်လဳပ္တတ္သူမ်ားျဖစ္ပါတယ္။ အဒရီနယ္ဂလင္းလို ဟိုမုန္းမ်ား ပိုမိုထုတ္လႊတ္တဲ့ သဘာဝေၾကာင့္ တစ္ခုခုဆိုလွ်င္ ခံစားခ်က္ ျပင္းထန္တက္သူျဖစ္သည္။ “AB” ေသြးပိုင္ရွင္မ်ားဟာ အမ်ားနဲ႕ဆက္ဆံရတဲ့ မန္ေနဂ်ာလို၊ သင္းၾကားေရးဘက္ေတြမွာ ထူခြၽန္ထက္ျမက္သူမ်ားျဖစ္သည္။

“AB” ေသြးပိုင္ရွင္မ်ားဟာ အမ်ားႏွင့္ အလိုက္သင့္ေနတတ္သူမ်ားျဖစ္လို႔ အခ်စ္ေရးမွာ ဘယ္ေသြးအမ်ိဳးအစားႏွင့္မဆို လိုက္ဖက္ညီစြာ တြဲနိုင္ၾကသူေတြ ျဖစ္ပါတယ္။


“O” ေသြးပိုင္ရွင္

“O” ေသြးပိုင္ရွင္မ်ားဟာ အရာရာမွာ စိတ္အားထက္သန္သူမ်ား ျဖစ္ၾကပါတယ္။ ယွဥ္ၿပိဳင္လိုစိတ္ရွိသူမ်ားျဖစ္ၿပီး မိတ္ေဆြအေပါင္းအသင္း ျဖစ္ဖို႔ထက္စာရင္ အလုပ္တာဝန္ၿပီးေျမာက္ဖို႔ကို ဦးစားေပးတတ္ၾကသူမ်ားျဖစ္ပါတယ္။ ဒီလို စရိုက္သဘာဝမ်ိဳးရွိသူမို႔ “O” ေသြးပိုင္ရွင္မ်ားက ဦးေဆာင္နိုင္မႈအပိုင္းမွာ ကြၽမ္းက်င္ၾကသူေတြ ျဖစ္ပါတယ္။
“O” ေသြးပိုင္ရွင္ေတြကို စားရင္းကိုင္၊ နိုင္ငံေရးသမား၊ စီးပြားေရသမား နဲ႕ ကုထုံးသမားေတာ္ေတြ အျဖစ္ ျမင္ေတြ႕ရနိုင္ပါတယ္။
“O” ေသြးပိုင္ရွင္နဲ႕ အလိုက္ဖက္ဆုံး ခ်စ္သူကေတာ့ “A” ေသြးပိုင္ရွင္မ်ားပဲျဖစ္ပါတယ္။

(Unicode Version)

 “A” သွေးပိုင်ရှင်

“A” သွေးပိုင်ရှင်များဟာ သူတစ်ပါးကို ဦးစားပေးတတ်တဲ့ စရိုက်သဘာဝ ပိုင်ရှင်ဖြစ်ပါတယ်။ သူတစ်ပါးရဲ့ ခံစားချက်တွေ၊ စကားတွေကို ဂရုတစိုက် နားထောင်ပေးတတ်သူဖြစ်ပြီး အကောင်းဆုံးသူငယ်ချင်း ဖြစ်ထိုက်သူပါ။ ကိုယ့်ရဲ့ခံစားချက်တွေကို ဖော်ထုတ်ဖို့တော့ ဝန်လေးတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုထက် သူတစ်ပါးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးချင်သူပါ။ ဒါကြောင့်မို့ တစ်ခါတစ်ရံ စိတ်သောကရောက်ခြင်း စိတ်ဓါတ်ကျခြင်းတို့ ဖြစ်တတ်ပါတယ်။

“A” သွေးပိုင်ရှင်တွေကို စာရင်းကိုင်၊ စာကြည့်တိုက်မှူး၊ အကျိုးဆောင်ရှေ့နေ၊ စီးပွားရေးပညာရှင်နဲ့ စာရေးဆရာတွေအဖြစ် မြင်တွေ့ရတတ်ပါတယ်။
“A” သွေးပိုင်ရှင်နဲ့ အလိုက်ဖက်ဆုံး ချစ်သူကတော့ “O” သို့မဟုတ် “AB” သွေးပိုင်ရှင်ပဲဖြစ်ပါတယ်။


“B” သွေးပိုင်ရှင်

“B” သွေးပိုင်ရှင်များဟာ ပွင့်ပွင့်လင်းလင်းနဲ့ ပျော်ပျော်နေတတ်သူများလို့ ပြောရပါလိမ့်မယ်။ “A” သွေးပိုင်ရှင်တွေရဲ့ စရိုက်သဘာဝလိုပဲ သူတစ်ပါးရဲ့ ခံစားချက်တွေကို နားထောင်ပေးတတ်ပြီး သူငယ်ချင်းကောင်း ပီသသူများဖြစ်တယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို အလွယ်တစ်ကူ မဖော်ပြတတ်ပေမယ့် လိုအပ်လာရင်တော့ သူတို့ကိုယ်သူတို့ ရှေ့တန်းတင်တတ်သူများ ဖြစ်ပါတယ်။ 
“B” သွေးပိုင်ရှင်တွေရဲ့ ထူးခြားချက်ကတော့ သူတစ်ပါးရဲ့ လုပ်ပုံကိုင်ပုံ လှုပ်ရှားပုံတွေကို ကြည့်လိုက်ရုံနဲ့ အဲဒီလူရဲ့ သဘောကို အလိုလို သိနေတတ်တဲ့ ဗီဇပါနေခြင်းပါ။ ဒါကြောင့်မို့ “B” သွေးပိုင်ရှင်တွေကို အလွန်တော်တဲ့ စိတ်ရောဂါအထူးကု ဆရာဝန်၊ စုံထောက်၊ သတင်းစာဆရာတွေအဖြစ် တွေ့ရတတ်ပါတယ်။
“B” သွေးပိုင်ရှင်နဲ့ အလိုက်ဖက်ဆုံး ချစ်သူကတော့ “A” သို့မဟုတ် “AB” သွေးပိုင်ရှင်များပဲဖြစ်ပါတယ်။


“AB” သွေးပိုင်ရှင်

“AB” သွေးပိုင်ရှင်များဟာ သွေးအုပ်စုတွေထဲမှာ ထူးခြားတယ်လို့ ဆိုရပါမယ်။ အကျိုးအကြောင်း ဆင်ခြင်နိုင်ပြီး အေးဆေးတည်ငြိမ်တဲ့ စရိုက်သဘာဝရှိသူပါ။ ဘာမဆို စုစုစည်းစည်းနဲ့ အစီစဉ်တကျလုပ်တတ်သူများဖြစ်ပါတယ်။ အဒရီနယ်ဂလင်းလို ဟိုမုန်းများ ပိုမိုထုတ်လွှတ်တဲ့ သဘာဝကြောင့် တစ်ခုခုဆိုလျှင် ခံစားချက် ပြင်းထန်တက်သူဖြစ်သည်။ “AB” သွေးပိုင်ရှင်များဟာ အများနဲ့ဆက်ဆံရတဲ့ မန်နေဂျာလို၊ သင်းကြားရေးဘက်တွေမှာ ထူချွန်ထက်မြက်သူများဖြစ်သည်။

“AB” သွေးပိုင်ရှင်များဟာ အများနှင့် အလိုက်သင့်နေတတ်သူများဖြစ်လို့ အချစ်ရေးမှာ ဘယ်သွေးအမျိုးအစားနှင့်မဆို လိုက်ဖက်ညီစွာ တွဲနိုင်ကြသူတွေ ဖြစ်ပါတယ်။


“O” သွေးပိုင်ရှင်

“O” သွေးပိုင်ရှင်များဟာ အရာရာမှာ စိတ်အားထက်သန်သူများ ဖြစ်ကြပါတယ်။ ယှဉ်ပြိုင်လိုစိတ်ရှိသူများဖြစ်ပြီး မိတ်ဆွေအပေါင်းအသင်း ဖြစ်ဖို့ထက်စာရင် အလုပ်တာဝန်ပြီးမြောက်ဖို့ကို ဦးစားပေးတတ်ကြသူများဖြစ်ပါတယ်။ ဒီလို စရိုက်သဘာဝမျိုးရှိသူမို့ “O” သွေးပိုင်ရှင်များက ဦးဆောင်နိုင်မှုအပိုင်းမှာ ကျွမ်းကျင်ကြသူတွေ ဖြစ်ပါတယ်။
“O” သွေးပိုင်ရှင်တွေကို စားရင်းကိုင်၊ နိုင်ငံရေးသမား၊ စီးပွားရေသမား နဲ့ ကုထုံးသမားတော်တွေ အဖြစ် မြင်တွေ့ရနိုင်ပါတယ်။
“O” သွေးပိုင်ရှင်နဲ့ အလိုက်ဖက်ဆုံး ချစ်သူကတော့ “A” သွေးပိုင်ရှင်များပဲဖြစ်ပါတယ်။


အခုလို၀င္ေရာက္ဖက္ရွဳေပးတာေက်းဇူးတင္ပါတယ္....
အခုလို၀င္ေရာက္ဖက္ရွဳေပးတာေက်းဇူးတင္ပါတယ္....



စာဖက္သူမ်ားနားမလည္တာရိွရင္ ကြန္မန္းမွာစာခ်န္းေပးခဲ့ပါ

ေအာင္ဟိန္း (အေျခခံနည္းပညာ)
Download Now