{ads}

MPT ဆိုင္ရာ သိထားသင့္ေသာ အရာမ်ား

Share


ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများ

အစည်းအဝေးခေါ်ဆိုမှု

အစည်းအဝေး ခေါ်ဆိုမှုဆိုသည်မှာ ဖုန်းခေါ်ဆိုမှု တစ်ကြိမ်အတွင်း (Initiator အပါအဝင်) ဖုန်းနံပါတ်ခြောက်ခုအထိ တစ်ပြိုင်တည်းဖုန်းခေါ်ပြီး ပြောဆိုဆွေးနွေးနိုင်အောင် အထောက်အပံ့ပေးထားသောဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

 

အစည်းအဝေးခေါ်ဆိုမှုအား အသုံးပြုပုံ

အသံပေးပို့ခြင်း

မိမိခေါ်ဆိုသူ၏ဖုန်းမှာ ယာယီခေါ်ဆိုမရ၍ဖြစ်စေ၊ ဖုန်းပိတ်ထား၍ဖြစ်စေ၊ မိမိပြောလိုသည်များကို အသံမက်ဆေ့ခ်ျအဖြစ် ချန်ထားခဲ့နိုင်သည့် ဝန်ဆောင်မှုဖြစ်သည်။

 

နှုတ်ဆက်သံနှင့် လျှို့ဝှက်နံပါတ် သတ်မှတ်ခြင်း

လက်ခံရရှိထားသော Voice Mail များအားစစ်ဆေးခြင်း

Voice Mail နှင့်ပတ်သက်သောအချက်အလက်များ

  • အများဆုံး Voice Mail အစောင် ၂၀ လက်ခံထားနိုင်ပါသည်။
  • Voice Mail ထားခဲ့ခြင်း သို့မဟုတ် 1550 သို့ခေါ်ဆိုခြင်းတို့အတွက် ပုံမှန်ခေါ်ဆိုမှုနှုန်းထားအတိုင်းကျသင့်မည်ဖြစ်သည်။
  • လက်ခံရရှိထားသော Voice Mail အား အခြားနံပါတ်တစ်ခုမှနေ၍ 1550 အားဖုန်းခေါ်ဆိုခြင်းဖြင့်စစ်ဆေးနိုင်ပါသည်။
  • Voice mail ဝန်ဆောင်မှုနှင့် Missed Call Alert ဝန်ဆောင်မှုများအားတပြိုင်နက်အသုံးပြု၍ မရပါ။
  • ၂၀၁၆ ဧပြီ ၁ ရက်နေ့မှ စ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံပါသည်။

လွတ်သွားသော ခေါ်ဆိုမှုများအတွက် အသိပေးခြင်း

သုံးစွဲသူများအနေဖြင့် မိမိတို့မအား၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ဖုန်းလက်မခံနိုင်သည့် အချိန်တွင် လက်ခံရရှိထားသော အဝင်ခေါ်ဆိုမှုများ (Miss Calls) ကို SMS ဖြင့် အကြောင်းကြားသည့်ဝန်ဆောင်မှု ဖြစ်ပါသည်။

လွတ်သွားသော ခေါ်ဆိုမှုများအတွက် အသိပေးခြင်း နှင့်ပတ်သက်သည့်အချက်အလက်များ

  • Missed Call များလက်ခံထားရှိပါက System မှနေ၍ အလိုအလျောက် SMS ပေးပို့သွားမည်ဖြစ်သည်။
  • Voice Mail ဝန်ဆောင်မှုနှင့် Missed Call Alert ဝန်ဆောင်မှုများအားတစ်ပြိုင်နက်အသုံးပြုနိုင်မည်မဟုတ်ပါ။

သုံးစွဲသူအချင်းချင်း ဖုန်းလက်ကျန်ငွေလွှဲခြင်း

သုံးစွဲသူအနေဖြင့် မိုဘိုင်းဖုန်းအချင်းချင်း ငွေလက်ကျန်လွှဲပြောင်းပေးသည့်ဝန်ဆောင်မှုဖြစ်ပါသည်။

ဖုန်းလက်ကျန်ငွေလွှဲပြောင်းပေးခြင်းနှင့်ပတ်သက်သည့်အချက်အလက်များ

  • တစ်ကြိမ်လျှင်အနည်းဆုံး ၃၀၀ ကျပ်မှ အများဆုံး ၁၀၀၀၀ ကျပ်အထိ လွှဲပြောင်းဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။
  • တစ်နေ့တာအတွက်လွှဲပြောင်းဖြည့်သွင်းပေးနိုင်သည့်အကြိမ်အရေအတွက်မှာ (၅) ကြိမ်ဖြစ်ပါသည်။
  • အဆိုပါဝန်ဆောင်မှုသည် MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA အသုံးပြုသူများသာအသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • Postpaid အသုံးပြုသူများအနေဖြင့် ငွေလက်ကျန်ချေးယူခြင်း၊လက်ခံခြင်းများပြုလုပ်နိုင်မည်မဟုတ်ပါ။
  • ငွေဖြည့်ပေးမည့်သူဘက်မှာမိမိတွင် ငွေဖြည့်ပေးမည့်ပမာဏအတွက် လုံလောက်သော လက်ကျန်ငွေရှိရမည် ဖြစ်သည်။
  • ဖုန်းခေါ်ဆိုမှုပိတ်ခံထားရသော အသုံးပြုသူများ၊ ဖုန်းခေါ်ဆိုမှုနှင့်လက်ခံမှုအပိတ်ခံထားရသူများ သည်မိုဘိုင်းဖုန်းအချင်းချင်းငွေလက်ကျန်လွှဲပေးသည့်ဝန်ဆောင်မှုအား လက်ခံအသုံးပြုနိုင်သည်။
  • ၂၀၁၆ ဧပြီ ၁ ရက်နေ့မှ စ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံပါသည်။

ဥပမာအခြားဖုန်းတစ်ခုသို့ အဝင်ခေါ်ဆိုမှု လွှဲပေးခြင်း

သုံးစွဲသူများအနေဖြင့် အခြေအနေအကြောင်းကြောင့် လက်ခံနိုင်ခြင်း မရှိသည့် အဝင်ခေါ်ဆိုမှုများကို အခြားမိမိလက်ခံနိုင်မည့် ဖုန်းနံပါတ်သို့ လွှဲပြောင်းပေးသည့် ဝန်ဆောင်မှုဖြစ်ပါသည်။

 

အဝင်ခေါ်ဆိုမှုလွှဲပြောင်းပေးခြင်းနှင့်ပတ်သက်သည့်အချက်အလက်များ

  • မြန်မာနိုင်ငံအတွင်းတပ်ဆင်ထားသော မိုဘိုင်းဖုန်းနှင့် ကြိုးဖုန်းများကို လွှဲပေးနိုင်သည်။
  • ဖုန်းခေါ်ဆိုမှုလွှဲပေးနေစဉ် Call Forwarding ပြုလုပ်ထားသူသည်ဖုန်းခပေးဆောင်ရပါမည်။
  • A(Caller)-B(Forwarder)-C(Receiver)။
  • B (Forwarder)သည် ခေါ်ဆိုမှုကြာချိန်အရ ၎င်းရယူထားသော ဝန်ဆောင်မှုနှုန်းထားဖြင့်ဖုန်းခပေးဆောင်ရပါမည်။
  • ဝန်ဆောင်မှုရယူထားသူများသည် ပြည်ပနိုင်ငံများသို့မထွက်ခွာမည် Call Forwarding ကိုပိတ်ထားရပါမည်။
  • ၂၀၁၆ ဧပြီ ၁ ရက်နေ့မှ စ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံပါသည်။

အဝင်ခေါ်ဆိုမှုကို စောင့်ဆိုင်းစေခြင်း

အသုံးပြုသူသည် ဖုန်းလက်ခံပြောဆိုနေစဉ်အတွင်း အခြားအဝင်ဖုန်းတစ်ခုရောက်ရှိကြောင်း အသိပေးခံရပါမည်။ အသုံးပြုသူသည် ခေါ်ဆိုမှုအသစ်ကို လက်ခံရန် (သို့)လက်ရှိပြောနေသော ခေါ်ဆိုမှုကို အဆုံး သတ်ရန်ရွေးချယ်ရပါမည်။

ခေါ်ဆိုမှုကို စောင့်ဆိုင်းစေခြင်းနှင့်ပတ်သက်သည့်အချက်အလက်များ

  • တစ်ကြိမ်လျှင် နောက်ထပ်အဝင်ခေါ်ဆိုမှု တစ်ခုသာ စောင့်ဆိုင်းနိုင်မှာဖြစ်ပါသည်။
  • နောက်ထပ်အဝင်ခေါ်ဆိုမှုအတွက် သင်လက်ရှိဖုန်းပြောနေစဉ် အဝင်ခေါ်ဆိုမှုတစ်ခု ထပ်မံရရှိနေပါက သိရှိနိုင်မည်ဖြစ်ပြီး၊ သင့်အနေနှင့် လက်ရှိပြောလက်စ ဖုန်းနှင့် ဆက်လက်ပြောလို လျှင်ဖြစ်စေ၊နောက်ထပ်ခေါ်ဆိုမှုအားလက်ခံလိုလျှင်ဖြစ်စေ ရွေးချယ်နိုင်မည်ဖြစ်ပါသည်။
  • ပထမခေါ်ဆိုသူသည် ဆက်လက်ဖုန်းကိုင်ထားပါက Call Buttom ကိုနှိပ်ပြီး ပထမခေါ်ဆိုသူထံသို့ပြန်လည်ပြောင်းလဲ ခေါ်ဆိုနိုင်ပါတယ်။
  • ၂၀၁၆ ဧပြီ ၁ ရက်နေ့မှ စ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်း ကောက်ခံပါသည်။

ဖုန်းပြန်ခေါ်ပေးပါ

အသုံးပြုသူသည် ဖုန်းပြန်ခေါ်ပေးပါဝန်ဆောင်မှုရယူရန်အောက်ပါ USSD Code ကိုအသုံးပြုရမည်ဖြစ်သည်။

*222* ပြန်ခေါ်ဆိုစေလိုသောဖုန်းနံပါတ်ဋခေါ်ဆိုပါ

ပြန်ခေါ်စေလိုသူထံတွင် အောက်ပါ SMS ကိုရရှိမည်ဖြစ်သည်။

ကြိုတင်ချေးငွေ (ယူထား)

ကိုတင်ချေးငွေစနစ်(ယူထား)ကို MPT မှတိုက်ရိုက်ချေးယူနိုင်ပါသည်။ ဤစနစ်သည် ငွေဖြည့်ကဒ်အလွယ်တကူမရနိုင်သည့်နေရာတွင် အရေးပေါ်အဖြစ်အသုံးပြုနိုင်ရန် စီစဉ်ထား ပါသည်။

ကှိုတငခှှေးငှေ (ယူထား) ရယူရနှ

  • ချေးငွေသည် MPT ၏ဝန်ဆောင်မှုအားလုံးအတွက်ရက် ၃၀ အကျူံးဝင်မည်ဖြစ်သည်။
  • ၈၀၀ ကျပ်(သို့) ၈၅၃ ကျပ်ထက်ပိုသောငွေဖြည့်မှုဖြစ်စေ၊ ငွေလက်ကျန် လွှဲပြောင်းမှုဖြစ်စေပြုလုပ်သည့်အခါ ချေးငွေ ၈၀၀ကျပ်+ဝန်ဆောင်ခ ၅၃(၅% အခွန်) ကျပ်အား ဖြတ်တောက်မည်ဖြစ်သည်။

ကြိုတင်ချေးငွေ(ယူထား) အသုံးပြုခြင်းနှင့် ပတ်သက်သည့်အချက်အလက်များ

  • GSM/WCDMA အသုံးပြုသူများအားလုံး ယူထားဝန်ဆောင်မှုအားအသုံးပြုနိုင်ပါသည်။(ဖုန်းလက်ခံပြောဆိုခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုခြင်းနှင့် လက်ခံပြောဆိုခြင်းများအားပိတ်ထားသူများအနေဖြင့် ယူထားဝန်ဆောင်မှုအားအသုံးမပြုနိုင်ပါ။)
  • လက်ကျန်ငွေ ၂၀၀ ကျပ်အောက်လျော့နည်းနေသူများ
  • လွန်ခဲ့သော ၆ လအတွင်းအနည်းဆုံးတစ်ကြိမ်ငွေဖြည့်ထားသူများ
  • ပေးချေရန်ကျန်သောချေးငွေမရှိသူများ
  • ၂၀၁၆ ဧပြီ ၁ ရက်နေ့မှ စ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်းကောက်ခံပါသည်။

ခေါ်သူနားဆင် တေးသံစဉ်

အသုံးပြုသူသည် မိမိဖုန်းကို အခြားသူများ ခေါ်ဆိုနေစဉ် သီချင်းသံစဉ်နှင့် ဖျော်ဖြေပေးနိုင်ပါသည်။

 

 

 

ActionKeyword to send to shortcode
ထိပ်တန်းသံစဉ်များကိုမေးရန်Top
နောက်ဆုံးပေါ်သီချင်းများကိုမေးရန်Latest
မိမိတွင်ရှိသည့် သီချင်းများကိုမေးရန်mylib
သံစဉ်ဝယ်ရန်buy «songcode»
သံစဉ်ကိုပယ်ဖျက်ရန်Delete «songcode»
သံစဉ်ကို ပုံသေထားရန်def «songcode»

 

သီချင်းဝယ်ယူရန်

 

Download Now