{ads}

ဒေါက်တာ ဥာဏ်ကြီးရှင်နှင့် သူ၏ ကုသမှုများ

Share
(က)
“ဆရာ ကျွန်မ စိတ်သောကရောက် နေလို့ပါ”
“အဲတာဆို ရေများများသောက်။ဆာလည်း သောက်၊
မဆာလည်းသောက်၊ မကြာခဏ သောက်။ ရေသောက်တော့ ရှူးခဏခဏပေါက်ရော။ရှူးပေါက်တဲ့ဘက်ကို အာရုံရောက်နေရတာနဲ့ စိတ်ညစ်တဲ့ဘက်ကို တွေးမိမှာ မဟုတ်တော့ဘူး”

#######
(ခ)
“ဆရာ ကျွန်မက နေကောင်းခါစဆိုတော့ ပေါ့ပေါ့ပါးပါး ဘာတွေစားလို့ရမလဲ”
“မုန့်လေပွေစား။ပေါ့ပြီးပါးနေတာပဲဗျ”
####
(ဂ)
“ဒေါက်တာ ကျွန်မ ခြေထောက် ခလုတ်တိုက်မိလို့ ခြေမထိပ်ကွဲသွားတယ်”
“အဲတာ မျက်မှန်တပ်ရမယ်။ မျက်စိက ကြောင်တောင်ကန်းနေလို့ ဖြစ်ရမယ်”
########
(ဃ)
“ဒေါက်တာ ကျွန်တော့် သားလေး ကိုယ်လက်အဂါင်္စုံရဲ့လား”
“စိတ်တော့ မကောင်းဘူးဗျ။ဟိုဟာ ပါမလာဘူးဆိုတော့ မစုံဘူးလို့ပြောရမယ်”
“ဘာ မပါတာလဲဆရာ”
“သွား မပါလာဘူးဗျ”
#############
(င)
“ဆရာ ကျွန်မခြေသလုံးမှာ ကြွက်တက်နေလို့”
“ဒါဆေးခန်းပါ ကြောင်တွေ မရောင်းဘူးဗျ”
######
(စ)
“ဆရာ ကျွန်မမှာ အစာအိမ်ရှိတယ်”
“ဗျာ အစာအိမ်က လူတကာမှာ ရှိတာပဲလေ”
###
(ဆ)
“ဆရာ ညပိုင်းတွေ ကျွန်မ အိပ်မပျော်လို့”
“ခင်ဗျား ရဲ့ဖုန်းကို ရိုက်ခွဲထားလိုက်ပါ”
###
(ဇ)
“ဆရာ တစ်ရက်အတွင်း ဝက်ခြံပျောက်ပြီး မျက်နှာလေးချောမွေ့ဖြူ ဝင်းတဲ့ ဆေးနည်းပေးပါ”
“ရော့ ဒီဆေးသောက်”
“ဟင် အဲတာ ရူးနေတဲ့ ကျွန်မအဘိုးသောက်နေကျဆေးတွေ”
“အေးလေ။ ခင်ဗျားက ရူးနေလို့ တစ်ရက်အတွင်း ဝက်ခြံပျောက်တဲ့ ဆေးရှိတယ်ဆိုတာကို ယုံတာပေါ့”
“###
၎။လူ မမှားစေနဲ့ ဆရာ။

“ဗြဟ္မာပြည်ကအပ်တစ်စင်းချ လူ့ပြည်ကအပ်တစ်စင်းထောင် ထိုအပ်ထိပ်ဖျားနှစ်ခု ထိဖို့ထက်
လူ့ဘဝရဖို့က ပိုမိုခက်ခဲပါတယ်တဲ့…….
ဟွန်း….ဒေါ်ကျွဲမ အတွက်တော့ မခက်ခဲလောက်ပါဘူး”
ဆရာဟမ်စိုင်းတစ်ယောက် DC(ဆေးရုံ ဆင်း လက်မှတ်စာအုပ် )ရေးရင်း တစ်ကိုယ်တည်း ရေရွတ်နေမိသည်။ သူရေးနေသည့် လူနာအမည်က ဒေါ်ကျွဲမ ။ဒေါ်ကျွဲမက ရှင်မွေးလွန်း သေလို့ လူဝင်စား ဖြစ်တာနေမှာပါ လို့ တွေးနေမိပြန်သည်။ လူနာ၏ အသက်က ၃၀နှစ်။ ၁၄နှစ်ကတည်းက အိမ်ထောင်ကျသည်ဟုဆိုသည်။ သူမ၏ ဆယ်ယောက်မြောက်ကလေးကို အိမ်မှာပင် လက်သည်နဲ့မွေးရင်း ကလေးက မထွက်၍ ဆေးရုံ သို့ အရေးပေါ် ရောက်လာခဲ့တာ။ ဆေးရုံ မှာ ကလေးမွေးရင်း သွေးသွန်၍
သွေးငါးပုလင်းသွင်းထားရသေးသည်။
အခုတော့ လူကြီးရော ကလေးပါ ကျန်းကျန်းမာမာနဲ့ ဆေးရုံကနေ ဆင်းခွင့်ရပြီ။
“ဆရာ ဆေးရုံ ဆင်းလက်မှတ် ရပြီလား မသိဘူး”
ဒေါ်ကျွဲမက ကလေးချီရင်း လာမေးသည်။ဆေးရုံဆင်းစာအုပ်က ရေးပြီးပြီဖြစ်ပေမယ့် သားဆက်ခြားဖို့ ပြောရပေဦးမည်။ဒေါ်ကျွဲမ တို့အတွက် သားဆက်ခြားကျန်းမာရေးဆိုတာ ကြားဖူးမည်မထင်။
မကြားဖူးလို့ဘဲ တရွှတ်ရွှတ်မွေးနေတာပေါ့။
“အင်း ရပြီ။ ဒါနဲ့ ဆေးရုံ ကဆင်းပြီး တစ်လခွဲအထိ အမျိုးသားနဲ့ အတူ မနေရဘူးနော့။တစ်လခွဲ ပြည့်ရင် ပြန်လာခဲ့။ သန္ဓေတားဆေး ထိုးရအောင်။ ဒါမှမဟုတ်
သားကြောဖြတ်လျှောက်လွှာတင်လို့ရပြီ။ တားဆေးမထိုးရသေးခင် တစ်လခွဲအထိ အမျိုးသားနဲ့ အတူ မနေမိစေနဲ့နော်”
ဒေါ်ကျွဲမ က တစ်ခုခုကို စဉ်းစားနေပုံပေါ်သည်။ အခန်းအပြင်ဘက်မှာ ကျန်နေခဲ့သည့် သူမ၏ အမျိုးသားကို လှမ်းခေါ်သည်။
“ကို မင်းနန္ဒာ ကို မင်းနန္ဒာ ဒီကိုလာဦး”
သူမ၏ ယောက်ျား ရောက်အလာ ဒေါ်ကျွဲမ က ဆရာဟမ်စိုင်းကို အကူညီတောင်းသည့် မျက်နှာဘေးနှင့်
“ဆရာ စောနက စကားက ကျွန်မကို ပြောရမှာ မဟုတ်ဘူး ဆရာ။ သူ့ပြောရမှာ။ သူ့ပြော…သူ့ပြော”

ဟမ်စိုင်း(ဆေး-မန်း)

အောင်ဟိန်း - နည်းပညာ


လာရောက်လည်ပတ်သူအားလုံးကိုအောင်ဟိန်းနည်းညာမှထူးကျေးဇူးတင်ရှိပါတယ်ခင်မျာ
Download Now