{ads}

သွားပွတ်တံကို ဘယ်လို ရွေးချယ် သင့်သလဲ

Share


နေ့စဉ်သွားတိုက်ခြင်းဟာ နေ့စဉ်ဘ၀လုပ်ငန်းဆောင်တာများမှာ မရှိမဖြစ်အရေးကြီးပါတယ်။ ဒီလိုပဲ သင့်တင့်လျှောက်ပတ်တဲ့ သွားပွတ်တံကိုရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ ဖော်ပြပါစာတမ်းဟာ တစ်ဦးချင်းစီအလိုက် မိမိနဲ့အသင့်တော်ဆုံးဖြစ်မယ့် သွားပွတ်တံရွေးချယ်နည်းများကို ဖော်ပြပေးမှာဖြစ်ပါတယ်။

တစ်ဦးချင်းစီအလိုက် ဘယ်လိုသွားပွတ်တံကို ရွေးချယ်ရမလဲ။

• သွားစပေါက်မယ့် ကလေးငယ်များအတွက်။ ယခုမှသွားစပေါက်မယ့်ကလေးငယ်များအတွက် အသုံးပြုနိုင်တဲ့သွားပွတ်တံကိုရွေးချယ်ရာမှာ သွားပေါက်လာမယ့်သွားဖုံးနေရာတွေကို မထိခိုက်စေမယ့် ပျော့ပျောင်းတဲ့ သွားပွတ်တံမွေးများပါတဲ့ သွားပွတ်တံကိုရွေးချယ်သင့်ပြီး မိဘများကိုင်တွယ်ရလွယ်ကူမယ့် ပုံစံမျိုးကို ရွေးချယ်သင့်ပါတယ်။
• ငယ်သွားများအတွက်။ ကလေးငယ်များကိုယ်တိုင် ငယ်သွားများကိုသန့်ရှင်းရေးလုပ်နိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ သွားပွတ်တံဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးငယ်များမြဲမြံစွာကိုင်တွယ်နိုင်ရန် ကလေးငယ်များလက်နှင့် အရွယ်အစားတူတဲ့ သေးငယ်သောသွားပွတ်တံဖြစ်ပါတယ်။
• ငယ်သွားလဲနေသောကလေးငယ်များအတွက်။ တစ်ပြေးညီသွားမပေါက်သေးတဲ့ ကလေးငယ်များနှင့် ငယ်သွားလဲနေသောကလေးငယ်များအတွက် သွားပွတ်တံဖြစ်ပါတယ်။ သွားပွတ်တံရဲ့ လည်တိုင်ဟာပထမအံဆုံးသွားနေရာကိုရောက်နိုင်သည်အထိရှည်လျားသင့်ပါတယ်။
• ငယ်သွားလဲပြီးကလေးငယ်များနှင့် လူကြီးများအတွက်။ သွားပွတ်တံခေါင်းအရွယ်အစားဟာ သွားဖုံးနေရာများနှင့် ချောင်ကြိုချောင်ကြားသွားနေရာများထိ ရောက်ရှိနိုင်တဲ့ သွားပွတ်တံအမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် သွားပွတ်တံခေါင်းကြီး (သွားပွတ်တံမွေးလိုင်း ၄၀ ပါတဲ့) ကို ရွေးချယ်အသုံးပြုသင့်ပါ တယ်။

ရိုးရိုးသွားပွတ်တံ (သို့) လျှပ်စစ် သွားပွတ်တံ။ ဘယ်ဟာကိုရွေးချယ်သင့်ပါသလဲ။

ဈေးကွက်ထဲမှာဆိုရင် ရိုးရိုးသွားပွတ်တံနှင့် လျှပ်စစ်သွားပွတ်တံဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ ဒီ နှစ်မျိုးလုံးဟာ သင့်သွားများကို ထိထိရောက်ရောက်နှင့် သေချာစွာသန့်ရှင်းပေးနိုင်ပါတယ်။ လျှပ်စစ်သွားပွတ်တံကို ကလေးငယ်များက ပိုမိုနှစ်ခြိုက်လေ့ ရှိတတ်ပါတယ်။ ဒါတင်မကပဲ ရိုးရိုးသွားပွတ်တံကိုအသုံးပြုဖို့ ခက်ခဲသူများအတွက် လျှပ်စစ်သွားပွတ်တံဟာ ပိုမိုလွယ်ကူပြီးသက်တောင့်သက်သာဖြစ်စေပါတယ်။
ဒါကြောင့် ဘယ်လိုသွားပွတ်တံအမျိုးအစားကိုပဲသုံးသုံး မိမိအတွက် သက်တောင့်သက်သာနဲ့ သန့် ရှင်းပြီး အကျိုးသက်ရောက်မှုရှိတဲ့ သွားပွတ်တံအမျိုးအစားကိုသာ အသုံးပြုသင့်ပါတယ်။ အဆုံးမှာ သင်ရွေးချယ်လိုက်တဲ့ သွားပွတ်တံနှင့် တစ်နေ့  နှစ်ကြိမ် သွားတိုက်ရမှာ ဖြစ်ပါတယ်။

ပျော့ပျောင်းလေ ပိုကောင်းလေပါ။

သင့်တော်တဲ့သွားပွတ်တံကိုရွေးချယ်ရာမှာ ပျော့ပျောင်းတဲ့သွားပွတ်တံမွေးပါတဲ့ သွားပွတ်တံကို ရွေးချယ်အသုံးပြုသင့်ပါတယ်။ အပေါ်ယံအားဖြင့် သွားများကို ထိထိရောက်ရောက်သန့်ရှင်းဖို့အတွက် သွားပွတ်တံမွေးအမာပါတဲ့ သွားပွတ်တံကို ရွေးချယ်တတ်ကြပါတယ် ဒါပေမယ့် ပျော့ပျောင်းတဲ့သွားပွတ်တံဟာ အသုံးပြုရပိုမိုလွယ်ကူပြီး သွားဖုံးများကိုထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ (သွားပွတ်တံမွေးအမာပါတဲ့ သွားပွတ်တံဟာ သင့်သွားဖုံးသွေးထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။)

သွားပွတ်တံခေါင်းအရွယ်အစားကြီးတိုင်းလည်း ပိုမကောင်းသွားပါ။

သွားပွတ်တံရွေးချယ်ရာမှာ အရွယ်အစားကြီးခြင်းဟာ အမြဲတမ်းမကောင်းပါ။ အကယ်၍ သင်ခံတွင်းက သေးငယ်တယ်ဆိုရင် သင်ခံတွင်းနှင့် ကိုက်ညီတဲ့သွားပွတ်တံကို ရွေးချယ်သင့်ပါတယ်။ သွားပွတ်တံခေါင်းကြီးတဲ့ သွားပွတ်တံကို ရွေးချယ်ခြင်းဟာ သန့်ရှင်းရန် ခက်ခဲသောနေရာများကိုရောက်ရှိဖို့အတွက် ခက်ခဲပြီးသက်တောင့်သက်သာဖြစ်စေမှာမဟုတ်ပါ။

အထက်ဖော်ပြပါ အချက်အလက်များဟာ မိမိအတွက် သင့်တင့်လျောက်ပတ်တဲ့ သွားပွတ်တံရွေးချယ်ရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဆက်လက်သိရှိလိုသော အကြောင်းအရာများအတွက် သင့်ရဲ့သွားဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး လိုအပ်သောလမ်းညွန်မှုများနှင့် အကြံပေးချက်များကို ခံယူပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


Download Now