ဒီပိုစ့်လေးကို
ရေးရခြင်းရည်ရွှယ်ချက်က သာမာန် ဖုန်းအသုံးပြုများအတွက် မိမိဖုန်းမှာ ဘယ်လို
Application လေးတွေထည့်ထားသင့်တယ်ဆိုတာကို သိစေချင်လို
့တင်လိုက်ရခြင်းဖြစ်ပါတယ်။
အခု အပြင်မှာရော Group တွေ
မှာရောတွေ့ နေရတယ်ဗျ Application လေးတွေ အများကြီးထည့်ထားတဲ့  ပြသနာပေါ့
တစ်ကယ်တော့ အဲလောက်အများကြီး မသုံးဘူးလို့ ထင်ပါတယ်။တစ်ချို့ Application
လေးတွေဆို ကိုယ်လို တဲ့ အချိန်မှပဲထုတ်သုံးတာပါ။အများကြီး ထည့်မသုံးတော့
မိမိ ဖုန်းလေးအထူးသဖြင့် မလေးတော့ဘူးပေါ့။ အများကြီးထည့်ထားတော့
ဖုန်းကလေးလာတယ်။အဲဒီအတွက်လိုအပ်လာလို့  Choice လုပ်ပြီးတင်ပေးလိုက်တာပါ။
အောက်မှာတစ်ခုချင်းကိုသေချာလေးပြောပြပေးပါမယ်။
1.Advance Task Killer>>>
ဒီကောင်လေးကတော့ ထည့်ထားသင့်ပါတယ် ဘာလို ထည့်ထားသင့်လဲဆိုတော့ Android
phone အများစုဟာ Application ထဲက Exit လုပ်ပြီးထွက်တာတောင်မှနောက်ကွယ်မှာ
ပွင့်နေတတ်ပါတယ်။အဲဒီအတွက် ဒီကောင်လေးက Application လေးများကို
ပိတ်ပေးမှာပါ။
2.Mobile Alarm
System>>>ကိုယ့်ဖုန်းတစ်နေရာမှာမေ့ကျန်ခဲ့လို့ဖြစ်စေ ၊ တစ်နေရာမှာ
ခဏထားခဲ့လို့ဖြစ်စေ ၊ ကိုယ်မရှိခင်အချိန်လေးမှာ တခြားသူတစ်ယောက်ယောက်က
ကိုယ့်ဖုန်းကို ကိုင်တာမျိုးကိုမကြိုက်ဘူးဆိုရင် အခုဆော့ဝဲလေး Mobile Alarm
System ကိုအသုံးပြုနိုင်ပါတယ်။
-ဖုန်းကိုလက်ရှိထားတဲ့နေရာကနေ ရွေ့သွားအောင်ကိုင်မိရင် ဖုန်းက Alarm ထမြည်လာခြင်း
-Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းကို
ကွန်ပျူတာနဲ့ချိတ်ဆက်ထားစဉ် (သို့) အားသွင်းနေစဉ်
ဖုန်းကြိုးကိုတစ်ယောက်ယောက်က ဆွဲဖြုတ်လိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း
- ဖုန်းမှာပါတဲ့ Camera ကို
ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာ တစ်စုံတစ်ခုလှုပ်ရှားမှုတွေ့တာနဲ့
ဖုန်းကချက်ချင်း Alarm မြည်ပြီး အဲဒီလှုပ်ရှားမှုအဖြစ်အပျက်ကို
ဓာတ်ပုံရိုက်ယူထားနိုင်ခြင်း စတဲ့ features အလန်းစားတွေပါဝင်ပါတယ်။
လုံခြုံရေးအတွက်ပေါ့။
3.Android Zip >>>
ဒီကောင်လေးကတော့ တစ်ချို့ ဖုန်းနဲ့ ပဲအသုံးပြုသူတွေအတွက် Zip File
တွေကိုဒေါင်းလုပ်ဆွဲတဲ့ အခါမျိုးမှာ အသုံးပြုနိုင်ပါတယ်။ Zip file / Rar
File တွေကိုဖြည်တဲ့  Software လေးပါဆောင်ထားသင့်ပါတယ်။
4.App Lock>>>ဒါလေးကတော့
Application လေးတွေကို Lock ချတဲ့  Software လေးပါ။မိမိဖုန်း၏ Application
လေးများကို တစ်ခြားလူ အသုံးမပြုနိုင်အောင်ကာကွယ်ပေးမှာပါ။Application ကို
Lock ချတဲ့ Function အပြင် Incall / outcall ပါ Lock ချလို့ ရပါတယ်။
5.Awesome Miniature Pro ဒီကောင်လေးကတော့ Photo Editor Software လေးပါ။မိမိ၏ Photo တွေ ပြင်ချင်တဲ့ အခါမျိုးမှာအသုံးပြုနိုင်တာပေါ့။
6.Cache Mate>>> ဒါလေးကတော့ Cache Mate Application လေးပါ။မိမိဖုန်းမှာ မလိုလားအပ်သော Cache များကို ရှင်းပေးမှာပါ။
7.Dr.Web anti-virus>>>
Antivirus Application လေးပါ။ Memory နည်းနည်းနဲ
့ကောင်းကောင်းအသုံးပြုချင်သူတွေအတွက်အဆင်ပြေမှာပါ ဒီ Application မှာ Call
Block funtion နဲ့  မိမိဖုန်းကို ပျောက်သွားတဲ့ အချိန်မျိုးမှာ Lock ချတဲ
့effect တွေပါပါတယ်။
8.Droid Scan
Pro>>>Android ဖုန်းကနေ စာရွက်တို့ဘာတို့ တစ်ခုခုကို
ဒီဆော့ဝဲလေးအသုံးပြုပြီး scann ဖတ်လို့ရပါတယ်။ Android ဖုန်းကို
Scanner အဖြစ်အသုံးပြုလို့ရစေတာပေါ့။ နောက်ပြီး ဒီဆော့ဝဲလေးနဲ့ scan
ဖတ်ပြီးရင် pdf ဖိုင်အနေနဲ့ပါ တစ်ခါတည်းထုတ်လို့ရပါသေးတယ်။
ရှိထားသင့်တဲ့ application လေးပါ။
9.DroidSheepGuard>>>
ဒါလေးကတော့ မိမိအကောင့်လုံခြုံမှုအတွက် ဖုန်းနဲ့ သုံးတဲ
့အခါမျိုးမှာဆောင်ထားသင့်ပါတယ်။ Droid Sheep ဖြင့် Hacking လုပ်ခြင်းရန်မှ
ကာကွယ်ပေးပါတယ်။
10.DX Battery Saver
Pro>>> Battery Saver လေးပါ မိမိဖုန်းမှာ Battery စားသက်သာအောင်
CPU Low လုပ်တဲ့  function တွေအပြင် Long Mode
တွေပါပါတယ်။ဆောင်ထားသင့်ပါတယ်။
11.Easy Downloader
Pro>>> ဒါလေးကတော့ မိမိဖုန်းနဲ့ သုံးတဲ့ အခါမျိုးမှာ Application
သို့ မဟုတ် Game တစ်ခုခုကို download လုပ်ချင်တဲ့  အခါမျိုးမှာ
အသုံးပြုနိုင်ပါတယ်။ Resume ပါပါတယ်။
12.Easy
Filter>>>ဒီကောင်လေးကတော့ မိမိဖုန်းကိုနှောက်ယှက်မည့်ရန်မှ
ကာကွယ်ပေးမှာပါ။မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများကင်းဝေးမှာပါ။ Call Block
လေးပါ။
13.ES File
Explorer>>>File Manager လေးပါ။မိမိ Original filemanager
ပါလာတာကိုမသုံးချင်သူများအတွက် ဒီကောင်လေးက အဆင်ပြေပါတယ်။ file များကို
delete/copy/mode များကို လျှင်မြန်စွာအသုံးပြုနိုင်ပါတယ်။
14. Fast Reboot>>>
ဒါလေးကတော့ မိမိဖုန်းလေးလာတဲ့ အခါမျိုးမှာ လျှင်မြန်စွာ Reboot
ချပေးမည့်ကောင်လေးပါ တော်တော်လေးသုံးကောင်းပါတယ်။
15. Gallery Lock>>>
မိမိ၏ သူများမသိစေချင်သော vedio /photo များကို Lock
လုပ်ပေးမည့်ကောင်လေးပါ။ သူ၏ Application ကိုလည်း hidden လုပ်ပေးတဲ့
function လေးပါပါတယ်။
16.HD Panorama>>>
ဒီကောင်လေးကတော့ မိမိဖုန်းမှာ Original မြင်ကွင်းကျယ် ရိုက်ကူမှုမပါတဲ
့ဖုန်းများအတွက်ပါ ။ ဒီကောင်လေးကို အသုံးပြုပြီး မိမိ မိသားစုအဖွဲ
့လိုက်ပုံများကို ကြည်လင်စွာ ရိုက်ကူးနိုင်မှာပါ။
17.MMAS Market>>>
ဒါလေးကတော့ ကျွန်တော့တို့ ၏ myanmarmobileapp ၏ Market လေးပါ မိမိအသုံးလို
့သော Application and Game များကို မြန်မာဘာသာနဲ့ ရှင်းပြပေးထားပြီး
လိုချင်သော Application and Game များကို One Click Download စနစ်နဲ့ အသုံးပြုပြီး ဒေါင်းနိုင်မှာပါ။
18.Music
Off>>>မိမိသီချင်းဖွင့်လျှက်အိပ်ပျော်သွားတဲ့ အခါမျိုးမှာ
မလိုလားအပ်သော အသံဆူညံမှု Battery အားကုန်မှုတွေကိုဖြေရှင်းပေးမှာပါ။ Timer
နဲ့ မှတ်ပြီး သီချင်းတွေကို ပိတ်ပေးနိုင်ပါတယ်။
19.MX Player>>>
ဒါလေးကတော့ vedio player လေးပါ ။ ဖုန်းမှာ original player
မသုံးချင်သူများအဖို့ အဆင်ပြေမှာပါ။ FLV file တွေပါ support ပေးပါတယ်။
20.Ringdroid>>>ဒီကောင်လေးကတော့ မိမိဖုန်းနဲ့ တင် သီချင်းများကို ဖြတ်ညှပ်ကတ်လုပ်ချင်သူများအတွက် အဆင်ပြေမှာပါ။
21.Sensor music
player>>> ဒါလေးကတော့ sensor နဲ့  သီချင်းများကို
ကျော်ချင်ပြုချင်သူတွေအတွက်ပါ screen ကိုလက်နဲ့ မထိချင်သူတွေအတွက်ပါ။
22.SimSimi>>>
ဒီကောင်လေးကတော့စကားပြောသောအကောင်လေးပါ မိမိပျင်းနေတဲ့ အချိန်မျိုးမှာ
internet ဖွင့်ပြီး သူနဲ့ စကားပြောနိုင်ပါတယ်။
23.Titanium Backup
Pro>>>မိမိ၏ Application and game များကို backup လုပ်ချင်တဲ
့အချိန်မျိုးမှာ အသုံးပြုနိုင်ပါတယ်။တော်တော်လေးကောင်းတယ်။
24.Ultimate Voice Recorder>>> မိမိဖုန်းပြောတဲ့ အခါမျိုးမှာ တစ်ဖက်ကအသံကိုကြည်လင်စွာဖမ်းယူပေးနိုင်မည့် recorder လေးပါ.
25.Wifi
Protector>>>Public Network မှာ သုံးတဲ့သူတွေ အတွက် Privacy and
Safety ဆိုတာ တကယ်ကိုလို အပ်ပါတယ်။အများနဲ့အတူသုံးတဲ့အတွက်
ကိုယ်ချိတ်ဆက်ထားတဲ့ Network မှာ ဘယ်လိုလူတွေ သုံးနေလဲဆိုတာ
မသိနိုင်ပါဘူး။လူကောင်းတွေ ရှိသလို လူဆိုးတွေလဲ ရှိမှာပါ။ လူဆိုးထဲကမှ
ကိုယ့်အကောင့်ကို ယူသုံးချင်တဲ့သူတွေ။
ကိုယ့်ပက်ဝေါ့ခိုးချင်းတဲ့သူတွေစသဖြင့် လူမျိုးစုံအောင် သုံးကြမှာပါပဲ။
ဒီကြားထဲ နည်းပညာကိုစမ်းသပ်ချင်တဲ့ သူခိုးတစ်ပိုင်း(ဥပမာ – me)တွေလဲ
ပါတာပေါ့။သူများကို မကောင်းတာတော့မလုပ်ဘူး။ နည်းပညာပဲ ၀င်စမ်းတာပါပြောပြော
ပိုင်ရှင်မသိအောင်ခဏတော့ သုံးတာပေါ့ဗျာ။စိတ်ကတော့ ဒုက္ခပေးလိုစိတ်မရှိတော့
ငရဲတော့ မကြီးကောင်းပါဘူး။ အဲဒီလိုလူတွေ ရန်ကကာကွယ်ဖို့ ဒီဆော့ဝဲလေးကို
ဆောင်ထားပါ။Rootလုပ်ထားဖို့တော့ လိုအပ်ပါတယ်။
Credit:MMA(Myanmar Moblie App)
စာဖက်သူများနားမလည်တာရှိရင် ကွန်မန်းမှာစာချန်းပေးခဲ့ပါ
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။