{ads}

IP Address အ​ကြောင်းသိ​ကောင်းစရာ

Share

IP address

computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု

မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။

အဲဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။

ကျွန်တော်တို့ လူတွေမှာလည်းဘာသာ

စကားတွေအမျိုးမျိုးရှိသလိုIPတွေမှာလဲProtocol တွေလဲ အမျိုးမျိုး ရှိပါတယ်။

ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့

computer တိုင်းဟာတော့ TCP/IP ဆိုတဲ့protocol ကိုမဖြစ်မနေ

သုံးဖို့လိုပါတယ်။

TCP/IP protocol သုံးတဲ့ computer တိုင်းဟာလည်း IP address

တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။

IP address မှာ Version4နဲ့Version6ဆိုပြီးနှစ်မျိုးရှိပါတယ်။V4က32bits

နဲ့အလုပ်လုပ်ပြီးV6ကတော့

128bitsနဲ့အလုပ်လုပ်ပါတယ်။ယခု လက်ရှိအများစုက V4 ကို အသုံးပြုနေပါတယ်။

V4 IP address မှာ

Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။Class A, B, C ကကျွန်တော်တို့

နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။

( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့

machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို

ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်)Class D က Multicast address ဖြစ်ပါတယ် ။

( multicast ဆိုတာ က သတ်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ

အပြန်အလှန်ဆက်သွယ်နိုင်တဲ့

address မျိုးပါ ဥပမာ -Class D address ရဲ့ Group1 မှာ computer

5 လုံး၊ Group 2 မှာ computer 5 လုံး၊

ချိတ်ထားတယ်ဆိုရင် Group1 ထဲက computer အချင်းချင်း၊ Group2

ထဲက computer အချင်းချင်း၊ပဲဆက်သွယ်နိုင်ပါတယ်

Group1 က computer နဲ့ Group 2 က computer ချိတ်ဆက်ပြီးအသုံးပြုလို့မရနိုင်ပါဘူး ။)

Class E ကတော့ သုတေသန ပြုလုပ်နိုင်ဖို့ reserved အတွက်ထားရှိပါတယ်၊ အသုံးမပြုပါဘူး။

အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်

Network Address, Host Address

IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့

အပိုင်းနှစ်ပိုင်းပါပါတယ်။Network Address ဆိုတာ Hostတွေကိုပေါင်းစည်းထားတဲ့

addressအစုအဝေးတစ်ခုဖြစ်ပြီး၊

HostAddressဆိုတာတော့

Networkထဲမှာပါဝင်တဲ့အစိတ်အပိုင်းတစ်ခုပါ။

IP address ဒီလို အလုပ်လုပ်တယ်

IPV4မှာ32bitsနဲအလုပ်လုပ်တယ်ဆိုတာကျွန်တော်ဆွေးနွေးပြီးပါပြီ။အဲဒီ

32bitsကို8bitsစီ၊8bitsစီအပိုင်း

လေးပိုင်းခွဲပြီးအလုပ်လုပ်ပါတယ်။တကယ် တမ်း bits တွေနဲ့အလုပ်လုပ်တာဖြစ်ပေမယ့်

သက်မှတ်တဲ့နေရာမှာဘဲဖြစ်၊

ဖြစ်ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimalစနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။

( ဥပမာ- 192.168.1 .100)

တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ် ။

8bits ပါဝင်တဲ့

အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။

ဒါကြောင့် IP Address တစ်ခုမှာ octect လေးခုပါဝင်ပါတယ်။

IP address ကြည့်ရုံနဲ့ Class တွေလယ်လိုခွဲမလဲ

IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို

IP address ရဲ့ ပထမဆုံးအပိုင်း

( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။

Class 1st octect range

A 1 to 126

B 128 to 191

C 192 to 223

ဥပမာ-

10.10.152.1 Class A

172.16.10.1 Class B

192.168.2.1 Class C

ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။

Local Machine Address

အပေါ်က IP address range ထဲမှာ 127 ဆိုတာကို မတွေ့ ရပါဘူး။

အဲဒီ 127တစ် ပိုင်းလုံးကိုအသုံးမပြုဘဲ ချန်ထားခဲ့ပါတယ်။ အဲဒါကို loop-back address လို့

ခေါ်ပါတယ်။အဲဒီထဲကမှ 127.0.0.1 ကို local machine address အဖြစ်သုံးပါတယ်။

local machine address ဆိုတာ

computer နဲ့ သက်ဆိုင်တဲ့၎င်းတို့ကို ကိုယ်စားပြုတဲ့ address ပါ။

ဘာနဲ့ သဘောတရားချင်းတူလဲဆိုတော့ လူနာမည်တွေလိုပါဘဲ -

လူတိုင်းကိုယ်စီမှာ ကွဲပြားခြားနားတဲ့ နာမည်တွေရှိပါတယ်၊

ဒါပေမယ့် ဆက်သွယ်မှုတွေပြုလုပ်လို့

(စကားပြောခြင်း) ကိုယ့်ကိုကို ကိုယ်စားပြုတဲ့အခါ နာမည်ထက် ငါ၊ကျွန်တော်

စတဲ့ နာမ်စားတစ်ခုနဲ့

ကိုစားပြုကြပါတယ်။ အင်္ဂလိပ်လိုဆိုရင်တော့ ( I ) ပေါ့။TCP/IP protocol

သုံးပြီး Network ချိတ်တဲ့

computer တိုင်း မှာလည်း မတူညီတဲ့ IP address တစ်ခုချင်းစီရှိ ကြပေမယ့်

ကိုယ့် computer ကို

ကိုယ်စားပြုတဲ့ အခါ 127.0.0.1 ဆိုတဲ့ Local machine address နဲ့ကိုစားပြုပါတယ်။

အလွယ်ပြောရင်တော

့ computer I ပေါ့။ဒီ address လေးသုံးပြီး ကိုယ့် computer က network ပေါ်မှာ

အလုပ်လုပ်နိုင် မလုပ်နိုင်၊

NIC card အလုပ်လုပ် မလုပ် စတာတွေကို စမ်းသပ်နိုင်ပါတယ်။



စာဖက်သူများနားမလည်တာရှိရင် ကွန်မန်းမှာစာချန်းပေးခဲ့ပါ  တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးထဲက နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့အခါ ကျွန်တော်တို့ရဲ့ပညာလေးတွေဟာ အမြဲကျန်ရှိနေစေချင်သောစိတ်ဖြင့် နည်းပညာလေးတွေမျှဝေပေးရင်း အားလုံးပဲ စိတ်ဆင်းရဲခြင်းကင်းဝေးကြပါစေဗျာ။  အောင်ဟိန်း (အခြေခံနည်းပညာ)
Download Now