{ads}

ဝက္ဝံႀကီးနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္

Share

ဝက္ဝံႀကီးနဲ႔ သူငယ္ခ်င္းႏွစ္ေယာက္

တစ္ခါက ႐ြာတစ္႐ြာမွာ ဂၽြန္နဲ႔ စတီဖင္ အမည္ရွိတဲ့ သူငယ္ခ်င္းႏွစ္ေယာက္ရွိၾကတယ္။ တစ္ေန႔မွာေတာ့ သူတို႔ႏွစ္ေယာက္ဟာ အလုပ္ကိစၥတစ္ခုေၾကာင့္ ၿမိဳ႕ေပၚကိုသြားဖို႔ အေၾကာင္းအရင္းတစ္ခုေပၚလာပါတယ္။

ၿမိဳ႕ကိုသြားတဲ့လမ္းတစ္ေလၽွာက္မွာ ေတာအုပ္တစ္ခုကို ျဖတ္ရမွာျဖစ္တာေၾကာင့္ သူငယ္ခ်င္းႏွစ္ေယာက္ဟာ အခုလိုပဲ ကတိသစၥာျပဳခဲ့ၾကပါတယ္။ "သူငယ္ခ်င္း…အခုဒီေတာအုပ္က ေတာေကာင္ႀကီးေတြေပါၿပီး အႏၲရာယ္မ်ားတာ မင္းေရာငါေရာ သိၾကတယ္ေနာ္။ အခုမလႊဲမေရွာင္သာ ေက်ာ္ျဖတ္ရေတာ့မယ္။ ေတာထဲမွာဘယ္လိုပဲ ေဘးအႏၲရာယ္ေတြနဲ႔ပဲႀကဳံႀကဳံ တစ္ေယာက္ကိုတစ္ေယာက္ ပစ္ပယ္မထားဘဲ ႏွစ္ေယာက္အတူရင္ဆိုင္ၾကရေအာင္" ဆိုၿပီး သေဘာတူညီမႈထားခဲ့ၾကပါတယ္။

တျဖည္းျဖည္းနဲ႔ ေတာနက္ထဲေရာက္လာၿပီး တစ္ေနရာအေရာက္မွာေတာ့ ဝက္ဝံႀကီးတစ္ေကာင္က သူတို႔ဆီကို တန္းတန္းမတ္မတ္လာေနတာကို ေတြ႕လိုက္ရပါတယ္။ အဲဒီအခါမွာ ႏွစ္ဦးစလုံး ဘာလုပ္ရမွန္းမသိေအာင္ ေၾကာက္လန္႔သြားခဲ့ပါတယ္။ ေနာက္ေတာ့ စတီဖင္က ေၾကာက္အားလန္႔အားနဲ႔ အနီးနားမွာရွိတဲ့ သစ္ပင္ေပၚကို ကုတ္တက္သြားခဲ့ပါတယ္။ ဂၽြန္ကေတာ့ သစ္ပင္လည္း မတက္တက္တာေၾကာင့္ ေၾကာက္လန္႔ၿပီး ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ေနတုန္း ေတာ႐ိုင္းတိရစၧာန္ေတြက လူေသေကာင္ေတြဆိုရင္ ဘာမွမလုပ္ၾကတဲ့အေၾကာင္း ၾကားဖူးနားဝရွိတဲ့ အေၾကာင္းအရာေလးတစ္ခုကို စဥ္းစားမိလိုက္ပါတယ္။ အဲဒါေၾကာင့္ ခ်က္ခ်င္းပဲ ေျမႀကီးေပၚကို လွဲခ်လိုက္ၿပီး အသက္မရွိေယာင္ေဆာင္ေနလိုက္ပါတယ္။ ဝက္ဝံႀကီးေရာက္ရွိလာတဲ့အခါမွာေတာ့ အသက္မရွိေယာင္ေဆာင္ေနတဲ့ ဂၽြန္ရဲ႕ ဦးေခါင္း၊ ႏွာေခါင္း၊ နား႐ြက္တို႔ကို နမ္း႐ႈံၿပီး အသက္မရွိဘူးဟု ယူဆကာ ျပန္ထြက္သြားပါတယ္။


ဝက္ဝံႀကီး ေတာ္ေတာ္လွမ္းလွမ္းေရာက္တဲ့အခါ သစ္ပင္ေပၚတက္ပုန္းေနတဲ့ စတီဖင္က သစ္ပင္ေပၚက ဆင္းလာၿပီး " ေတာ္ေသးတာေပါ့ ဂၽြန္ရာ ငါမင္းကို စိုးရိမ္လိုက္ရတာ၊ ဝက္ဝံႀကီး မင္းနားကို ကပ္ၿပီးဘာေျပာသြားတာလဲ" လို႔ေမးလိုက္ပါတယ္။ အဲဒီအခါ ဂၽြန္က " ေအး ဝက္ဝံႀကီး တိုးတိုးေလးေျပာသြားတာ မင္းသိခ်င္တယ္ဆိုရင္ေတာ့ ငါေျပာျပပါ့မယ္။ ဘာလဲဆိုေတာ့ မင္းလိုမ်ိဳး တစ္ကိုယ္ေကာင္းဆန္ၿပီး သစၥာမရွိတဲ့ သူငယ္ခ်င္းကို ဆက္ၿပီးမေပါင္းနဲ႔ေတာ့လို႔ ငါ့ကိုသတိေပးသြားတာပဲ" လို႔ ျပန္ေျပာခဲ့ပါတယ္။

ဒီအေၾကာင္းအရာေလးကေန သူငယ္ခ်င္းမိတ္ေဆြ ေပါင္းသင္းဆက္ဆံတဲ့အခါ မိမိအက်ိဳးတစ္ခုထဲကိုသာၾကည့္တတ္ၿပီး သစၥာမရွိတတ္တဲ့ မိတ္ေဆြအတုေအယာေင္တြကို အတတ္ႏိုင္ဆုံး သတိထား ေရွာင္ၾကဥ္တတ္ေစဖို႔နဲ႔ အသက္ကို ဥာဏ္ေစာင့္တယ္ဆိုတဲ့အတိုင္း အခက္အခဲတစ္စုံတစ္ရာႀကဳံလာတဲ့အခါ ေၾကာက္႐ြံ႕မေနဘဲ စဥ္းစားခ်င့္ခ်ိန္ျခင္းျဖင့္ အသက္ခ်မ္းသာရရႏိုေင္ၾကာင္းကို သင္ခန္းစာရရွိေစပါတယ္။

Credit:Paradise (႐ိုးရာေလး)

# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ခါက ရွာတစ်ရွာမှာ ဂျွန်နဲ့ စတီဖင် အမည်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ အလုပ်ကိစ္စတစ်ခုကြောင့် မြို့ပေါ်ကိုသွားဖို့ အကြောင်းအရင်းတစ်ခုပေါ်လာပါတယ်။

မြို့ကိုသွားတဲ့လမ်းတစ်လျှောက်မှာ တောအုပ်တစ်ခုကို ဖြတ်ရမှာဖြစ်တာကြောင့် သူငယ်ချင်းနှစ်ယောက်ဟာ အခုလိုပဲ ကတိသစ္စာပြုခဲ့ကြပါတယ်။ "သူငယ်ချင်း…အခုဒီတောအုပ်က တောကောင်ကြီးတွေပေါပြီး အန္တရာယ်များတာ မင်းရောငါရော သိကြတယ်နော်။ အခုမလွှဲမရှောင်သာ ကျော်ဖြတ်ရတော့မယ်။ တောထဲမှာဘယ်လိုပဲ ဘေးအန္တရာယ်တွေနဲ့ပဲကြုံကြုံ တစ်ယောက်ကိုတစ်ယောက် ပစ်ပယ်မထားဘဲ နှစ်ယောက်အတူရင်ဆိုင်ကြရအောင်" ဆိုပြီး သဘောတူညီမှုထားခဲ့ကြပါတယ်။

တဖြည်းဖြည်းနဲ့ တောနက်ထဲရောက်လာပြီး တစ်နေရာအရောက်မှာတော့ ဝက်ဝံကြီးတစ်ကောင်က သူတို့ဆီကို တန်းတန်းမတ်မတ်လာနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအခါမှာ နှစ်ဦးစလုံး ဘာလုပ်ရမှန်းမသိအောင် ကြောက်လန့်သွားခဲ့ပါတယ်။ နောက်တော့ စတီဖင်က ကြောက်အားလန့်အားနဲ့ အနီးနားမှာရှိတဲ့ သစ်ပင်ပေါ်ကို ကုတ်တက်သွားခဲ့ပါတယ်။ ဂျွန်ကတော့ သစ်ပင်လည်း မတက်တက်တာကြောင့် ကြောက်လန့်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတုန်း တောရိုင်းတိရစ္ဆာန်တွေက လူသေကောင်တွေဆိုရင် ဘာမှမလုပ်ကြတဲ့အကြောင်း ကြားဖူးနားဝရှိတဲ့ အကြောင်းအရာလေးတစ်ခုကို စဉ်းစားမိလိုက်ပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ မြေကြီးပေါ်ကို လှဲချလိုက်ပြီး အသက်မရှိယောင်ဆောင်နေလိုက်ပါတယ်။ ဝက်ဝံကြီးရောက်ရှိလာတဲ့အခါမှာတော့ အသက်မရှိယောင်ဆောင်နေတဲ့ ဂျွန်ရဲ့ ဦးခေါင်း၊ နှာခေါင်း၊ နားရွက်တို့ကို နမ်းရှုံပြီး အသက်မရှိဘူးဟု ယူဆကာ ပြန်ထွက်သွားပါတယ်။

ဝက်ဝံကြီး တော်တော်လှမ်းလှမ်းရောက်တဲ့အခါ သစ်ပင်ပေါ်တက်ပုန်းနေတဲ့ စတီဖင်က သစ်ပင်ပေါ်က ဆင်းလာပြီး " တော်သေးတာပေါ့ ဂျွန်ရာ ငါမင်းကို စိုးရိမ်လိုက်ရတာ၊ ဝက်ဝံကြီး မင်းနားကို ကပ်ပြီးဘာပြောသွားတာလဲ" လို့မေးလိုက်ပါတယ်။ အဲဒီအခါ ဂျွန်က " အေး ဝက်ဝံကြီး တိုးတိုးလေးပြောသွားတာ မင်းသိချင်တယ်ဆိုရင်တော့ ငါပြောပြပါ့မယ်။ ဘာလဲဆိုတော့ မင်းလိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး သစ္စာမရှိတဲ့ သူငယ်ချင်းကို ဆက်ပြီးမပေါင်းနဲ့တော့လို့ ငါ့ကိုသတိပေးသွားတာပဲ" လို့ ပြန်ပြောခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကနေ သူငယ်ချင်းမိတ်ဆွေ ပေါင်းသင်းဆက်ဆံတဲ့အခါ မိမိအကျိုးတစ်ခုထဲကိုသာကြည့်တတ်ပြီး သစ္စာမရှိတတ်တဲ့ မိတ်ဆွေအတုအေယာငေ်တွကို အတတ်နိုင်ဆုံး သတိထား ရှောင်ကြဉ်တတ်စေဖို့နဲ့ အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့အတိုင်း အခက်အခဲတစ်စုံတစ်ရာကြုံလာတဲ့အခါ ကြောက်ရွံ့မနေဘဲ စဉ်းစားချင့်ချိန်ခြင်းဖြင့် အသက်ချမ်းသာရရနိုငေ်ကြာင်းကို သင်ခန်းစာရရှိစေပါတယ်။

Credit:Paradise (ရိုးရာလေး)


Download Now