{ads}

၈၈ မျိုးဆက် မမီးမီး မော်တော်ယာဉ်တိမ်းမှောက်၍ ကွယ်လွန်

Share


 

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မမီးမီးသည် ယနေ့ သြဂုတ်လ ၁၃ ရက်တွင် နာရေးတစ်ခုမှအပြန် မော်တော်ယာဉ် တိမ်းမှောက်၍ ကွယ်လွန်သွားကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ဆုံးသွားပါပြီ။ ကဗျာဆရာမောင်အောင်ပွင့် ဇနီးနာရေး အသုဘကနေ ပုသိမ်ကို သွားတာပေါ့နော်။ နာရေးကနေ ကျောင်း ကုန်းမှာ ကားမှောက်တယ်ပေါ့လေ။ ကျွန်တော်တို့ အဲ့လိုမျိုးကြားပါတယ်” ဟု ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက အတည်ပြုပြောသည်။

မနီလာသိန်းမှာမူ ထိခိုက်ဒဏ်ရာရသော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

၈၈ မျိုးဆက် မမီးမီး အပါအ၀င် ၈၈ ငြိမ်းပွင့် အဖွဲ့သား ၄ ဦး လိုက်ပါလာသည့်ကားသည် ကျောင်းကုန်းမြို့နယ် မှာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆေးရုံတင်ကုသစဉ် ညနေ ၅နာရီ ၂၀ မိနစ်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Download Now