{ads}

ကိုယ္ၾကိဳက္တာ ကုိယ္လုပ္ပါ

Share

<<< Zawgyi Version >>>


တစ္ခါက မုဆုိးလင္မယား ႏွစ္ေယာက္ရိွတယ္။ မိန္းမ ၿဖစ္သူက မုဆုိး အလုပ္လုပ္ေနတဲ့ ေယာက်္ားျဖစ္သူကို ဒီအလုပ္လုပ္တာ မၾကဳိက္ရွာဘူး။ ဒါနဲ ့တစ္ေန ့ေတာ့ သူ ့ေယာက်ာ္းကုိ ရွင္ ဥပုသ္ေလး ဘာေလး ေစာင့္ၿပီး တရားေလး ဘာေလးလုပ္ပါဦးလား။ ရြာထိပ္က ဘုန္းႀကီးေက်ာင္း သြားေပါ့ ဆိုျပီးလြတ္လိုက္တယ္။ အဲဒီမွာ မုဆိုးႀကီးကလည္း စိတ္လိုလက္ရ သြားရွာတယ္။

ဘုန္းႀကီးေက်ာင္း ေရာက္လို႔ ဘုန္းႀကီးကို ကန္ေတာ့ျပီး တပည့္ေတာ္ကို တရားတစ္ပုဒ္ ေလာက္ တိုတိုတုပ္တုပ္ေလးေဟာေပးပါဘုရားလို႕ တရားေတာင္းတယ္ေလ။ ဒီေတာ့ ဘုန္းၾကီး ေပးလိုက္တဲ့ တရားေလး က “ကုိယ္ၾကိဳက္တာ ကိုယ္လုပ္ပါ " တဲ့ ။ ဒါအတုိဆံုး တရားပဲတဲ့။


ဒီေတာ့ မုဆိုးၾကီးက အံ့ၾသသြားတယ္။ အရွင္ဘုရား တပည့္ေတာ္ဟာ ဒီမုဆုိး အလုပ္ ကုိ ၾကိဳက္ႏွစ္သက္လို ့ပဲ ေတာလိုက္မုဆိုးဘ၀နဲ ့ ရပ္တည္လာတာ(၅၅)ႏွစ္ေတာင္ ရွိပါၿပီ။ ဒါေပမယ့္ ခုခ်ိန္ထိ ဘာတုိးတက္မႈမွ မရပါလားဘုရား။ ခုလည္းဘုန္းဘုန္းက ကုိယ္ႀကိဳက္တာ ကိုယ္လုပ္ ဆိုေတာ့ ဘယ္ႏွယ့္မ်ား လုပ္ရပါ့လုိ ့ ေလွ်ာက္ေတာ့။


ဆရာေတာ္က ဒီနားလာခဲ့လို႔ေခၚၿပီး သူ ့ကုိ အပ္နဲ႔ ထုိးလုိက္တယ္။ ဒီေတာ့ မုဆုိး က “ အား " လို ့ထေအာ္တာေပ့ါ။ အဲဒီမွာ ဆရာေတာ္ကေမးတယ္။ မင္းကုိ အပ္နဲ ့ထုိးတာၾကိဳက္လား? တဲ့။ ဒီေတာ့ မုဆုိးက ၿပန္ေၿဖတယ္။ ဘယ္ၾကိဳက္ပါ့မလဲ ဘုရား။ တပည့္ေတာ္က အပ္နဲ ့မေၿပာပါနဲ ႔၊ မ်က္ေစာင္းထိုးရင္ေတာင္ ၾကိဳက္တာမဟုတ္ဘူးလို ့ေၿပာသတဲ့။ ဒီမွာပဲ ဆရာေတာ္က ဒါဆုိ မင္းကုိအပ္နဲ ့ထုိးတာေတာင္ မၾကိဳက္ဘူးဆုိရင္ ေလးနဲ ့ပစ္၊ ၿမွားနဲ ့ပစ္ၿပီး အသက္ကုိ သတ္ၿဖတ္ေနတာဟာ ကုိယ္ မၾကိဳက္တဲ့ အလုပ္ကုိ သူမ်ားကုိ သြားလုပ္ေနတာပဲေပ့ါ။


လူေတာ္ေတာ္ မ်ားမ်ားဟာလည္း ဒီအတုိင္းပါပဲ။ ကုိယ့္ကုိ သတ္မွာက် မၾကိဳက္ဘူး။ သူမ်ား အသက္က်သတ္တယ္။ ကုိယ့္ကုိ ညာေၿပာတာက် မၾကိဳက္ဘူး။ သူမ်ားက်ေတာ့ ညာေၿပာၿပန္တယ္။ တကယ္ေတာ့ ကုိယ္မၾကိဳက္ဘူးဆုိတဲ့ အလုပ္ေတြတိုင္းကုိ သူမ်ားအေပၚမွာလုပ္ေနတတ္တယ္ေလ။ ဒါေၾကာင့္ ဆရာေတာ္ေဟာတဲ့ “ကိုယ္ၾကိဳက္တာ ကုိ္ယ္လုပ္ပါ။”ဆုိတဲ ့ တရားေလးဟာ ပညာပါၿပီး ထိေရာက္လွပါတယ္။


ဒီတရားေလးကို သိခြင့္ရသြားႀကကုန္ေသာ စာဖတ္သူအေပါင္းတုိ႔လည္း ေန႔စဥ္ ကိုယ္ႀကိဳက္ ေသာအရာမ်ားကိုသာ သူတစ္ပါးအား ျပဳမူေျပာဆို ဆက္ဆံ လုပ္ကိုင္နိဳင္ႀကလုိ႔ အေကာင္းကံမ်ားကို သာ ဖန္တီးနိဳင္ႀကျပီး ေကာင္းက်ိဳးေတြရရိွခံစားနိဳင္ႀကပါေစေသာ္။

Credit to: Original Uploader


ပရဟိတလုပ္ငန္းေတြ စိတ္၀င္စားၿပီး ဘ၀အတြက္အက်ဳိးရွိတဲ႔စာေတြဖတ္ခ်င္တယ္ဆို ပရဟိတကြန္ယက္ကိုေန႔စဥ္၀င္ေရာက္ၾကည္႔ရႈနုိင္ပါတယ္ ။ ။

 


<<< Unicode Version >>>


ကိုယ်ကြိုက်တာ ကိုလုပ်ပါ
===================


တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ ယောကျ်ားဖြစ်သူကို ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။ ဒါနဲ ့တစ်နေ ့တော့ သူ ့ယောကျာ်းကို ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေးလုပ်ပါဦးလား။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီးလွတ်လိုက်တယ်။ အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။
ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး တပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။
ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။ အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ် ကို ကြိုက်နှစ်သက်လို ့ပဲ တောလိုက်မုဆိုးဘဝနဲ ့ ရပ်တည်လာတာ(၅၅)နှစ်တောင် ရှိပါပြီ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလားဘုရား။ ခုလည်းဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့လို ့ လျှောက်တော့။
ဆရာတော်က ဒီနားလာခဲ့လို့ခေါ်ပြီး သူ ့ကို အပ်နဲ့ ထိုးလိုက်တယ်။ ဒီတော့ မုဆိုး က “ အား " လို ့ထအော်တာပေ့ါ။ အဲဒီမှာ ဆရာတော်ကမေးတယ်။ မင်းကို အပ်နဲ ့ထိုးတာကြိုက်လား? တဲ့။ ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ ဘယ်ကြိုက်ပါ့မလဲ ဘုရား။ တပည့်တော်က အပ်နဲ ့မပြောပါနဲ ့၊ မျက်စောင်းထိုးရင်တောင် ကြိုက်တာမဟုတ်ဘူးလို ့ပြောသတဲ့။ ဒီမှာပဲ ဆရာတော်က ဒါဆို မင်းကိုအပ်နဲ ့ထိုးတာတောင် မကြိုက်ဘူးဆိုရင် လေးနဲ ့ပစ်၊ မြှားနဲ ့ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေ့ါ။
လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး။ သူများ အသက်ကျသတ်တယ်။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး။ သူများကျတော့ ညာပြောပြန်တယ်။ တကယ်တော့ ကိုယ်မကြိုက်ဘူးဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာလုပ်နေတတ်တယ်လေ။ ဒါကြောင့် ဆရာတော်ဟောတဲ့ “ကိုယ်ကြိုက်တာ ကို်ယ်လုပ်ပါ။”ဆိုတဲ ့ တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ်။
ဒီတရားလေးကို သိခွင့်ရသွားကြကုန်သော စာဖတ်သူအပေါင်းတို့လည်း နေ့စဉ် ကိုယ်ကြိုက် သောအရာများကိုသာ သူတစ်ပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံများကို သာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေရရှိခံစားနိုင်ကြပါစေသော်။


Credit to: Original Uploader


Download Now