{ads}

အထင္နဲ႔အျမင္

Share

Zawgyi font

ဒီ ပို႕ေလးကို ခဏခဏဖတ္မိတယ္
ဖတ္တိုင္းလည္းအေတြးတခုခုက်န္တယ္
အားလံုးဖတ္ေစခ်င္လို႕ ျပန္တင္ေပးလိုက္ပါတယ္

တခါက ဆင္းရဲသားရပ္ကြက္ ထဲကို အပ်ဳိၾကီးတစ္ေယာက္ အိမ္ေျပာင္းလာတယ္ ။ သူေျပာင္းလာတဲ့ အိမ္ေဘး ကပ္ရပ္မွာ ဆင္းရဲနုံခ်ာတဲ့မိသားစုေလးတစု ရွိပါတယ္ ။ မုဆိုးမတစ္ေယာက္နဲ႔ သူ႔ကေလးနွစ္ေယာက္ေပါ့..

အပ်ဳိၾကီးက "မတတ္နိုင္ဘူးေလ..ဒီေနရာေရာက္မွေတာ့..
ဒီလုိလူမ်ဳိးေတြနဲ႔ ပတ္သတ္ရဦးမွာေပါ့.." 
လို႔ သူ႔ဘာသာေတြးျပီး စိတ္ပ်က္သြားမိတယ္။

အဲ့ညမွာပဲ ထံုးစံအတိုင္း ရပ္ကြက္မီးက ရုတ္တရက္ ပ်က္သြားခဲ့တယ္။ မီးပ်က္ေတာ့ အမ်ဳိးသမီးက ဖေယာင္းတုိင္ထြန္းဖို႔ သူ႔ဖေယာင္းတိုင္ထုပ္ကိုလိုက္ရွာတာေပါ့ .. 
ခဏေနေတာ့ သူရွာေတြ႔သြားတယ္..

ေတြ႔ျပီးေတာ့ သိပ္မၾကာပါဘူး… တစ္စံုတစ္ေယာက္က သူ႔အိမ္တံခါးလာေခါက္တာကို ၾကားလိုက္မိတယ္။

တံခါးဖြင့္ၾကည့္ေတာ့ ေဘးအိမ္က ကေလးငယ္
တစ္ေယာက္က စိတ္လႈပ္ရွားတဲ့အသံနဲ႔ “အန္တီ..
အန္တီတို႔အိမ္မွာ ဖေယာင္းတိုင္ရွိလား” လို႔ ေမးလိုက္တယ္။

အမ်ဳိးသမီးက "အင္း.. ဆင္းရဲလြန္းလို႔ ဖေယာင္းတိုင္ေတာင္ 
မဝယ္ႏိုင္ပါလားေနာ္ ... ဒါေပမယ့္ ခဏခဏ လာေတာင္းေန
မွာစိုးရတယ္။ ေပးလို႔မျဖစ္ဘူး..” လို႔ေတြးျပီး “မရွိဘူး” 
လို႔ အသံမာမာနဲ႔ ေအာ္ျပီး တံခါးပိတ္ဖို႔ ျပင္လိုက္တယ္။

အဲဒီအခ်ိန္မွာ ကေလးငယ္က ျပံဳးျပီး “ထင္သားပဲ ... အန္တီက 
အခုမွ အိမ္ေျပာင္းလာတာဆုိေတာ့ ဖေယာင္းတိုင္ မပါေလာက္
ဘူးဆုိျပီး ေမွာင္မဲမဲထဲမွာ အန္တီေၾကာက္ေနမွာစိုးလို႔ သမီးက ဖေယာင္းတိုင္ 
လာပို႔တာ” လို႔ေျပာျပီး အဖာေတြထပ္ေနတဲ့အက်ၤီအိတ္ထဲက
ဖေယာင္းတိုင္ေလးကို ထုတ္ေပးလုိက္တယ္။

အမ်ဳိးသမီးကေတာ့ ကိုယ့္ကိုယ္ကုိ ရွက္မိျပီး 
ဘာမွျပန္မေျပာႏိုင္ေအာင္ ဆြံ႕အသြားခဲ႔တယ္။

ကိုယ့္ထက္သာ မနာလို၊
ကိုယ့္ထက္နိမ့္ပါးသူအား နိမ့္ခ်ဆက္ဆံသူ
အဖို႔ကေတာ့ အထင္ နဲ႔ လက္ေတြ႔အျမင္ဟာ လြဲေခ်ာ္ေနမွာပါ။

လူပီသဖို႔ ရုပ္လွဖို႔ထက္ စိတ္လွဖို႔အေရးျကီးတယ္။
ေငြခ်မ္းသာဖို႔ထက္ စိတ္ေစတနာခ်မ္းသာဖို႔အေရးျကီးတယ္။

ြခ်မ္းသာေပမယ့္ ယူေသာလက္ျဖစ္ေနတတ္တယ္။
ဆင္းရဲေပမယ့္ ေပးေသာလက္လဲ ျဖစ္နိုင္တယ္။
ေပးေသာလက္ျဖစ္ဖို႔ ေငြခ်မ္းသာဖို႔မလိုဘူး၊
ျမင့္ျမတ္တဲ႔စိတ္ထား ရွိဖို႔သာလိုတယ္။

ျမင့္ျမတ္ေသာစိတ္အသိဥာဏ္ပညာမပါပဲ ပိုင္ဆုိင္မႈေတြ 
မ်ားသထက္ မ်ားျပားလာသူတခိ်ဳ႕မွာ
ကိုယ္ခ်င္းစာတရားေတြ ေခါင္းပါးလာၾကတယ္...
ဂရုဏာတရားေတြ ေပ်ာက္ကြယ္လာၾကတယ္...
သံသယမ်က္လံုးေတြနဲ႕ ၾကည့္တတ္လာၾကတယ္...
လူသားအခ်င္းခ်င္း ပံုမွန္ဆက္ဆံေရးေတြ 
ကြယ္ေပ်ာက္လာတတ္ၾကတယ္...။

ကြ်န္ေတာ္တို႕ေနေနတဲ႕ လူပတ္ဝန္က်င္ႀကီးက
ေငြ ရွိမွ လူရာဝင္  ေငြမရွိလိုကေတာ့
အသက္ရွဴတာေတာင္အပစ္မလြတ္ဖူး
စားႏိုင္ေသာက္ႏိုင္သူကို ပိုေကြ်းခ်င္ႀကၿပီး
ငတ္ျပတ္ေနတဲ႕သူကိုေတာ့ 
ေစတနာမထားတက္ႀကတာ သဘာဝလို
ျဖစ္ေနၾကပါၿပီ  လူတိုင္းေတာ့မဟုတ္ပါဘူး

Unicode font
ဒီ ပို့လေးကို ခဏခဏဖတ်မိတယ်
ဖတ်တိုင်းလည်းအတွေးတခုခုကျန်တယ်
အားလုံးဖတ်စေချင်လို့ ပြန်တင်ပေးလိုက်ပါတယ်

တခါက ဆင်းရဲသားရပ်ကွက် ထဲကို အပျိုကြီးတစ်ယောက် အိမ်ပြောင်းလာတယ် ။ သူပြောင်းလာတဲ့ အိမ်ဘေး ကပ်ရပ်မှာ ဆင်းရဲနုံချာတဲ့မိသားစုလေးတစု ရှိပါတယ် ။ မုဆိုးမတစ်ယောက်နဲ့ သူ့ကလေးနှစ်ယောက်ပေါ့..

အပျိုကြီးက "မတတ်နိုင်ဘူးလေ..ဒီနေရာရောက်မှတော့..
ဒီလိုလူမျိုးတွေနဲ့ ပတ်သတ်ရဦးမှာပေါ့.." 
လို့ သူ့ဘာသာတွေးပြီး စိတ်ပျက်သွားမိတယ်။

အဲ့ညမှာပဲ ထုံးစံအတိုင်း ရပ်ကွက်မီးက ရုတ်တရက် ပျက်သွားခဲ့တယ်။ မီးပျက်တော့ အမျိုးသမီးက ဖယောင်းတိုင်ထွန်းဖို့ သူ့ဖယောင်းတိုင်ထုပ်ကိုလိုက်ရှာတာပေါ့ .. 
ခဏနေတော့ သူရှာတွေ့သွားတယ်..

တွေ့ပြီးတော့ သိပ်မကြာပါဘူး… တစ်စုံတစ်ယောက်က သူ့အိမ်တံခါးလာခေါက်တာကို ကြားလိုက်မိတယ်။

တံခါးဖွင့်ကြည့်တော့ ဘေးအိမ်က ကလေးငယ်
တစ်ယောက်က စိတ်လှုပ်ရှားတဲ့အသံနဲ့ “အန်တီ..
အန်တီတို့အိမ်မှာ ဖယောင်းတိုင်ရှိလား” လို့ မေးလိုက်တယ်။

အမျိုးသမီးက "အင်း.. ဆင်းရဲလွန်းလို့ ဖယောင်းတိုင်တောင် 
မဝယ်နိုင်ပါလားနော် ... ဒါပေမယ့် ခဏခဏ လာတောင်းနေ
မှာစိုးရတယ်။ ပေးလို့မဖြစ်ဘူး..” လို့တွေးပြီး “မရှိဘူး” 
လို့ အသံမာမာနဲ့ အော်ပြီး တံခါးပိတ်ဖို့ ပြင်လိုက်တယ်။

အဲဒီအချိန်မှာ ကလေးငယ်က ပြုံးပြီး “ထင်သားပဲ ... အန်တီက 
အခုမှ အိမ်ပြောင်းလာတာဆိုတော့ ဖယောင်းတိုင် မပါလောက်
ဘူးဆိုပြီး မှောင်မဲမဲထဲမှာ အန်တီကြောက်နေမှာစိုးလို့ သမီးက ဖယောင်းတိုင် 
လာပို့တာ” လို့ပြောပြီး အဖာတွေထပ်နေတဲ့အကျၤီအိတ်ထဲက
ဖယောင်းတိုင်လေးကို ထုတ်ပေးလိုက်တယ်။

အမျိုးသမီးကတော့ ကိုယ့်ကိုယ်ကို ရှက်မိပြီး 
ဘာမှပြန်မပြောနိုင်အောင် ဆွံ့အသွားခဲ့တယ်။

ကိုယ့်ထက်သာ မနာလို၊
ကိုယ့်ထက်နိမ့်ပါးသူအား နိမ့်ချဆက်ဆံသူ
အဖို့ကတော့ အထင် နဲ့ လက်တွေ့အမြင်ဟာ လွဲချော်နေမှာပါ။

လူပီသဖို့ ရုပ်လှဖို့ထက် စိတ်လှဖို့အရေးကြီးတယ်။
ငွေချမ်းသာဖို့ထက် စိတ်စေတနာချမ်းသာဖို့အရေးကြီးတယ်။

ွချမ်းသာပေမယ့် ယူသောလက်ဖြစ်နေတတ်တယ်။
ဆင်းရဲပေမယ့် ပေးသောလက်လဲ ဖြစ်နိုင်တယ်။
ပေးသောလက်ဖြစ်ဖို့ ငွေချမ်းသာဖို့မလိုဘူး၊
မြင့်မြတ်တဲ့စိတ်ထား ရှိဖို့သာလိုတယ်။

မြင့်မြတ်သောစိတ်အသိဉာဏ်ပညာမပါပဲ ပိုင်ဆိုင်မှုတွေ 
များသထက် များပြားလာသူတခိျု့မှာ
ကိုယ်ချင်းစာတရားတွေ ခေါင်းပါးလာကြတယ်...
ဂရုဏာတရားတွေ ပျောက်ကွယ်လာကြတယ်...
သံသယမျက်လုံးတွေနဲ့ ကြည့်တတ်လာကြတယ်...
လူသားအချင်းချင်း ပုံမှန်ဆက်ဆံရေးတွေ 
ကွယ်ပျောက်လာတတ်ကြတယ်...။

ကျွန်တော်တို့နေနေတဲ့ လူပတ်ဝန်ကျင်ကြီးက
ငွေ ရှိမှ လူရာဝင် ငွေမရှိလိုကတော့
အသက်ရှူတာတောင်အပစ်မလွတ်ဖူး
စားနိုင်သောက်နိုင်သူကို ပိုကျွေးချင်ကြပြီး
ငတ်ပြတ်နေတဲ့သူကိုတော့ 
စေတနာမထားတက်ကြတာ သဘာဝလို
ဖြစ်နေကြပါပြီ လူတိုင်းတော့မဟုတ်ပါဘူး


Download Now