{ads}

႐ိုဟင္ဂ်ာကိစၥ ေဒၚေအာင္ဆန္းစုၾကည္ကို မဟာသီယာ အျပင္းအထန္ေဝဖန္

Share

<<<Zawgyi Version>>>

႐ုိဟင္ဂ်ာေတြအေပၚ စစ္တပ္ရဲ႕ က်ဴးလြန္မႈေတြနဲ႔ ပတ္သက္လို႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ ကာကြယ္ဖို႔ ႀကဳိးစားေနတယ္ဆိုၿပီး မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္ ေဒါက္တာ မဟာသီဟာ မိုဟာမက္က အျပင္းအထန္ ျပစ္တင္ ေဝဖန္လိုက္ပါတယ္။

စင္ကာပူႏိုင္ငံမွာ အာဆီယံထိပ္သီးအစည္းအေ၀း တက္ေနတဲ့ မေလးရွားဝန္ႀကီးခ်ဳပ္က ႏို၀င္ဘာ ၁၃ ရက္ သတင္းစာရွင္းလင္းပြဲမွာ ျမန္မာႏိုင္ငံနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ဟာ ႐ိုဟင္ဂ်ာျပႆနာအေပၚဘယ္လို ကိုင္တြယ္ေျဖရွင္းခဲ့သလဲလို႔ သတင္းေထာက္ရဲ႕ ေမးျမန္းခ်က္ကို  ေျပာၾကားလိုက္တာပါ။

မေလးရွားဝန္ႀကီးခ်ဳပ္ မဟာသီယာက “က်ေနာ္တို႔ အရမ္းကို စိတ္ပ်က္ရပါတယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ အရင္က ထိန္းသိမ္းခံခဲ့ရဖူးတဲ့ လူတေယာက္က ဆင္းရဲဒုကၡ အခက္အခဲ ခံစားရတာေတြကို သိသင့္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဟာ မကာကြယ္ရမယ့္အရာကို ခုခံကာကြယ္ေပးဖို႔ ႀကဳိးစားေနပံုေပါက္ေနတယ္” လို႔ ေျပာပါတယ္။

တကယ္ေတာ့ သူတို႔ဟာ ႐ိုဟင္ဂ်ာေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ သတ္ျဖတ္ေနတယ္၊ အစုလိုက္ အၿပံဳလိုက္ကို ရက္ရက္စက္စက္သတ္ၿပီး သခ်ဳႋင္းမွာ တြင္းတူးျမႇုဳပ္တယ္။ ဒီလိုကိစၥမ်ဳိးေတြဟာ ေရွးေရွးတုန္းက ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ မ်က္ေမွာက္ေခတ္မွာေတာ့ မျဖစ္သင့္ဘူးလို႔လည္း မဟာသီယာက ေျပာပါတယ္။

မဟာသီယာ မိုဟာမက္ဟာ အသက္ ၉၃ ႏွစ္အရြယ္မွာ တေက်ာ့ျပန္ အာဏာရလာတာ ျဖစ္ၿပီး အာဆီယံ ေခါင္းေဆာင္ေတြထဲမွာ အသက္အႀကီးဆံုး ျဖစ္ပါတယ္။


<<<Unicode Version>>>

ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ ကျူးလွန်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာကွယ်ဖို့ ကြိုးစားနေတယ်ဆိုပြီး မလေးရှားနိုင်ငံဝန်ကြီးချုပ် ဒေါက်တာ မဟာသီဟာ မိုဟာမက်က အပြင်းအထန် ပြစ်တင် ဝေဖန်လိုက်ပါတယ်။


စင်ကာပူနိုင်ငံမှာ အာဆီယံထိပ်သီးအစည်းအေ၀း တက်နေတဲ့ မလေးရှားဝန်ကြီးချုပ်က နို၀င်ဘာ ၁၃ ရက် သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာပြဿနာအပေါ်ဘယ်လို ကိုင်တွယ်ဖြေရှင်းခဲ့သလဲလို့ သတင်းထောက်ရဲ့ မေးမြန်းချက်ကို ပြောကြားလိုက်တာပါ။


မလေးရှားဝန်ကြီးချုပ် မဟာသီယာက “ကျနော်တို့ အရမ်းကို စိတ်ပျက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်က ထိန်းသိမ်းခံခဲ့ရဖူးတဲ့ လူတယောက်က ဆင်းရဲဒုက္ခ အခက်အခဲ ခံစားရတာတွေကို သိသင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မကာကွယ်ရမယ့်အရာကို ခုခံကာကွယ်ပေးဖို့ ကြိုးစားနေပုံပေါက်နေတယ်” လို့ ပြောပါတယ်။


တကယ်တော့ သူတို့ဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ချုပ်ချယ် သတ်ဖြတ်နေတယ်၊ အစုလိုက် အပြုံလိုက်ကို ရက်ရက်စက်စက်သတ်ပြီး သချုႋင်းမှာ တွင်းတူးမြှုပ်တယ်။ ဒီလိုကိစ္စမျိုးတွေဟာ ရှေးရှေးတုန်းက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မျက်မှောက်ခေတ်မှာတော့ မဖြစ်သင့်ဘူးလို့လည်း မဟာသီယာက ပြောပါတယ်။


မဟာသီယာ မိုဟာမက်ဟာ အသက် ၉၃ နှစ်အရွယ်မှာ တကျော့ပြန် အာဏာရလာတာ ဖြစ်ပြီး အာဆီယံ ခေါင်းဆောင်တွေထဲမှာ အသက်အကြီးဆုံး ဖြစ်


ပါတယ်။

Download Now