{ads}

ေက်ာင္းေျပးတဲ့သမီးကို အေဖျဖစ္သူက မိန္းကေလးအ၀တ္စားေတြ၀တ္ၿပီး အိမ္ကေနေက်ာင္းအထိ လိုက္ပို႔။

Share


ေက်ာင္းေျပးတဲ့သမီးကို အေဖျဖစ္သူက 
မိန္းကေလးအ၀တ္စားေတြ၀တ္ျပီး 
အိမ္ကေနေက်ာင္းအထိ လိုက္ပို႕တယ္။ 
သမီးက ရွက္လို႕ငိုတယ္။ 
ဒီလိုလုပ္တဲ့အတြက္ သူ႕သမီးေနာက္ေန႕ 
ေက်ာင္းေျပးေတာ့မွာမဟုတ္ဘူးလို႕ 
အေဖျဖစ္သူကဆိုတယ္။ 
သမီးအတြက္ အရွက္စြန္႕ခဲ့တဲ႔လုပ္ရပ္ပါ။

===================

ပထမၾကီးတန္းတုန္းက 
အပတ္စဥ္စာေမးပြဲေတြမွာ 
ကိုယ္က ပထမ ရေနက်။ 
ဒါေပမဲ့ စာခ်ဘုန္းၾကီးတစ္ပါးက 
“ဒီႏွစ္အၾကီးတန္းကေတာ့ တစ္ပါးမွေအာင္မယ့္ပုံမျမင္ဘူး”လို႕ ကိုယ္ၾကားေအာင္ တမင္ေျပာတယ္။ 

“လူကိုႏွိပ္တာပဲ၊ ေအာင္ေအာင္လုပ္ျပမယ္” ဆိုတဲ့အေတးနဲ႕ ပိုၾကိဳးစားျဖစ္ခဲ့တယ္။ 
(ႏွစ္ခ်င္းေပါက္ေအာင္ခဲ့တယ္။) 
အဲဒီစာခ်ဘုန္းၾကီးရဲ႕ေစတနာကို 
အခုခ်ိန္မွာ ေကာင္းေကာင္းနားလည္ႏိုင္ေလျပီ။

========================

ဘုရားရွင္လက္ထက္က အမ်ိဳးသမီးတစ္ဦးဟာ ကိုယ္၀န္ရွိမွန္းမသိဘဲ ရဟန္းမ(ဘိကၡဳနီ)၀တ္လာတယ္။ 
ဒါေၾကာင့္ ေမြးလာတဲ့ကေလးကို ဘုရင္ကေမြးစားထားလိုက္တယ္။ ဘိကၡဳနီမဟာ သားနဲ႕ခြဲေနရလို႕ ငိုလိုက္ရယ္လိုက္နဲ႕ တရားမက်င့္ႏိုင္ျဖစ္ေနခဲ့တယ္။ 
သားက အရြယ္ေရာက္ေတာ့ ဘ၀အေၾကာင္းမွန္ကိုသိျပီး ရဟန္း၀တ္တဲ့အခါ ရဟႏၱာျဖစ္သြားတယ္။ 

တစ္ေန႕ မိခင္ဘိကၡဳနီမနဲ႕ လမ္းမွာဆုံေတာ့ 
“ခ်ိဳခ်ိဳသာသာေျပာေနရင္ ငါ့အေပၚခ်စ္ခင္တြယ္တာတဲ့စိတ္ေတြပိုတိုးျပီး ဒုကၡမ်ားလိမ့္မယ္” လို႕စဥ္းစားျပီး ဘိကၡဳနီမကို ခပ္ၾကမ္းၾကမ္းေငါက္ငန္းပါတယ္။ 

မိခင္လည္း ငိုယိုျပီးေတာ့ 
“ေျပာရက္လိုက္တာ၊ ငါ့မွာေတာ့ သူ႕ကိုသတိရတဲ့စိတ္နဲ႕ ၁၂ ႏွစ္ေတာင္ တရားအားမထုတ္ႏိုင္ခဲ့ဘူး၊ ႏွလုံးသာကၾကမ္းတမ္းလိုက္တာ၊ ေတာ္ျပီ ငါ့အတြက္ပဲလုပ္ေတာ့မယ္” ဆိုျပီး တရားျပန္အားထုတ္တဲ့အခါ အဲဒီေန႕မွာပဲ ရဟႏၱာ ျဖစ္သြားခဲ့ပါတယ္။ (ကုမာရကႆပမာတုေထရီ၀တၳဳ)

========================

နာၾကည္းေအာင္၊ အရွက္ရေအာင္၊ ငိုရေအာင္၊ မခံခ်င္ေအာင္လုပ္တယ္ဆိုတိုင္း ကိုယ့္ကိုမုန္းလို႕ခ်ည္း မဟုတ္ဘူး။ 
ကို္ယ့္အက်ိဳးအတြက္ အမုန္းခံခ်စ္ေပးၾကတဲ့သူေတြရွိတယ္။ 

တခ်ိဳ႕သူေတြ အဆင္ေျပေအာင္ျမင္တဲ့ 
လမ္းေၾကာင္းေပၚမွာ ရွိေနႏိုင္ၾကတာဟာ 
အမုန္းခံႏွလုံးသားပိုင္ရွင္ေတြက 
(မသိမသာ သို႕မဟုတ္ သိသိသာသာ) 
တြန္းကန္ပုိ႕ေပးခဲ့မႈေတြေၾကာင့္ပါ။ 

ဒီလိုလူေတြဟာ 
ကုိယ့္သူငယ္ခ်င္း၊ ခ်စ္သူ၊ ေဆြမ်ိဳး၊ မိဘ၊ ဆရာဆရာမ၊ ေခါင္းေဆာင္လူၾကီးေတြထဲပါ ရွိေနတတ္ပါတယ္။ 

သူတို႕ေနရာမ်ိဳးေရာက္လာတဲ့အခါ 
သူတို႕ရဲ႕ ေစတနာေမတၱာကို 
ပိုနားလည္ခံစားမိမွာပါ။ 

လမ္းမွားေပၚေရာက္ေနတဲ့အခါ 
မုန္းမွာစိုးလို႕အလိုက္သင့္ေပါင္းေနတဲ့သူေတြထက္ အမုန္းခံျပီး ဆြဲေခၚေျပာဆိုျပဳျပင္ေပးတဲ့သူေတြကသာ ကိုယ့္အက်ိဳးကိုတကယ္လိုလားတဲ့သူေတြပါ။  

ေဆးခါးေသာက္လို႕ ေရာဂါေပ်ာက္တဲ့အခါ 
ေဆးခါးတိုက္သူဟာ ကိုယ့္ရဲ႕ရန္သူမဟုတ္မွန္း နားလည္ႏိုင္မွာပါ ….။ ။

Credit : ေမာင္စံေလး (သထုံ)

<<<Unicode Version>>>

ကျောင်းပြေးတဲ့သမီးကို အဖေဖြစ်သူက 
မိန်းကလေးအ၀တ်စားတွေ၀တ်ပြီး 
အိမ်ကနေကျောင်းအထိ လိုက်ပို့တယ်။ 
သမီးက ရှက်လို့ငိုတယ်။ 
ဒီလိုလုပ်တဲ့အတွက် သူ့သမီးနောက်နေ့ 
ကျောင်းပြေးတော့မှာမဟုတ်ဘူးလို့ 
အဖေဖြစ်သူကဆိုတယ်။ 
သမီးအတွက် အရှက်စွန့်ခဲ့တဲ့လုပ်ရပ်ပါ။

===================

ပထမကြီးတန်းတုန်းက 
အပတ်စဉ်စာမေးပွဲတွေမှာ 
ကိုယ်က ပထမ ရနေကျ။ 
ဒါပေမဲ့ စာချဘုန်းကြီးတစ်ပါးက 
“ဒီနှစ်အကြီးတန်းကတော့ တစ်ပါးမှအောင်မယ့်ပုံမမြင်ဘူး”လို့ ကိုယ်ကြားအောင် တမင်ပြောတယ်။ 

“လူကိုနှိပ်တာပဲ၊ အောင်အောင်လုပ်ပြမယ်” ဆိုတဲ့အတေးနဲ့ ပိုကြိုးစားဖြစ်ခဲ့တယ်။ 
(နှစ်ချင်းပေါက်အောင်ခဲ့တယ်။) 
အဲဒီစာချဘုန်းကြီးရဲ့စေတနာကို 
အခုချိန်မှာ ကောင်းကောင်းနားလည်နိုင်လေပြီ။

========================

ဘုရားရှင်လက်ထက်က အမျိုးသမီးတစ်ဦးဟာ ကိုယ်၀န်ရှိမှန်းမသိဘဲ ရဟန်းမ(ဘိက္ခုနီ)၀တ်လာတယ်။ 
ဒါကြောင့် မွေးလာတဲ့ကလေးကို ဘုရင်ကမွေးစားထားလိုက်တယ်။ ဘိက္ခုနီမဟာ သားနဲ့ခွဲနေရလို့ ငိုလိုက်ရယ်လိုက်နဲ့ တရားမကျင့်နိုင်ဖြစ်နေခဲ့တယ်။ 
သားက အရွယ်ရောက်တော့ ဘ၀အကြောင်းမှန်ကိုသိပြီး ရဟန်း၀တ်တဲ့အခါ ရဟန္တာဖြစ်သွားတယ်။ 

တစ်နေ့ မိခင်ဘိက္ခုနီမနဲ့ လမ်းမှာဆုံတော့ 
“ချိုချိုသာသာပြောနေရင် ငါ့အပေါ်ချစ်ခင်တွယ်တာတဲ့စိတ်တွေပိုတိုးပြီး ဒုက္ခများလိမ့်မယ်” လို့စဉ်းစားပြီး ဘိက္ခုနီမကို ခပ်ကြမ်းကြမ်းငေါက်ငန်းပါတယ်။ 

မိခင်လည်း ငိုယိုပြီးတော့ 
“ပြောရက်လိုက်တာ၊ ငါ့မှာတော့ သူ့ကိုသတိရတဲ့စိတ်နဲ့ ၁၂ နှစ်တောင် တရားအားမထုတ်နိုင်ခဲ့ဘူး၊ နှလုံးသာကကြမ်းတမ်းလိုက်တာ၊ တော်ပြီ ငါ့အတွက်ပဲလုပ်တော့မယ်” ဆိုပြီး တရားပြန်အားထုတ်တဲ့အခါ အဲဒီနေ့မှာပဲ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ (ကုမာရကဿပမာတုထေရီ၀တၳု)

========================

နာကြည်းအောင်၊ အရှက်ရအောင်၊ ငိုရအောင်၊ မခံချင်အောင်လုပ်တယ်ဆိုတိုင်း ကိုယ့်ကိုမုန်းလို့ချည်း မဟုတ်ဘူး။ 
ကို်ယ့်အကျိုးအတွက် အမုန်းခံချစ်ပေးကြတဲ့သူတွေရှိတယ်။ 

တချို့သူတွေ အဆင်ပြေအောင်မြင်တဲ့ 
လမ်းကြောင်းပေါ်မှာ ရှိနေနိုင်ကြတာဟာ 
အမုန်းခံနှလုံးသားပိုင်ရှင်တွေက 
(မသိမသာ သို့မဟုတ် သိသိသာသာ) 
တွန်းကန်ပို့ပေးခဲ့မှုတွေကြောင့်ပါ။ 

ဒီလိုလူတွေဟာ 
ကိုယ့်သူငယ်ချင်း၊ ချစ်သူ၊ ဆွေမျိုး၊ မိဘ၊ ဆရာဆရာမ၊ ခေါင်းဆောင်လူကြီးတွေထဲပါ ရှိနေတတ်ပါတယ်။ 

သူတို့နေရာမျိုးရောက်လာတဲ့အခါ 
သူတို့ရဲ့ စေတနာမေတ္တာကို 
ပိုနားလည်ခံစားမိမှာပါ။ 

လမ်းမှားပေါ်ရောက်နေတဲ့အခါ 
မုန်းမှာစိုးလို့အလိုက်သင့်ပေါင်းနေတဲ့သူတွေထက် အမုန်းခံပြီး ဆွဲခေါ်ပြောဆိုပြုပြင်ပေးတဲ့သူတွေကသာ ကိုယ့်အကျိုးကိုတကယ်လိုလားတဲ့သူတွေပါ။  

ဆေးခါးသောက်လို့ ရောဂါပျောက်တဲ့အခါ 
ဆေးခါးတိုက်သူဟာ ကိုယ့်ရဲ့ရန်သူမဟုတ်မှန်း နားလည်နိုင်မှာပါ ….။ ။

Credit : မောင်စံလေး (သထုံ)
Download Now