{ads}

အိမ်မှာအသုံးမပြုပဲပစ်ထားတဲ့ဖုန်းတွေကို အကျိုးရှိရှိCCTVအဖြစ်အသုံးပြုနည်း

Share


အောင်ဟိန်း-နည်းပညာမှ ကြိုဆိုပါတယ်.......
အခုပြောပြပေးမှာကတော့ အိမ်မှာအသုံးမပြုတော့ ပြစ်ထားတဲ့ဖုန်းတွေကို အကျိုးရှိရှိအသုံးချလို့ရမဲ့ နည်းလမ်းလေး ကိုပြောပြပေးပါမယ်။
၁။ ပထမဆုံး လုံခြုံရေးကင်မရာအက်ပလီကေးရှင်းတစ်ခု ရယူပါ။ (Android အတွက်)
ဖုန်းကို လုံခြုံရေးကင်မရာအဖြစ် ပြောင်းပေးနိုင်တဲ့ အက်ပလီကေးရှင်းတော်တော်များများရှိပေမယ့်၊ အများစုက ပိုက်ဆံနဲ့ဝယ်ယူရတဲ့ app တွေဖြစ်သလို၊ အသုံးပြုရလည်း ခက်ခဲပါတယ်။ ယခုဖော်ပြပေးမယ့် app နှစ်ခုကတော့ အခမဲ့ဖြစ်ပြီး၊ လှုပ်ရှားမှုအာရုံခံနိုင်စွမ်းပါတာကြောင့် ကင်မရာမြင်ကွင်းမှာ တစ်ခုခုလှုပ်ရှားတာနဲ့ အချက်ပေးသံထမြည်မှာဖြစ်ပါတယ်။
Security camera app တွေထဲမှာ လူကြိုက်အများဆုံးနဲ့ အကောင်းဆုံး အခမဲ့ app နှစ်ခုကတော့ IP Webcam နဲ့ Alfred တို့ ဖြစ်ပါတယ်။ ပထမဦးဆုံး Alfred နဲ့ ပြုလုပ်နည်းကို ဖော်ပြပေးပါမယ်။ Alfred သုံးရတာက အရမ်းလွယ်ကူမှုရှိပြီး၊ ဖုန်းအဟောင်းနဲ့ အသစ်မှာ gmail တစ်ခုတည်းဝင်ပေးဖို့နဲ့ Wi-Fi ကွန်ရက်တစ်ခုတည်း ချိတ်ထားဖို့ပဲ လိုပါတယ်။

ပြုလုပ်နည်း
ပထမဦးစွာ Alfred Appကိုဒေါင်းပါ

>>> ဒီမှာဒေါင်းပါ <<<

ဒေါင်းပြီး Alfred  app ကို ဖုန်းအဟောင်းကော အသစ်မှာပါ သွင်းပေးပါ။
ဖုန်းအဟောင်းမှာ သွင်းပြီးရင် ‘Camera’ လို့ ရွေး၊ ဖုန်းအသစ်မှာတော့ ‘Viewer’ လို့ ရွေးပေးပါ။
ပြီးရင် မိမိ Gmail နဲ့ ဖုန်းနှစ်ခုလုံးမှာ Sign-in ဝင်ပေးပါ။ Gmail အတူတူပဲဖြစ်ရပါမယ်။
ဒါဆိုရင်တော့ သင့်ဖုန်းအဟောင်းကင်မရာကရိုက်နေသမျှကို ဖုန်းအသစ်ကနေ တိုက်ရိုက်ကြည့်နိုင်ပြီဖြစ်ပါတယ်။ ကွန်ပြူတာကကြည့်ချင်ရင်လည်း app က ဖော်ပြထားတဲ့ URL အတိုင်း ကွန်ပြူတာဘရောက်ဆာမှာ ရိုက်ထည့်ပြီးကြည့်နိုင်ပါတယ်။
အိမ်နဲ့အဝေးရောက်နေတဲ့အချိန်မျိုးမှာလည်း အင်တာနက်ကနေ တိုက်ရိုက်စောင့်ကြည့်တာမျိုး လုပ်နိုင်ပါတယ်။ ဒီအတွက် ဖုန်းအဟောင်းမှာပါ အင်တာနက်လိုင်းချိတ်ပေးထားရမှာပါ။ Motion Sensor ပါဝင်တာကြောင့် ကင်မရာမြင်ကွင်းမှာ လှုပ်ရှားမှုတစ်ခုခုဖမ်းမိတာနဲ့ မေးလ်ထဲကို ပုံပို့ပြီး အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ.......

စာဖက်သူများနားမလည်တာရှိရင် ကွန်မန်းမှာစာချန်းပေးခဲ့ပါ  

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။  

အောင်ဟိန်း (အခြေခံနည်းပညာ)


Download Now