မင်္ဂလာပါ အောင်ဟိန်း - နည်းပညာမှ ကြိုဆိုပါတယ်.. ..
ဒီနေ့တော့ သိထားသင့်တဲ့ အရာလဲဖြစ်သလို ကွန်ပျူတာ ကိုင်ဆောင်နေတဲ့ သတိမထားမိတဲ့ အရာလေးလဲဖြစ်နိုင်တဲ့ Laptop အဖုံးလေးပိတ်လိုက်တာနဲ့ အော်တို ကွန်ပျူတာကို Shutdown ဖြစ်အောင်
ပြုလုပ်နည်းလေးတင်ပေးလိုက်ပါတယ်၊ စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေ လိုက်လုပ်နိုင်ပါတယ်နော်၊ လုပ်ဆောင်ရတာလွယ်ကူတယ်ဆိုပေမယ့်မသိရင်တော့ခတ်တာပေါ့နော်၊
ကဲကျွန်တော်နဲ့အတူလိုက်လုပ်
ရအောင်..
(၁) ကီးဘုပ်မှ Window Key+R ကိုတွဲနှိပ်ပြီး၊ RunBox ခေါ်ပေးလိုက်ပါ။ အောက်ကပုံလေးတိုင်ပေါ်လာရင်
တော့ Powercfg.cpl ရိုက်ထည့်ပြီး၊ ok နှိပ်ပေး လိုက်ပါ။အောက်ကပုံလေးတိုင်းပါ..
(၂) နောက်တစ်နည်းဝင်နည်းကတော့ အောက်ကပုံလေးတိုင်းဖြစ်ပါတယ်၊ Power Option ထဲကို ဘယ်လိုဝင်ဝင် ကိုယ်လိုရာရောက်ဖို့ပါပဲ .....
(၃) အပေါ်မှာပြောခဲ့တဲ့နည်းတွေနဲ့ ဝင်လို့ရောက်သွားရင်အောက်ကပုံလေးတိုင်မြင်ရမှာပါ၊ မြင်ရရင်တော့
Choose when Closing The lid does နိုပ် ပါ....
(၄) Choose when Closing The lid does ကိုနိုပ်ဝင်လိုက်ရင်တော့ အောက်ကဘောက်လေးကျလာမှာပါ
ကျလာရင်တော့ whine I close the lid မှ sleep နေရာမှာ Shut down လို့ ပြောင်းပေးလိုက်ပါ...
(၅) အောက်ကပုံလေးတိုင်းဖြစ်သွားရင်တော့ (၂) မျှားပြထားတဲ့ save changes နိုပ်ပေးလိုက်ရင်တော့
ရသွားပြီ.....
မူရင်း ဒီကသွားပါ
အဆင်ပြေကြပါစေဗျာ.......
စာဖက်သူများနားမလည်တာရှိရင် ကွန်မန်းမှာစာချန်းပေးခဲ့ပါ တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။ အောင်ဟိန်း (အခြေခံနည်းပညာ)