{ads}
Android လက်တွေ့သုံးနည်းပညာ စာအုပ်
Share
မင်္ဂလာပါ အောင်ဟိန်း (နည်းပညာ)မှ ကြိုဆိုပါတယ်....
ဒီစာအုပ်က Android ဖုန်းသုံးသူတွေအတွက် Setting ပိုင်းကို အသေးစိတ်ရှင်းထားပီး
အရေးပါတဲ့ မသိမဖြစ်သိရမယ့် Setting ပိုင်းတွေကိုလည်း  အကြောင်းရာ တစ်ခုချင်း
ပုံနှင့်တကွ ရှင်းပြထားတာမို့  ဖုန်းစတင်သုံးစွဲသူတွေ  ဖုန်းကိုင်ခါစလူတွေ  ဖတ်သင့်
လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ပါ ။  ဖုန်းအမျိုးစား  မတူသော်လည်း  Android OS
သုံးထားတဲ့   ဖုန်းတွေ   Tablet ,Note  တွေမှာ Setting ပိုင်း သိပ်ပြီး ကွဲပြားမှုမရှိပါဘူး
ပြုပြင်ပုံနဲ့  အသုံးချပုံတူကြပါတယ်  ။ Samsung ပဲသုံးသုံး ၊ HTC ပဲသုံးသုံး ၊ Huawei
Sony-LG-Motorola-စသဖြင့် Android Os တင်ထားတဲ့  ဖုန်းတိုင်းအတွက် အရေးပါ အရာေ၇ာက်တဲ့ 
သိသင့်သိထိုက်သည်များကို  အသေးစိတ်အခြေခံကျကျ  ရေးပြပီး
ပုံတွေနဲ့ ရှင်းထားတာကိုတွေ့ ရပါတယ် ။ Android ဖုန်းသမားတွေ  ကြုံရတဲ့ပြဿနာ
Root လုပ်နည်းတွေ ကောင်းကျိုးဆိုးကျိုး တွေကိုလည်း  ရှင်းပြထားပါတယ် နောက်
Root လုပ်တာဟာ  ဖုန်းရဲ့ Warranty ကို ပျက်စေတာကိုလည်း  သတိပြုသင့်ပါတယ်
တချို့ ဆိုင်တွေကတော့  ပြန်လက်ခံတာလည်းရှိပါတယ်။ ဒါပေမယ့် Android သုံးသူ
ကိုင်ဆောင်သူတွေ  ဘာလို့  Root လုပ်ချင်တာလည်းဆိုတာ  သေချာ သိဖို့ လိုမယ်
သုံးလို့ ရမှာဖုန်း ကိုယ့်ဖုန်းကို Root လုပ်သင့် မလုပ်သင့်  စဉ်စားနေဆဲပဲရှိသေးတာ
Root လုပ်မယ်ဆိုရင်တော့ ကိုယ်က Admin နေရာရပြီး App တွေကို  လိုအပ်သလို
သွင်းထုတ် လုပ်ခွင့်ရလာမယ် Programming ကို  နားလည်သူ တစ်ယောက်ဆိုလျှင်
Mobile Os တစ်ခုလုံး  ထိန်းချုပ်ခွင့်ရလာမယ် ။ ROM ကို  Modify  လုပ်နိုင်မယ်ဆို
ကိုယ်ပိုင် Setting တွေနဲ့   ကိုယ်ပိုင်ပုံပါတဲ့   Themes လှလှတွေ ပြင်နိုင်မယ်။နောက်
JAVA လေ့လာ  ထားသူတွေအတွက်   OS Management   ကို  ကောင်းကောင်းကြီး
လေ့လာသင်ယူ စမ်းသပ်ခွင့် ရပါလိမ့်မယ် ။ဒါပေမယ့် ဒီအပိုင်းဟာ သာမာန်သုံးသူ
လေ့လာသူအတွက် အန္တရယ်များလှသလို တစ်ခုခု မှားသွားရင် ဘာမှသုံးစားမရပဲ
Firmware ပြန်တင်ရတဲ့အထိ ဖြစ်သွားတတ်တာမို သတိထားသင့်ပါတယ် သို့ သော်
Root လုပ်ချင်တဲ့သူတွေအနေနဲ့ လည်း  ဒီစာအုပ်မှာ  Root လုပ်နည်း  အမျိုးမျိုးကို
ရှင်းပြထားတာမို့  မည်သည့်ဖုန်းအမျိုးစားမဆို Android Mobile Os ဆို အဆင်ပြေ
လွယ်ကူစေမှာဖြစ်ပါတယ်
( မောင် (စွယ်စုံကျမ်း)မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်)
အခုလိုဝင်ရောက်ဖက်ရှုပေးတာကျေးဇူးတင်ပါတယ်....
အခုလိုဝင်ရောက်ဖက်ရှုပေးတာကျေးဇူးတင်ပါတယ်....
စာဖက်သူများနားမလည်တာရှိရင် ကွန်မန်းမှာစာချန်းပေးခဲ့ပါ
 တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။
  အောင်ဟိန်း (အခြေခံနည်းပညာ)
Download Now