{ads}

ကုိယ္ပုိင္ေလယာဥ္နဲ ့ကားေတြ ၀ယ္ယူထားတဲ့ ထုိင္းဘုန္းျကီး သာသနာ ညစ္ႏြမ္းေစမူျဖင့္ ေထာင္ဒဏ္ ၁၁၄ ႏွစ္ စီရင္ခံရ

Share

ထိုင္းနိုင္ငံမွာ ဘုန္းေတာ္ႀကီးဘဝတုန္းက ေငြေၾကး အရွုပ္အရွင္းေတြ ရွိခဲ့ၿပီး ေငြေတြ လိမ္လည္ခဲ့၊ ေငြမည္းေတြ ခဝါခ်ခဲ့တယ္ ဆိုတဲ့ လူအမည္ ဝီရာပိုးလ္ ဆြတ္ခ္ပိုးလ္ ဆိုသူကို ထိုင္း ရာဇဝတ္မွု ခုံ႐ုံးက ေထာင္ဒဏ္ အႏွစ္ ၁ဝဝ ေက်ာ္ က်ခံဖို႔ ျပစ္ဒဏ္ ခ်မွတ္ လိုက္ပါတယ္။

ရဟန္းသံဃာေတြ အေပၚ အင္မတန္ ၾကည္ညိဳ ေလးစားတတ္တဲ့ ထိုင္းနိုင္ငံမွာ သံဃာတစ္ပါးရဲ့ အဆင့္အတန္းကို အသုံးခ်လို႔ လူေတြဆီက ဝတၳဳေငြေတြ၊ လွူဖြယ္ ပစၥည္းေတြ အေျမာက္အမ်ား ရယူ ခဲ့ၿပီး အင္မတန္ တန္ဖိုးႀကီးတဲ့ ပစၥည္းေတြ ဝယ္ယူ ဇိမ္ခံ သုံးစြဲခဲ့တဲ့ ဝီရာပိုးလ္ကို အခုလို ႏွစ္ရွည္ ေထာင္ဒဏ္ ခ်မွတ္ လိုက္တာ ျဖစ္ပါတယ္။

ဝီရာပိုးလ္ဟာ ဒီလို ေငြေရးေၾကးေရး အရွုပ္အရွင္း အမွုကိစၥေတြနဲ႔တင္မက အရြယ္မေရာက္ေသး အသက္ မျပည့္ေသးတဲ့ မိန္းကေလးတစ္ေယာက္နဲ႔ လိင္ဆက္ဆံ ခဲ့တယ္ ဆိုတဲ့ စြဲခ်က္နဲ႔လည္း ရင္ဆိုင္ ေနရပါတယ္။

ဒီဇိမ္ခံထိုင္းဘုန္းႀကီးရဲ့ ဘြဲ႕အမည္က လူအန္ပုနန္ခမ္ လို႔ သိရၿပီး နာမည္ပ်က္ေတြေၾကာင့္ ၂ဝ၁၃ ကတည္းက လူထြက္ ခဲ့ရၿပီး ျဖစ္ပါတယ္။

ဝီရာပိုးလ္ဟာ လူေတြက လွူလာတန္းလာေအာင္ သူ႔မွာ ေလာကီတန္ခိုးေတြ ရွိတယ္ဆိုၿပီး လိမ္လည္ေျပာဆိုခဲ့သလို ဗုဒၶဘာသာ ဘုန္းေတာ္ႀကီး တစ္ပါး အေနနဲ႔ ေစာင့္ထိန္းရမယ့္ သိကၡာပုဒ္ေတြ ခ်ိဳးေဖာက္ၿပီး ကာမဂုဏ္အာ႐ုံေတြ လြန္လြန္က်ဴးက်ဴး ခံစားခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ ထိုင္း အာဏာပိုင္တစ္ေယာက္က နိုင္ငံျခား သတင္းမီဒီယာ တခ်ိဳ႕ကို ေျပာခဲ့ပါတယ္။

သူ႔ကိုယ္ပိုင္ ဝယ္ယူ သုံးစြဲတယ္ ဆိုတဲ့ ပစၥည္းေတြကို ၾကည့္ရင္ ေတာ္႐ုံတန္႐ုံ ေစ်းႀကီးတာမ်ိဳးကို ဆိုလိုတာမဟုတ္ပါဘူး။

ဝီရာပိုးလ္ ဆြတ္ပိုးလ္ ဆီမွာ ဘဏ္စာရင္း အမ်ားအျပားရွိသလို တန္ဖိုးႀကီး မာစီးဒီးကား ၂၂ စင္းထိလည္း ပိုင္ဆိုင္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ကိုယ္ပိုင္ ဂ်က္ေလယာဥ္ပ်ံ ေပၚမွာ ရိုက္ထားတဲ့ ဗီဒီယိုလည္း လြန္ခဲ့တဲ့ ၅ ႏွစ္က ထြက္လာဖူးၿပီး လူမွုကြန္ရက္ေတြေပၚမွာပါ အင္မတန္ အေျပာမ်ားခဲ့ပါတယ္။

အဲဒီ ယ်ဴက်ဳ႕ ဗီဒီယိုထဲ ေငြေတြ အထပ္လိုက္ကိုင္၊ တန္ဖိုးႀကီး ေနကာမ်က္မွန္တပ္ထားတဲ့ ဝီရာပိုးလ္ ဆြတ္ပိုးလ္ကို ေတြ႕ခဲ့ရပါတယ္။

ဝီရာပိုးလ္ ဟာ သူ႔သတင္း သိပ္ႀကီးလာၿပီး ထိုင္းအာဏာပိုင္ေတြက အေရးယူဖို႔ စိုင္းျပင္းလာတဲ့ အခါ အေမရိကန္ကို ထြက္ေျပးခဲ့ပါတယ္။

ဒါေပမယ့္ ထိုင္းကို ျပန္အပို႔ ခံခဲ့ရၿပီး ေငြေၾကး အရွုပ္အရွင္း စြဲခ်က္ေတြနဲ႔သာမက လိင္ပိုင္း မဖြယ္မရာ ကိစၥေတြနဲ႔ပါ အမွု ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။

အခု ေထာင္ဒဏ္ေတြက ေငြေၾကးကိစၥေတြ အတြက္သာ ျဖစ္ၿပီး လိင္ပိုင္းအမွုကိစၥေတြ အတြက္ လာမယ့္ ေအာက္တိုဘာမွာ ဝီရာပိုးလ္ အေပၚ ျပဒဏ္ခ်ဖို႔ ရွိေနပါတယ္။

ထိုင္းဘုန္းႀကီးတခ်ိဳ႕ၾကား ေငြေရးေၾကးေရး အပါအဝင္ အရွုပ္အရွင္းေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြအေပၚ ထိုင္းနိုင္ငံထဲ အခုႏွစ္ပိုင္းေတြ အတြင္း လူေတြ ပို ဂ႐ုတစိုက္ ရွိလာၾကပါတယ္။

၂ဝ၁၄ မွာ ထိုင္း စစ္တပ္က အာဏာသိမ္းၿပီး ေနာက္မွာေတာ့ သာသနာေတာ္ သန္႔ရွင္းေရး ဆိုၿပီး တိုးျမႇင့္ လုပ္ေဆာင္ လာတာမွာ သတင္းထြက္ေနတဲ့ ဘုန္းႀကီးေတြကို ဖမ္းတာဆီးတာမ်ိဳးေတြ တင္မက၊ ထိုင္းဗုဒၶဘာသာမွာ အဆင့္ျမင့္ဆုံး ေကာင္စီအဖြဲ႕ရဲ့ ဩဇာကို ေလၽွာ့ခ်တဲ့ ဥပေဒမ်ိဳးကိုလည္း ျပဌာန္းလာတာ ေတြ႕ရပါတယ္။

BBC

ထိုင်းနိုင်ငံမှာ ဘုန်းတော်ကြီးဘဝတုန်းက ငွေကြေး အရှုပ်အရှင်းတွေ ရှိခဲ့ပြီး ငွေတွေ လိမ်လည်ခဲ့၊ ငွေမည်းတွေ ခဝါချခဲ့တယ် ဆိုတဲ့ လူအမည် ဝီရာပိုးလ် ဆွတ်ခ်ပိုးလ် ဆိုသူကို ထိုင်း ရာဇဝတ်မှု ခုံရုံးက ထောင်ဒဏ် အနှစ် ၁ဝဝ ကျော် ကျခံဖို့ ပြစ်ဒဏ် ချမှတ် လိုက်ပါတယ်။

ရဟန်းသံဃာတွေ အပေါ် အင်မတန် ကြည်ညို လေးစားတတ်တဲ့ ထိုင်းနိုင်ငံမှာ သံဃာတစ်ပါးရဲ့ အဆင့်အတန်းကို အသုံးချလို့ လူတွေဆီက ဝတ္ထုငွေတွေ၊ လှူဖွယ် ပစ္စည်းတွေ အမြောက်အများ ရယူ ခဲ့ပြီး အင်မတန် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဝယ်ယူ ဇိမ်ခံ သုံးစွဲခဲ့တဲ့ ဝီရာပိုးလ်ကို အခုလို နှစ်ရှည် ထောင်ဒဏ် ချမှတ် လိုက်တာ ဖြစ်ပါတယ်။

ဝီရာပိုးလ်ဟာ ဒီလို ငွေရေးကြေးရေး အရှုပ်အရှင်း အမှုကိစ္စတွေနဲ့တင်မက အရွယ်မရောက်သေး အသက် မပြည့်သေးတဲ့ မိန်းကလေးတစ်ယောက်နဲ့ လိင်ဆက်ဆံ ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့လည်း ရင်ဆိုင် နေရပါတယ်။

ဒီဇိမ်ခံထိုင်းဘုန်းကြီးရဲ့ ဘွဲ့အမည်က လူအန်ပုနန်ခမ် လို့ သိရပြီး နာမည်ပျက်တွေကြောင့် ၂ဝ၁၃ ကတည်းက လူထွက် ခဲ့ရပြီး ဖြစ်ပါတယ်။

ဝီရာပိုးလ်ဟာ လူတွေက လှူလာတန်းလာအောင် သူ့မှာ လောကီတန်ခိုးတွေ ရှိတယ်ဆိုပြီး လိမ်လည်ပြောဆိုခဲ့သလို ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါး အနေနဲ့ စောင့်ထိန်းရမယ့် သိက္ခာပုဒ်တွေ ချိုးဖောက်ပြီး ကာမဂုဏ်အာရုံတွေ လွန်လွန်ကျူးကျူး ခံစားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်း အာဏာပိုင်တစ်ယောက်က နိုင်ငံခြား သတင်းမီဒီယာ တချို့ကို ပြောခဲ့ပါတယ်။

သူ့ကိုယ်ပိုင် ဝယ်ယူ သုံးစွဲတယ် ဆိုတဲ့ ပစ္စည်းတွေကို ကြည့်ရင် တော်ရုံတန်ရုံ စျေးကြီးတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။

ဝီရာပိုးလ် ဆွတ်ပိုးလ် ဆီမှာ ဘဏ်စာရင်း အများအပြားရှိသလို တန်ဖိုးကြီး မာစီးဒီးကား ၂၂ စင်းထိလည်း ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုယ်ပိုင် ဂျက်လေယာဉ်ပျံ ပေါ်မှာ ရိုက်ထားတဲ့ ဗီဒီယိုလည်း လွန်ခဲ့တဲ့ ၅ နှစ်က ထွက်လာဖူးပြီး လူမှုကွန်ရက်တွေပေါ်မှာပါ အင်မတန် အပြောများခဲ့ပါတယ်။

အဲဒီ ယျူကျု့ ဗီဒီယိုထဲ ငွေတွေ အထပ်လိုက်ကိုင်၊ တန်ဖိုးကြီး နေကာမျက်မှန်တပ်ထားတဲ့ ဝီရာပိုးလ် ဆွတ်ပိုးလ်ကို တွေ့ခဲ့ရပါတယ်။

ဝီရာပိုးလ် ဟာ သူ့သတင်း သိပ်ကြီးလာပြီး ထိုင်းအာဏာပိုင်တွေက အရေးယူဖို့ စိုင်းပြင်းလာတဲ့ အခါ အမေရိကန်ကို ထွက်ပြေးခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းကို ပြန်အပို့ ခံခဲ့ရပြီး ငွေကြေး အရှုပ်အရှင်း စွဲချက်တွေနဲ့သာမက လိင်ပိုင်း မဖွယ်မရာ ကိစ္စတွေနဲ့ပါ အမှု ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အခု ထောင်ဒဏ်တွေက ငွေကြေးကိစ္စတွေ အတွက်သာ ဖြစ်ပြီး လိင်ပိုင်းအမှုကိစ္စတွေ အတွက် လာမယ့် အောက်တိုဘာမှာ ဝီရာပိုးလ် အပေါ် ပြဒဏ်ချဖို့ ရှိနေပါတယ်။

ထိုင်းဘုန်းကြီးတချို့ကြား ငွေရေးကြေးရေး အပါအဝင် အရှုပ်အရှင်းတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် ထိုင်းနိုင်ငံထဲ အခုနှစ်ပိုင်းတွေ အတွင်း လူတွေ ပို ဂရုတစိုက် ရှိလာကြပါတယ်။

၂ဝ၁၄ မှာ ထိုင်း စစ်တပ်က အာဏာသိမ်းပြီး နောက်မှာတော့ သာသနာတော် သန့်ရှင်းရေး ဆိုပြီး တိုးမြှင့် လုပ်ဆောင် လာတာမှာ သတင်းထွက်နေတဲ့ ဘုန်းကြီးတွေကို ဖမ်းတာဆီးတာမျိုးတွေ တင်မက၊ ထိုင်းဗုဒ္ဓဘာသာမှာ အဆင့်မြင့်ဆုံး ကောင်စီအဖွဲ့ရဲ့ ဩဇာကို လျှော့ချတဲ့ ဥပဒေမျိုးကိုလည်း ပြဌာန်းလာတာ တွေ့ရပါတယ်။

BBC

Download Now