{ads}

မ်က္လံုးထဲကေန မ်က္ရည္အစား ေက်ာက္ခဲေတြထြက္တဲ့ အမ်ိဳးသမီး

Share

<<<Zawgyi Version>>>

တရုတ္ႏုိင္ငံက အမ်ိဳးသမီးတစ္ေယာက္ဟာဆုိရင္ေတာ့ ထူးျခားခ်က္အေနနဲ႔ သူမရဲ႕ မ်က္လံုးထဲကေန မ်က္ရည္အစား မ်က္လံုးထဲကေန ေက်ာက္ခဲေလးေတြ ထြက္လာတယ္လို႔ သိရပါတယ္။ သူမ ဒီလိုဘာ့ေၾကာင့္ ျဖစ္ေနတယ္ဆုိတာကိုေတာ့ ဆရာဝန္ေတြက သိရွိျခင္းမရွိဘဲနဲ႔ သူမရဲ႕ ေဝဒနာကို ကုသဖုိ႔ အခ်ိန္ေပးေစာင့္ၾကည့္ေနရတယ္လို႔ သိရပါတယ္။ 

Ding Aihua လုိ႔အမည္ရတဲ့ ဒီအမ်ိဳးသမီးဟာဆုိရင္ေတာ့ ၿပီးခဲ့တဲ့ ၇ ႏွစ္တုန္းက မ်က္လံုးထဲမွာ ေအာင့္ေနတာေၾကာင့္ သူ႔ရဲ႕ အမ်ိဳးသားကို ၾကည့္ရႈခိုင္းစဥ္မွာ မ်က္ခြံြရဲ႕ ေအာက္ဘက္မွာ အခုလိုမ်ိဳး ေက်ာက္ေတြျဖစ္တည္ေနတာကို သိခဲ့ရတာျဖစ္ပါတယ္။ ဆရာဝန္ေတြကေတာ့ ဒီလုိ ေရာဂါကို ကုသဖို႔ ျငင္းဆန္ခဲ့ၾကၿပီး သူတုိ႔ကို ရူးေနတယ္လို႔ ေျပာဆုိခဲ့ၾကတယ္လုိ႔  Ding Aihua ရဲ႕ အမ်ိဳးသားျဖစ္သူက ေျပာပါတယ္။ 

ဒါ့ေၾကာင့္ မ်က္လံုးထဲမွာ ဒီလုိျဖစ္တည္ေနတဲ့ ေက်ာက္ေတြကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔သာ ဖယ္ထုတ္ခဲ့ရၿပီး ဖယ္ထုတ္ၿပီး ခဏတာေနလို႔ေကာင္းေနခ်ိန္မွာ ေနာက္တစ္တံုးထြက္ေပၚလာေလ့ရွိတယ္လို႔ Ding Aihua က ေျပာျပခဲ့ပါတယ္။ ဒီေက်ာက္ကို ဖယ္ထုတ္ဖို႔အတြက္ Ding Aihua ရဲ႕ အမ်ိဳးစားဟာ ညွပ္တစ္ခုကို အသံုးျပဳၿပီး ႀကိဳးစားရွင္းလင္းခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ Ding Aihua ရဲ႕ မ်က္လံုးအိမ္ထဲကေန ဖယ္ထုတ္ႏိုင္ခဲ့တဲ့ ေက်ာက္တံုးဟာဆိုရင္ေတာ့ ၁၀ တံုးေက်ာ္ခဲ့ၿပီ ျဖစ္တယ္လုိ႔ သိရပါတယ္။ သူတို႔ဟာဆိုရင္ေတာ့ ေတာင္ယာလုပ္ကိုင္ၾကတဲ့ လယ္သမားေတြျဖစ္ၿပီး ဒီေဝဒနာကို ဆရာဝန္အမ်ားစုက ကုသေပးဖို႔ ျငင္းဆိုခဲ့ၾကတယ္လို႔ သိရပါတယ္။ 

ဒါေပမယ့္လည္း သတင္းေထာက္တစ္ေယာက္ရဲ႕ တင္ျပမႈေၾကာင့္ ဒီအမ်ိဳးသမီးခံစားေနရတဲ့ တရုတ္အစိုးရက ကုသေပးဖို႔ စီစဥ္လ်က္ရွိေနၿပီး ႏုိင္ငံတစ္ဝွမ္းက အလွဴရွင္ေတြကိုလည္း အကူအညီေတာင္းခံထားတယ္လို႔ သိရပါတယ္။ 


Credit : ( Paing A K )


<<<Unicode Version>>>


တရုတ်နိုင်ငံက အမျိုးသမီးတစ်ယောက်ဟာဆိုရင်တော့ ထူးခြားချက်အနေနဲ့ သူမရဲ့ မျက်လုံးထဲကနေ မျက်ရည်အစား မျက်လုံးထဲကနေ ကျောက်ခဲလေးတွေ ထွက်လာတယ်လို့ သိရပါတယ်။ သူမ ဒီလိုဘာ့ကြောင့် ဖြစ်နေတယ်ဆိုတာကိုတော့ ဆရာဝန်တွေက သိရှိခြင်းမရှိဘဲနဲ့ သူမရဲ့ ဝေဒနာကို ကုသဖို့ အချိန်ပေးစောင့်ကြည့်နေရတယ်လို့ သိရပါတယ်။ 

Ding Aihua လို့အမည်ရတဲ့ ဒီအမျိုးသမီးဟာဆိုရင်တော့ ပြီးခဲ့တဲ့ ၇ နှစ်တုန်းက မျက်လုံးထဲမှာ အောင့်နေတာကြောင့် သူ့ရဲ့ အမျိုးသားကို ကြည့်ရှုခိုင်းစဉ်မှာ မျက်ခွံွရဲ့ အောက်ဘက်မှာ အခုလိုမျိုး ကျောက်တွေဖြစ်တည်နေတာကို သိခဲ့ရတာဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ဒီလို ရောဂါကို ကုသဖို့ ငြင်းဆန်ခဲ့ကြပြီး သူတို့ကို ရူးနေတယ်လို့ ပြောဆိုခဲ့ကြတယ်လို့ Ding Aihua ရဲ့ အမျိုးသားဖြစ်သူက ပြောပါတယ်။ 

ဒါ့ကြောင့် မျက်လုံးထဲမှာ ဒီလိုဖြစ်တည်နေတဲ့ ကျောက်တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ ဖယ်ထုတ်ခဲ့ရပြီး ဖယ်ထုတ်ပြီး ခဏတာနေလို့ကောင်းနေချိန်မှာ နောက်တစ်တုံးထွက်ပေါ်လာလေ့ရှိတယ်လို့ Ding Aihua က ပြောပြခဲ့ပါတယ်။ ဒီကျောက်ကို ဖယ်ထုတ်ဖို့အတွက် Ding Aihua ရဲ့ အမျိုးစားဟာ ညှပ်တစ်ခုကို အသုံးပြုပြီး ကြိုးစားရှင်းလင်းခဲ့ပါတယ်။

အခုအချိန်မှာတော့ Ding Aihua ရဲ့ မျက်လုံးအိမ်ထဲကနေ ဖယ်ထုတ်နိုင်ခဲ့တဲ့ ကျောက်တုံးဟာဆိုရင်တော့ ၁၀ တုံးကျော်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာဆိုရင်တော့ တောင်ယာလုပ်ကိုင်ကြတဲ့ လယ်သမားတွေဖြစ်ပြီး ဒီဝေဒနာကို ဆရာဝန်အများစုက ကုသပေးဖို့ ငြင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒါပေမယ့်လည်း သတင်းထောက်တစ်ယောက်ရဲ့ တင်ပြမှုကြောင့် ဒီအမျိုးသမီးခံစားနေရတဲ့ တရုတ်အစိုးရက ကုသပေးဖို့ စီစဉ်လျက်ရှိနေပြီး နိုင်ငံတစ်ဝှမ်းက အလှူရှင်တွေကိုလည်း အကူအညီတောင်းခံထားတယ်လို့ သိရပါတယ်။ 


Credit : ( Paing A K )



Download Now