{ads}

Call Taxi [2021]

Share


ဆာရာဗာနာက ချန်နိုင်းက သာမန်တက္ကစီဒရိုင်ဘာလေးတစ်ယောက်ပါ၊ အက်ရ်ှဝီနီကတော့ ရှေ့နေမလေးဖြစ်ပြီး ဆာရာဗာနာရဲ့ပုံမှန်ခရီးသည်တစ်ယောက်ဖြစ်ပါတယ်၊ အချိန်ကြာလာတဲ့အခါမှာတော့ သူတို့နှစ်ယောက်က ပုံမှန်မိတ်ဆွေအဖြစ်ကနေ ချစ်သူတွေဖြစ်သွားကြပါတော့တယ်။

အဲဒီအချိန်မှာ ချန်နိုင်းက ဖုန်းတက္ကစီဒရိုင်ဘာတွေက ပြသနာကြီးတစ်ခုနဲ့ကြုံတွေ့နေရပါတယ်၊ သူတို့က app တွေကနေတစ်ဆင့် ဆက်သွယ်ပြီးရလာတဲ့ခရီးသည်တွေကို သွားခေါ်ပြီးလိုရာခရီးကို ပို့ဆောင်ပေးရတာပါ

အဲဒီလိုအခြေအနေကိုအခွင့်‌ကောင်းယူပြီး ဒုစရိုက်သမားတွေက နာမည်အတု ဖုန်းနံပါတ်အတုတွေကိုသုံးပြီးလူသတ်မှုတွေကျူးလွန်လာခဲ့ကြပါတယ်။

ဒီလိုနဲ့ အမှုတွေကတစ်ခုပြီးတစ်ခုဆက်တိုက်ဖြစ်လာပါတော့တယ် တစ်နေ့မှာတော့…

ဆာရာဗာနာက အက်ရ်ှဝီနီရဲ့ဖခင်နဲ့တွေ့ဆုံဖို့အတွက် သူ့ရဲ့သူငယ်ချင်းဖြစ်သူကိုအကူအညီတောင်းပြီး သူ့ရဲ့ခရီးသည်ကို လိုက်ပို့ခိုင်းလိုက်ပါတယ်၊ အဲဒီအချိန်မှာပဲ သူငယ်ချင်းဖြစ်သူက ဒီဂိုဏ်းရဲ့လက်ချက်နဲ့ အသတ်ခံလိုက်ရပါတယ်

ဒါကြောင့် ဆာရာဗာနာက သူ့ရဲ့သူငယ်ချင်းဖြစ်သူအတွက် ဒီဂိုဏ်းကိုသူ့နည်းသူ့ဟန်နဲ့သူစုံစမ်းပြီး လက်စားချေဖို့လုပ်ခဲ့ပါတော့တယ်

ဆာရာဗာနာတစ်ယောက် ဒီဂိုဏ်းကိုရင်ဆိုင်ပြီး ပြသနာတွေကို ဖြေရှင်းနိုင်မှာလား… အခက်အခဲတွေကြားမှာ သူနဲ့အက်ရ်ှဝီနီနဲ့အချစ်ရေးကရော ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာတော့ ဒီကားထဲမှာပဲ ကြည့်ရူပေးကြပါအုန်းဗျ

#Cerdit
#GoldChannel









အခုလိုဝင်ရောက်ဖက်ရှုပေးတာကျေးဇူးတင်ပါတယ်....
အခုလိုဝင်ရောက်ဖက်ရှုပေးတာကျေးဇူးတင်ပါတယ်....



စာဖက်သူများနားမလည်တာရှိရင် ကွန်မန်းမှာစာချန်းပေးခဲ့ပါ

အောင်ဟိန်း (အခြေခံနည်းပညာ)
Download Now