{ads}

ကမၻာ့အလွဆုံးဖုန္းလို႔တင္စားထားတဲ့ 18:9 Full Screen Display နဲ႕ Mi Mix 2

Share


(Zawgyi)

မဂၤလာပါခင္ဗ်ာ…
 2017 Mi Product Launch မွာ Xiaomi ရဲ႕ ကမၻာ့အလွဆုံးဖုန္းလို႔တင္စားထားတဲ့ Mi Mix 2 ကိုမိတ္ဆက္ေပးခဲ့ပါတယ္။ မိတ္ဆက္ေပးစဥ္ အဆိုပါ Mi Mix 2 ရဲ႕ ပုံစံကိုျမင္ေတြ႕လိုက္ရခ်ိန္မွာပဲ တကယ္ပဲ ကမၻာ့အလွဆုံးဖုန္းလို႔တင္စားထားတဲ့အတိုင္းပဲ အင္မတန္လွပတဲ့ Design မ်ိဳးနဲ႕ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အမ်ားႀကီးေမွ်ာ္လင့္ထားၾကတဲ့အတိုင္း bezel-less ဖုန္းတလုံးနီးပါး ေဘးေဘာင္မဲ့ဖုန္းတလုံးအျဖစ္ Mi Mix 2 ထြက္ရွိလာခဲ့တာပဲျဖစ္ပါတယ္ခင္ဗ်ာ။ ကဲ… ပိုၿပီးရင္ခုန္ရေအာင္ ေအာက္မွာ သူ႕ရဲ႕ Highlights Features ေတြဆက္လက္ဖတ္ရႈလိုက္ပါဦး…

Qualcomm Snapdragon 835 SoC
6GB RAM / 256 GB Internal Memory
18:9 Screen, 5.99 Inches Display
Hidden Speaker & Proximity Sensor
Sony IMX386 ISP, 1.25um Large Pixel
4-Axis OIC
4-Sided Curved Ceramic Body
7-series Aluminum Alloy Frame
Support Global LTE Bands, 6 modes, 43 bands
အဆိုပါ Mi Mix 2 ကို Special Edition နဲ႕ Standard Edition ဆိုၿပီး (၂) မ်ိဳးထုတ္လုပ္ေရာင္းခ်ေပးမွာျဖစ္ပါတယ္။ Mi Mix 2 Special Edition ကို Unibody Full Ceramic Body နဲ႕ထုတ္လုပ္ေရာင္းခ်သြားမွာျဖစ္ပါတယ္ခင္ဗ်ာ။ ဒါ့အျပင္ အဆိုပါ Mi Mix 2 Special Edition ကို ထုတ္လုပ္တဲ့ေနရာမွာ သိပၸံဆိုင္ရာနည္းပညာထုတ္လုပ္မႈပိုင္းေတြမွာ ႀကီးမားတဲ့စိန္ေခၚမႈေတြနဲ႕ (၇) ရက္ခန႔္ဆက္တိုက္ရင္ဆိုင္ခဲ့ရတယ္လို႔လည္းသိရပါတယ္။ ဒီအခက္အခဲေတြကိုေက်ာ္ျဖတ္ၿပီးတဲ့ေနာက္မွာေတာ့ Mi Mix 2 Special Edition ကို RAM 8GB, ROM 128GB ထည့္သြင္းအသုံးျပဳထားတဲ့ Unibody Ceramic Body နဲ႕ Mi Mix 2 ကို RMB 4699 (ျမန္မာက်ပ္ေငြ 970000 Ks ဝန္းက်င္ ခန႔္မွန္းေစ်း) နဲ႕ ျပည္တြင္းေစ်းကြက္မွာေရာင္းခ်ေပးမွာျဖစ္ပါတယ္ခင္ဗ်ာ။

ဟုတ္ကဲ့… Mi Mix 2 (bezel-less) ဖုန္းတလုံးကိုထုတ္လုပ္ရတာ အမွန္တကယ္ပဲမလြယ္လွပါဘူး။ အဲ့ဒီမလြယ္လွတဲ့အပိုင္းေတြထဲမွာမွ Secondary Speaker (Ear speaker) လည္းအပါအဝင္ပဲျဖစ္ပါတယ္။ ေဘးေဘာင္မဲ့ဖုန္းတလုံးအတြက္ အသံပိုင္းစနစ္ေတြပိုမိုေကာင္းမြန္ဖို႔အတြက္ အသံကိုပဲ့ထိန္းတဲ့စနစ္ေတြအသုံးျပဳၿပီး Mi Mix 2 ကိုထုတ္လုပ္ထားတာျဖစ္ပါတယ္။ Cantilever Piezoelectric Ceramic Acoustic Technology အသုံးျပဳထားတာေၾကာင့္ သတၱဳေဘာင္ကို အသံတုန္ခါေစၿပီး ၎မွတဆင့္ Screen တေလွ်ာက္ အသံပို႔လႊတ္ေပးမွာျဖစ္ပါတယ္။

Mi Mix 2 ကိုေနာက္ထပ္အဆင့္ျမႇင့္တင္ထားတဲ့အပိုင္းကေတာ့ Camera ပိုင္းပဲျဖစ္ပါတယ္ခင္ဗ်ာ။ Mi Mix 2 ရဲ႕ Camera ကို Flagship level camera နဲ႕အဆင့္ျမႇင့္ထားတာျဖစ္ၿပီး Mi 6 ရဲ႕ Primary Camera မွာအသုံးျပဳထားတဲ့ Sony IMX386 sensor, 1.25um large pixels 4-axis OIS Camera ကိုအသုံးျပဳထားတာပဲျဖစ္ပါတယ္။ ဒါ့အျပင္ Global Network နဲ႕ပါတ္သတ္ၿပီး 4G LTE Supported ကို နိုင္ငံတိုင္းလိုလိုမွာအသုံးျပဳနိုင္တဲ့ 6 modes, 43 bands ထိ Supported ေပးထားတာျဖစ္ပါတယ္ခင္ဗ်ာ။

အဆိုပါ Mi Mix 2 Standard Edition ကို (၃) မ်ိဳးထုတ္လုပ္ေရာင္းခ်သြားမည္ျဖစ္ၿပီး RAM 6GB, ROM 64GB ကို RMB 3299 (ျမန္မာက်ပ္ေငြ 700000 Ks ဝန္းက်င္ ခန႔္မွန္းေစ်း) ၊ RAM 6GB, ROM 128GB ကို RMB 3599 (ျမန္မာက်ပ္ေငြ 750000 Ks ဝန္းက်င္ ခန႔္မွန္းေစ်း) ၊ RAM 6GB, ROM 256GB ကို RMB 3999 (ျမန္မာက်ပ္ေငြ 850000 Ks ဝန္းက်င္ ခန႔္မွန္းေစ်း) အသီးသီးရွိမည္ျဖစ္ပါသည္။

(Unicode)

မင်္ဂလာပါခင်ဗျာ…

 2017 Mi Product Launch မှာ Xiaomi ရဲ့ ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့ Mi Mix 2 ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးစဥ်  အဆိုပါ Mi Mix 2 ရဲ့ ပုံစံကိုမြင်တွေ့လိုက်ရချိန်မှာပဲ တကယ်ပဲ ကမ္ဘာ့အလှဆုံးဖုန်းလို့တင်စားထားတဲ့အတိုင်းပဲ အင်မတန်လှပတဲ့ Design မျိုးနဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။ အများကြီးမျှော်လင့်ထားကြတဲ့အတိုင်း bezel-less ဖုန်းတလုံးနီးပါး ဘေးဘောင်မဲ့ဖုန်းတလုံးအဖြစ် Mi Mix 2 ထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ ကဲ… ပိုပြီးရင်ခုန်ရအောင် အောက်မှာ သူ့ရဲ့ Highlights Features တွေဆက်လက်ဖတ်ရှုလိုက်ပါဦး…

  • Qualcomm Snapdragon 835 SoC
  • 6GB RAM / 256 GB Internal Memory
  • 18:9 Screen, 5.99 Inches Display
  • Hidden Speaker & Proximity Sensor
  • Sony IMX386 ISP, 1.25um Large Pixel
  • 4-Axis OIC
  • 4-Sided Curved Ceramic Body
  • 7-series Aluminum Alloy Frame
  • Support Global LTE Bands, 6 modes, 43 bands

အဆိုပါ Mi Mix 2 ကို Special Edition နဲ့ Standard Edition ဆိုပြီး (၂) မျိုးထုတ်လုပ်ရောင်းချပေးမှာဖြစ်ပါတယ်။ Mi Mix 2 Special Edition ကို Unibody Full Ceramic Body နဲ့ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒါ့အပြင် အဆိုပါ Mi Mix 2 Special Edition ကို ထုတ်လုပ်တဲ့နေရာမှာ သိပ္ပံဆိုင်ရာနည်းပညာထုတ်လုပ်မှုပိုင်းတွေမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ (၇) ရက်ခန့်ဆက်တိုက်ရင်ဆိုင်ခဲ့ရတယ်လို့လည်းသိရပါတယ်။ ဒီအခက်အခဲတွေကိုကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ Mi Mix 2 Special Edition ကို RAM 8GB, ROM 128GB ထည့်သွင်းအသုံးပြုထားတဲ့ Unibody Ceramic Body နဲ့ Mi Mix 2 ကို RMB 4699 (မြန်မာကျပ်ငွေ 970000 Ks ဝန်းကျင် ခန့်မှန်းစျေး) နဲ့ ပြည်တွင်းစျေးကွက်မှာရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့… Mi Mix 2 (bezel-less) ဖုန်းတလုံးကိုထုတ်လုပ်ရတာ အမှန်တကယ်ပဲမလွယ်လှပါဘူး။ အဲ့ဒီမလွယ်လှတဲ့အပိုင်းတွေထဲမှာမှ Secondary Speaker (Ear speaker)  လည်းအပါအဝင်ပဲဖြစ်ပါတယ်။ ဘေးဘောင်မဲ့ဖုန်းတလုံးအတွက် အသံပိုင်းစနစ်တွေပိုမိုကောင်းမွန်ဖို့အတွက် အသံကိုပဲ့ထိန်းတဲ့စနစ်တွေအသုံးပြုပြီး Mi Mix 2 ကိုထုတ်လုပ်ထားတာဖြစ်ပါတယ်။ Cantilever Piezoelectric Ceramic Acoustic Technology အသုံးပြုထားတာကြောင့် သတ္တုဘောင်ကို အသံတုန်ခါစေပြီး ၎င်းမှတဆင့် Screen တလျှောက် အသံပို့လွှတ်ပေးမှာဖြစ်ပါတယ်။

Mi Mix 2 ကိုနောက်ထပ်အဆင့်မြှင့်တင်ထားတဲ့အပိုင်းကတော့ Camera ပိုင်းပဲဖြစ်ပါတယ်ခင်ဗျာ။ Mi Mix 2 ရဲ့  Camera ကို Flagship level camera နဲ့အဆင့်မြှင့်ထားတာဖြစ်ပြီး Mi 6 ရဲ့  Primary Camera မှာအသုံးပြုထားတဲ့ Sony IMX386 sensor, 1.25um large pixels 4-axis OIS Camera ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် Global Network နဲ့ပါတ်သတ်ပြီး 4G LTE Supported ကို နိုင်ငံတိုင်းလိုလိုမှာအသုံးပြုနိုင်တဲ့ 6 modes, 43 bands ထိ Supported ပေးထားတာဖြစ်ပါတယ်ခင်ဗျာ။

အဆိုပါ Mi Mix 2 Standard Edition ကို (၃) မျိုးထုတ်လုပ်ရောင်းချသွားမည်ဖြစ်ပြီး RAM 6GB, ROM 64GB ကို RMB 3299 (မြန်မာကျပ်ငွေ 700000 Ks ဝန်းကျင် ခန့်မှန်းစျေး) ၊ RAM 6GB, ROM 128GB ကို RMB 3599 (မြန်မာကျပ်ငွေ 750000 Ks ဝန်းကျင် ခန့်မှန်းစျေး) ၊ RAM 6GB, ROM 256GB ကို RMB 3999 (မြန်မာကျပ်ငွေ 850000 Ks ဝန်းကျင် ခန့်မှန်းစျေး) အသီးသီးရှိမည်ဖြစ်ပါသည်။


Download Now