{ads}

အပါယ္ငရဲသည္ ေၾကာက္စရာမဟုတ္ မိမိျပဳေသာ အကုသိုလ္ကံသာ ေၾကာက္စရာ

Share



<<<Zawgyi Version>>>


*အပါယ္ငရဲသည္ ေၾကာက္စရာမဟုတ္
မိမိျပဳေသာ အကုသိုလ္ကံသာ ေၾကာက္စရာ*

မိမိကိုယ္ကို
မေကာင္းေအာင္လုပ္တာ ဘယ္သူလဲ။
မိမိအလုပ္ကိစၥ မိမိကံကပဲ။
ေဘးအႏၲရာယ္ေတြျဖစ္ေအာင္ 
ဘယ္သူလုပ္သလဲ။
မိမိကံက လုပ္တာပဲ။

ဥပမာ- ဧရာဝတီျမစ္ႀကီးရွိတယ္။
ဒီျမစ္ႀကီးက ကုန္းေပၚေနတ့ဲသူကို ေရနစ္ေအာင္
မလုပ္ႏိုင္ပါဘူး။
ျမစ္ထဲဆင္းသူကိုသာ ေရနစ္ေစႏိုင္တယ္။
ဒီအတိုင္းပါပဲ။
ေဘးအႏၲရာယ္ေတြ ရွိေပမယ့္လည္း
အလုပ္ေကာင္းလုပ္သူ ကံေကာင္းရွိသူ
ေဘးရန္အႏၲရာယ္ မျဖစ္ႏိုင္ပါဘူး။
ကံေကာင္းမရွိသူသာ ေဘးရန္ျဖစ္ႏိုင္တယ္။

ဒါေၾကာင့္
မေကာင္းက်ိဳးကို ျဖစ္ေစတတ္တ့ဲ
မိမိရဲ႕ ကံညံ့ ကံယုတ္မ်ားကိုသာ
ေၾကာက္စရာလိုတယ္။
ေဘးရန္အႏၲရာယ္ေတြကို ေၾကာက္စရာမလိုဘူး။

ေဘးရန္ေတြက 
မိမိမွာ လာျဖစ္တာ မဟုတ္ပါဘူး။
ကိုယ့္ရဲ႕မေကာင္းတ့ဲစိတ္ေၾကာင့္
မေကာင္းတ့ဲအက်ိဳးေတြ ျဖစ္ၾကရတာ။
အမွန္ကေတာ့ ကိုယ့္ရဲ႕စိတ္ပါပဲ။

အတိတ္နိမိတ္ဆိုတာကေတာ့
တစ္ခါတရံ ရွိတတ္ပါရဲ႕။
ငရဲႀကီးရွစ္ထပ္ ရွိေနေပမယ့္ ငရဲႀကီးရွစ္ထပ္က
ဘယ္သူ႔ကိုမွ လာမေခၚပါဘူး။
ကိုယ့္ရဲ႕မေကာင္းတ့ဲစိတ္ကသာ
ငရဲႀကီးရွစ္ထပ္ရွိရာကို ေခၚသြားႏိုင္တယ္။

*စံကင္းဆရာေတ

<<<Unicode Version>>>

*အပါယ်ငရဲသည် ကြောက်စရာမဟုတ်
မိမိပြုသော အကုသိုလ်ကံသာ ကြောက်စရာ*

မိမိကိုယ်ကို
မကောင်းအောင်လုပ်တာ ဘယ်သူလဲ။
မိမိအလုပ်ကိစ္စ မိမိကံကပဲ။
ဘေးအန္တရာယ်တွေဖြစ်အောင် 
ဘယ်သူလုပ်သလဲ။
မိမိကံက လုပ်တာပဲ။

ဥပမာ- ဧရာဝတီမြစ်ကြီးရှိတယ်။
ဒီမြစ်ကြီးက ကုန်းပေါ်နေတ့ဲသူကို ရေနစ်အောင်
မလုပ်နိုင်ပါဘူး။
မြစ်ထဲဆင်းသူကိုသာ ရေနစ်စေနိုင်တယ်။
ဒီအတိုင်းပါပဲ။
ဘေးအန္တရာယ်တွေ ရှိပေမယ့်လည်း
အလုပ်ကောင်းလုပ်သူ ကံကောင်းရှိသူ
ဘေးရန်အန္တရာယ် မဖြစ်နိုင်ပါဘူး။
ကံကောင်းမရှိသူသာ ဘေးရန်ဖြစ်နိုင်တယ်။

ဒါကြောင့်
မကောင်းကျိုးကို ဖြစ်စေတတ်တ့ဲ
မိမိရဲ့ ကံညံ့ ကံယုတ်များကိုသာ
ကြောက်စရာလိုတယ်။
ဘေးရန်အန္တရာယ်တွေကို ကြောက်စရာမလိုဘူး။

ဘေးရန်တွေက 
မိမိမှာ လာဖြစ်တာ မဟုတ်ပါဘူး။
ကိုယ့်ရဲ့မကောင်းတ့ဲစိတ်ကြောင့်
မကောင်းတ့ဲအကျိုးတွေ ဖြစ်ကြရတာ။
အမှန်ကတော့ ကိုယ့်ရဲ့စိတ်ပါပဲ။

အတိတ်နိမိတ်ဆိုတာကတော့
တစ်ခါတရံ ရှိတတ်ပါရဲ့။
ငရဲကြီးရှစ်ထပ် ရှိနေပေမယ့် ငရဲကြီးရှစ်ထပ်က
ဘယ်သူ့ကိုမှ လာမခေါ်ပါဘူး။
ကိုယ့်ရဲ့မကောင်းတ့ဲစိတ်ကသာ
ငရဲကြီးရှစ်ထပ်ရှိရာကို ခေါ်သွားနိုင်တယ်။

*စံကင်းဆရာတော်ကြီး*


Download Now