{ads}

အင်​တာနက်​မလိုOfflineဖြင့်​androidဖုန်း​တွေမှာ အသုံးပြုနိုင်​မဲ့အ​ကောင်းဆုံးApkများ

Share


အခမဲ့ ၀ိုင်ဖိုင် မရလို့ပဲ ဖြစ်ဖြစ် ၊ မိုဘိုင်း ဒေတာ သက်သာ စေဖို့ပဲ ဖြစ်ဖြစ်၊ အင်တာနက်လိုင်း မမိတဲ့ နေရာ ရောက်နေ လို့ပဲ ဖြစ်ဖြစ် Offline အသုံးပြု နိုင်တဲ့ Android Apps များစွာ ရှိပါတယ်။

အဲဒီအတွက် အကောင်းဆုံး Offline Android Apps များကို ဖော်ပြပေး လိုက်ပါတယ်။

Best Offline News App : FeedMe
FeedMe က RSS Reader ဖြစ်ပြီး Feedly , InoReader, Bazqux, The Older Reader , Feedbin စတဲ့ RSS Reader များမှ သတင်းများကို ပြသ ပေးနိုင် ပါတယ်။ အဲဒီ RSS Reader များထက် ကောင်းမွန်တဲ့ သူ့ရဲ့ အားသာချက်က Offline ပြသပေးခြင်းပါ။ ၀ိုင်ဖိုင် မိနေတဲ့ အချိန်မှာ သူက သတင်း အားလုံးကို ဒေါင်းလုပ် လုပ်ထားပြီး Offline ဖြစ်နေတဲ့ အချိန်မှာ သူက ပြသပေးတာ ဖြစ်ပါတယ်။

Best Offline Travel App : TripAdvisor Hotels Restaurants
TripAdvisor ရဲ့ Hotels Restaurants App မှာ နိုင်ငံပေါင်း ၃၀၀ ကျော်ရဲ့ မြေပုံများ၊ ဓါတ်ပုံ များနဲ့ အဲဒီနိုင်ငံ များကို ခရီးသွား ခဲ့သူများရဲ့ ဝေဖန် သုံးသပ်ချက် များကို ဒေါင်းလုပ် လုပ်ထားနိုင်ပြီး Offline ကြည့်ရှုနိုင် ပါတယ်။

Best Offline Documents App: Google Drive
Google Drive ဟာ အကောင်းဆုံး Cloud Storage Service ဖြစ်ပြီး သင့်ရဲ့ ဖုန်းမှ ဖိုင်များကို အွန်လိုင်းမှာ သိမ်းထားနိုင် ပါတယ်။ ဒါ့အပြင် သူ့မှာ ဖိုင်များကို Offline ကြည့်ရှုနိုင်တဲ့ စွမ်းဆောင်ချက်လည်း ပါရှိ ပါတယ်။

Best Offline App For Saving Things For Later :Pocket
Pocket ဟာ Play Store ရဲ့ အကောင်းဆုံး Offline Reading Apps ဖြစ်ပါတယ်။ သတင်း၊ ဆောင်းပါးများ၊ ဗီဒီယိုများကို သိမ်းဆည်း ထားပြီး နောက်ပိုင်းမှ Offline ကြည့်ရှု နိုင်ပါတယ်။

Best Offline Dictionary App : Offline Dictionaries
Offline Dictionaries ဟာ ဘာသာစကား ၅၀ ကျော်ကို ထောက်ပံ့ပေးပါတယ်။ သင် အလိုရှိတဲ့ ဘာသာစကားကို ဒေါင်းလုပ်လုပ်ထားနိုင်ပြီး Offline ကြည့်ရှုနိုင်ပါတယ်။

Best Offline Translation App : Google Translate
Google Translat ဟာ ဘာသာစကားပေါင်း ၉၀ ကျော် အကြားမှာ ဘာသာပြန်ပေးနိုင်ပါတယ်။ သူ့ရဲ့ အဓိက စွမ်းဆောင်ချက်က Offline အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ သင် ဘာသာပြန်ချင်တဲ့ ဘာသာစကားကို ဒေါင်းလုပ်ထားရုံပါပဲ။

Best Offline Map App : Google Maps
Google Maps နောက်ထုတ် ဗားရှင်းမှာ Offline Areas Tab ပါလာပြီး သင်နှစ်သက်တဲ့ တည်နေရာများကို Offline ကြည့်နိုင်ပါတယ်။ တည်နေရာ လမ်းညွှန်မှု အပါအ၀င် မြို့တစ်ခုလုံးကိုတောင် ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။

From : Digital Times

Originally published at - http://digitaltimes.com.mm/



ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
၅ စက္ကန့် စောင့် စရာ မလိုပါ။ဘာ << SKIP AD >> မှ ချိတ် မထားပါ။
ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။ရွှင်လန်းချမ်းမြေ့ကြပါစေ...။



စာဖက်သူများနားမလည်တာရှိရင် ကွန်မန်းမှာစာချန်းပေးခဲ့ပါ  တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။  အောင်ဟိန်း (အခြေခံနည်းပညာ)
Download Now